Huaweiဟာ စက်တင်ဘာလ 19 ရက်နေ့တုန်းက Huawei Mate 30၊ Huawei Mate 30 Pro တို့အတူ Huawei Mate 30 RS Porsche Design ကို မိတ်ဆက်ခဲ့ပါတယ်။ Huawei Mate 30၊ Huawei Mate 30 Proတို့ကို ရောင်းချနေပြီဖြစ်ပေမယ့် Huawei Mate 30 RS Porsche Design ကိုတော့ ယခုတိုင် ရောင်းချခြင်းမရှိသေးပါ ဘူး။ ယနေ့မှာတော့ တရုတ်ထိပ်သီး စမတ်ဖုန်းကုမ္ပဏီဟာ Huawei Mate 30 RS Porsche Design ကို နိုဝင်ဘာလ 10 ရက်နေ့မှာ ရောင်းချမယ်လို့ ကြေညာလာပါတယ်။

Huawei Mate 30 RS Porsche Design က တန်ဖိုးကြီး စမတ်ဖုန်းပီပီ ဒီဇိုင်းပိုင်းကိုလည်း တန်ဖိုးကြီး ပစ္စည်းမှန်း ချက်ချင်းမြင်နိုင်အောင်လုပ်ဆောင်ထားပါတယ်။ ဖုန်းရဲ့ကျောဘက်မှာ သားရေအသုံးပြုထားပါတယ်။ ဈေးနူန်းက ဒေါ်လာ 1860 ဖြစ်ပြီး အနီရောင်၊ အနက်ရောင်တို့နဲ့ ရွေးချယ်နိုင်ပါတယ်။

 

Huawei Mate 30 RS Porsche Design မှာ မျက်နှာပြင် 6.53 လက်မ 2400x1176px OLED ရုပ်ထွက်သုံးထားပြီး ထောင့် 88 ဒီဂရီကွေးကာ Huawei က Horizon Display လို့ အမည်ပေးထားပါတယ်။ နောက်ဆုံးမျိုးဆက် In-Display Fingerprint Reader ပါဝင်ပါတယ်။ Notch မှာ 3D ToFနဲ့ ရှေ့ကင်မရာ 32MP ပါဝင်ပါတယ်။ ရှေ့ကင်မရာဖြင့် ဗီဒီယိုရိုက်ကူးမှုကို 1080p ဖြင့် ပြုလုပ်နိုင်ပါတယ်။ ဘက်ထရီ 4500 mAhပါဝင်ကာ ကြိုးတပ်အားသွင်းမှုကို 40W ဖြင့်လည်းကောင်း၊ ကြိုးမဲ့အားသွင်းမှုကို 27W ဖြင့်လည်းကောင်း ပြုလုပ်နိုင်ပါမယ်။

ကျောဘက်ကင်မရာလေးလုံးပါဝင်ပါတယ်။ အဓိကကင်မရာက 40MP f/1.6 ဖြစ်ပြီး ဒုတိယကင်မရာက 40MP f/1.8 Ultrawide ဖြစ်ပါတယ်။ တတိယကင်မရာက 8MP f/2.4 3x Optical Zoom ကင်မရာဖြစ်ကာ နောက်ဆုံး ကင်မရာက 3D ToF Sensor ဖြစ်ပါတယ်။

Huawei Mate 30 RS Porsche Designကို Kirin 990 ၊ RAM12GB နဲ့အထိုင်ချထားပြီး Storage 512GB ပါဝင်ပါတယ်။ Android 10 အခြေခံ EMUI 10 သုံးထားပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Huawei Mate 30 RS Porsche Design ကို နိုဝင္ဘာလ ၁၀ ရက္ေန႔တြင္ ေရာင္းမည္

Huaweiဟာ စက္တင္ဘာလ 19 ရက္ေန႔တုန္းက Huawei Mate 30၊ Huawei Mate 30 Pro တို႔အတူ Huawei Mate 30 RS Porsche Design ကို မိတ္ဆက္ခဲ့ပါတယ္။ Huawei Mate 30၊ Huawei Mate 30 Proတို႔ကို ေရာင္းခ်ေနၿပီျဖစ္ေပမယ့္ Huawei Mate 30 RS Porsche Design ကိုေတာ့ ယခုတိုင္ ေရာင္းခ်ျခင္းမရွိေသးပါ ဘူး။ ယေန႔မွာေတာ့ တ႐ုတ္ထိပ္သီး စမတ္ဖုန္းကုမၸဏီဟာ Huawei Mate 30 RS Porsche Design ကို နိုဝင္ဘာလ 10 ရက္ေန႔မွာ ေရာင္းခ်မယ္လို႔ ေၾကညာလာပါတယ္။

Huawei Mate 30 RS Porsche Design က တန္ဖိုးႀကီး စမတ္ဖုန္းပီပီ ဒီဇိုင္းပိုင္းကိုလည္း တန္ဖိုးႀကီး ပစၥည္းမွန္း ခ်က္ခ်င္းျမင္နိုင္ေအာင္လုပ္ေဆာင္ထားပါတယ္။ ဖုန္းရဲ့ေက်ာဘက္မွာ သားေရအသုံးျပဳထားပါတယ္။ ေဈးႏူန္းက ေဒၚလာ 1860 ျဖစ္ၿပီး အနီေရာင္၊ အနက္ေရာင္တို႔နဲ႔ ေရြးခ်ယ္နိုင္ပါတယ္။

Huawei Mate 30 RS Porsche Design မွာ မ်က္ႏွာျပင္ 6.53 လက္မ 2400x1176px OLED ႐ုပ္ထြက္သုံးထားၿပီး ေထာင့္ 88 ဒီဂရီေကြးကာ Huawei က Horizon Display လို႔ အမည္ေပးထားပါတယ္။ ေနာက္ဆုံးမ်ိဳးဆက္ In-Display Fingerprint Reader ပါဝင္ပါတယ္။ Notch မွာ 3D ToFနဲ႔ ေရွ႕ကင္မရာ 32MP ပါဝင္ပါတယ္။ ေရွ႕ကင္မရာျဖင့္ ဗီဒီယိုရိုက္ကူးမွုကို 1080p ျဖင့္ ျပဳလုပ္နိုင္ပါတယ္။ ဘက္ထရီ 4500 mAhပါဝင္ကာ ႀကိဳးတပ္အားသြင္းမွုကို 40W ျဖင့္လည္းေကာင္း၊ ႀကိဳးမဲ့အားသြင္းမွုကို 27W ျဖင့္လည္းေကာင္း ျပဳလုပ္နိုင္ပါမယ္။

ေက်ာဘက္ကင္မရာေလးလုံးပါဝင္ပါတယ္။ အဓိကကင္မရာက 40MP f/1.6 ျဖစ္ၿပီး ဒုတိယကင္မရာက 40MP f/1.8 Ultrawide ျဖစ္ပါတယ္။ တတိယကင္မရာက 8MP f/2.4 3x Optical Zoom ကင္မရာျဖစ္ကာ ေနာက္ဆုံး ကင္မရာက 3D ToF Sensor ျဖစ္ပါတယ္။

Huawei Mate 30 RS Porsche Designကို Kirin 990 ၊ RAM12GB နဲ႔အထိုင္ခ်ထားၿပီး Storage 512GB ပါဝင္ပါတယ္။ Android 10 အေျခခံ EMUI 10သုံးထားပါတယ္။

NetGuide Journal (Every Wednesday)