HTC ရဲ့ အောင်မြင်မှုနေ့စွဲများဆိုတာ အတိတ်မှာ ကျန်ရစ်ခဲ့ပြီ ဖြစ်ပါတယ်။ HTC ရဲ့ CEO သစ် မိုင်ထရီကတော့ မဝေးတော့တဲ့အနာဂတ်ကာလအတွင်းမှာ ဗျူဟာသစ်တွေနဲ့ ထိပ်သီးစမတ်ဖုန်းကုမ္ပဏီများစာရင်းမှာ ပြန်လည် ပါဝင်လာအောင် လုပ်ဆောင်မယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့် နောက်ဆုံးကြေညာလာတဲ့ HTC ရဲ့ ဝင်ငွေအခြေအနေကိုကြည့်လိုက်ရင် သိပ်အခြေအနေမကောင်း တော့ဘူးဆိုတာ မြင်တွေ့နိုင်ပါတယ်။

HTC ဟာ အောက်တိုဘာလ အတွင်းမှာ ဝင်ငွေ ဒေါ်လာ 21.5 သန်းဘဲ ရရှိခဲ့ပါတယ်။ HTC ရဲ့ အောက်တိုဘာလ ဝင်ငွေက စက်တင်ဘာလနဲ့နှိုင်းယှဉ်ရင် 48.6 ရာခိုင်နူန်းအထိ နည်းပါးသလို ယမန်နှစ် အောက်တိုဘာလ ဝင်ငွေနဲ့ နှိုင်းယှဉ်ရင် 49.8 ရာခိုင်နူန်းအထိ နည်းပါးနေပါတယ်။

HTC ဟာ စမတ်ဖုန်းဈေးကွက်မှာ နေရာရရှိမှု တဖြည်းဖြည်းကျဆင်းလာပြီးနောက် အလယ်အလတ်တန်း စမတ်ဖုန်းဈေးကွက်ကိုဘဲ အဓိကထားလုပ်ဆောင်လာခဲ့ပါတယ်။ အခြားတစ်ဖက်မှာ ၎င်းတို့အောင်မြင်မှု ရယူနေ တဲ့ VR ၊ Blockchain တို့ကိုလည်း ဆက်လက်အားစိုက်လုပ်ဆောင်နေပါတယ်။

သေချာတာကတော့ လက်ရှိအခြေအနေအရ HTC တို့ စမတ်ဖုန်းဈေးကွက်မှာ ရှင်သန်နိုင်တဲ့ ကာလသိပ်မရှိတော့ တာတော့ သေချာသလောက် ရှိနေပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

HTC ရဲ့ ေအာက္တိုဘာလ ဝင္ေငြအေျခအေန ဆိုးရြားေနဆဲ

HTC ရဲ့ ေအာင္ျမင္မွုေန႔စြဲမ်ားဆိုတာ အတိတ္မွာ က်န္ရစ္ခဲ့ၿပီ ျဖစ္ပါတယ္။ HTC ရဲ့ CEO သစ္ မိုင္ထရီကေတာ့ မေဝးေတာ့တဲ့အနာဂတ္ကာလအတြင္းမွာ ဗ်ဴဟာသစ္ေတြနဲ႔ ထိပ္သီးစမတ္ဖုန္းကုမၸဏီမ်ားစာရင္းမွာ ျပန္လည္ ပါဝင္လာေအာင္ လုပ္ေဆာင္မယ္လို႔ ဆိုထားပါတယ္။

ဒါေပမယ့္ ေနာက္ဆုံးေၾကညာလာတဲ့ HTC ရဲ့ ဝင္ေငြအေျခအေနကိုၾကည့္လိုက္ရင္ သိပ္အေျခအေနမေကာင္း ေတာ့ဘူးဆိုတာ ျမင္ေတြ႕နိုင္ပါတယ္။

HTC ဟာ ေအာက္တိုဘာလ အတြင္းမွာ ဝင္ေငြ ေဒၚလာ 21.5 သန္းဘဲ ရရွိခဲ့ပါတယ္။ HTC ရဲ့ ေအာက္တိုဘာလ ဝင္ေငြက စက္တင္ဘာလနဲ႔ႏွိုင္းယွဥ္ရင္ 48.6 ရာခိုင္ႏူန္းအထိ နည္းပါးသလို ယမန္ႏွစ္ ေအာက္တိုဘာလ ဝင္ေငြနဲ႔ ႏွိုင္းယွဥ္ရင္ 49.8 ရာခိုင္ႏူန္းအထိ နည္းပါးေနပါတယ္။

HTC ဟာ စမတ္ဖုန္းေဈးကြက္မွာ ေနရာရရွိမွု တျဖည္းျဖည္းက်ဆင္းလာၿပီးေနာက္ အလယ္အလတ္တန္း စမတ္ဖုန္းေဈးကြက္ကိုဘဲ အဓိကထားလုပ္ေဆာင္လာခဲ့ပါတယ္။ အျခားတစ္ဖက္မွာ ၎တို႔ေအာင္ျမင္မွု ရယူေန တဲ့ VR ၊ Blockchain တို႔ကိုလည္း ဆက္လက္အားစိုက္လုပ္ေဆာင္ေနပါတယ္။

ေသခ်ာတာကေတာ့ လက္ရွိအေျခအေနအရ HTC တို႔ စမတ္ဖုန္းေဈးကြက္မွာ ရွင္သန္နိုင္တဲ့ ကာလသိပ္မရွိေတာ့ တာေတာ့ ေသခ်ာသေလာက္ ရွိေနပါတယ္။

NetGuide Journal (Every Wednesday)