• စာရေးသူ: GT (Excellent)
ခုတစ်ပတ်မှာတော့ ဂျပန်ဂိမ်းကြိုက်တဲ့ပရိသတ်တွေအတွက် နာမည်ကျော် Super Dragon Ball Heroes စီးရီးရဲ့ နောက်ဆုံးထွက် World Mission ဆိုတဲ့အခွေလေးနဲ့မိတ်ဆက်ပေးပါရစေ။ ဒီခွေလေးဟာ Dragon Ball စီးရီးရဲ့ (9)ခွေမြောက်တင်ဆက်မှုဖြစ်ပြီး ရှေ့ကထွက်ပြီးသားဗားရှင်းအားလုံးက Character တွေ၊ ဗီလိန်တွေအားလုံးကို ပြန်လည်ထည့်သွင်းပေးထားတယ်လို့ဆိုပါတယ်။ ဖန်တီးရေးဆွဲသူအနေနဲ့ရော ထုတ်လုပ် သူအနေနဲ့ပါ ဂျပန်နိုင်ငံ ဂိမ်းအုပ်စုရဲ့အထင်ကရ Bandai Namco Entertainment ကနေ တာဝန်ယူဖြန့်ချိ ပေးထားပြီး Arcade, Nintendo 3DS, Nintendo Switch, Microsoft Windows စတဲ့ပလက်ဖောင်းတွေမှာ ဆော့ကစားနိုင်မှာပါ။
ဂိမ်းပလေးကတော့ ယခင်လို Avatar တစ်ဦးဖန်တီးပြီး Super Dragon Ball Heroes တွေရဲ့ ချန်ပီယံဖြစ်လာရေးကြိုးစားရမှာပါ။ Super Dragon Ball Heroes: World Mission အခွေမှာဆိုရင် Playable Character ပေါင်း (350)ကျော်ထည့်သွင်းပေးထားမှာဖြစ်ပြီး Card ပေါင်း (1160)ကျော်ပါ၀င်မှာဖြစ်ပါတယ်။ Non Playable Bosses တွေနေရာမှာတော့ Ahms (Second Form), Ahms (Third Form), Captain Ginyu (Goku’s Body), Dark Shenron, Demon Realm Soldier, Reaper Soldier, Sealas (Fused), Xeno Lord Slug (Super Giant) (8)မျိုးပါ၀င်မှာပါ။
Story Mode ပိုင်းမှာဆိုရင် Main Chapters အနေနဲ့ (17) မျိုး ကျော်ဖြတ်ရမှာဖြစ်ပြီး Side Stories တွေအဖြစ် Note, Froze, Kagyu, Kabra, Zen, Nim, Chamel ဆိုတဲ့ Adventure (7)ခု ထည့်သွင်းပေးထားမှာဖြစ်ပါ တယ်။ Arcade Mode ပိုင်းမှာ single-player ကစားရမှာဖြစ်ပြီး Mission (23)ခုပါ၀င်မှာပါ။ ကျော်ဖြတ်ရမယ့် Stage အသေးစိတ်အနေနဲ့ အဆင့် (50)နီးပါးဖန်တီးပေးထားပြီး Boss တွေအဖြစ် Main Story ပိုင်းမှာ (17)မျိုး၊ Another Story ပိုင်းမှာ (7)မျိုး၊ Arcade Mode ပိုင်းမှာ (40)နီးပါး ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ Laser, Hammer, Ball, Rain, Launcher, Fist, Bomb, Beam, Typhoon,  Wave, Blade အစရှိတဲ့ Super Attacking ကဏ္ဍအတွက် အမျိုးအစား (300)ကျော်ပါ၀င်ပြီး Avatar-Exclusive (8)မျိုး၊ Card-Exclusive (20)ကျော်ဖန်တီးပေးထားမှာပါ။
ဒီဂိမ်းလေးကို ကစားမယ်ဆိုရင် တော့ OS: Windows 7 SP1, 64-bit, Processor: Intel Core i3-4160 or AMD FX-4350, Memory: 4 GB RAM, Graphics: GeForce GTX 660 or Radeon HD 7850, Storage: 4 GB အနည်းဆုံးလိုအပ်မှာဖြစ်ပါ တယ်။ ၀ယ်ယူမယ်ဆိုရင်တော့ အမြို့မြို့အနယ်နယ်တိုင်းမှာရှိတဲ့ Excellent Softwares & Games ဆိုင်တိုင်း မှာ ရရှိနိုင်ပြီဖြစ်တဲ့အကြောင်း သတင်းကောင်းလေး ပေးလိုက်ရပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Super Dragon Ball Heroes: World Mission (PC)

  • စာရေးသူ: GT (Excellent)