Image result for "Space Zoom"  samsungSamsung အနေနဲ့ သူတို့ရဲ့ အသစ်ထွက်လာမယ့် စမတ်ဖုန်းနဲ့ ပတ်သတ်ပြီး မူပိုင်ခွင့် တခုကို EUIPO (European Union Intellectual Property Office) တင်လိုက်ပါတယ်။ စိတ်ဝင်စားဖို့ ကောင်းလှပြီး “Space Zoom” လို့နာမည်ပေးထားပါတယ်။ ဒါဟာ အသစ်ထွက်လာမယ့် စမတ်ဖုန်းသစ်ဖြစ်တဲ့ Galaxy S11 ဖုန်းမှာ သုံးဖို့အတွက် ဖြစ်နိုင်ပါတယ်။ Image result for "Space Zoom"  samsung
မူပိုင်ခွင့်မှာ “Space Zoom” နဲ့ပတ်သတ်လို့ အသေးစိတ်အချက်အလက်တွေကို ပြောပြထားခြင်း မရှိပေမယ့် အရည်အသွေး ကောင်းမွန်ပုံတော့ရပါတယ်။ သူ့ရဲ့ပုံစံဟာ hybrid zoom အမျိုအစား ဖြစ်နိုင်ပါတယ်။ Image result for "Space Zoom"  samsung
telephoto မှန်ဘီလူးကနေ သင့်တော်တဲ့ ချဲ့ထွင်မှုကို အသုံးပြုရမယ့် ပုံစံမျိုးဖြစ်မှာပါ။ အဓိကအားဖြင့် အဝေးကပုံရိပ်တွေကို ဆွဲယူရိုက်ကူးတဲ့ အခါမှာ မူလအရည်အသွေးမကျဆင်းစေဖို့အတွက် ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ ဒီလိုပုံစံမျိုးဆိုရင်တော့ Galaxy S11 versions တွေထဲက တမျိုးမှာ 5x telephoto camera သုံးလာမယ့်ပုံ ရှိပါတယ်။

++++

“Space Zoom” လုပ်ဆောင်ချက်ကို မူပိုင်ခွင့်တင်လိုက်တဲ့ Samsung
