• Facebook စာမျက်နှာများ
https://www.facebook.com/pyawkyamalcampaign/
ပြောကြမယ်- Let’s Talk ဟာ တရားမျှတမှုနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို ကာတွန်း၊ ဗီဒီယို၊ ရုပ်ပုံစတဲ့ ပုံစံမျိုးစုံနဲ့ မျှဝေပေးနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာပါ။ ကိုယ့်ပတ် ဝန်းကျင်မှာ တရားမျှတမှုလေးတွေ ပေါ်ပေါက် လာအောင် လူအချင်းချင်းကူညီရိုင်းပင်းကြရင်း မတရားမှုတွေကို ရဲရဲဝံ့ဝံ့ပြောဆိုကြဖို့ ရည်ရွယ်တဲ့လှုပ်ရှားမှု ဖြစ်ပြီး၊ တရားမျှတမှုဟာ ဆင်းရဲချမ်းသာမရွေး၊ အင်အားနည်းသူကြီးသူ၊ သန်စွမ်းသူ၊ မသန်စွမ်းသူ၊ ဘာသာ လူမျိုးမခွဲခြားဘဲ အားလုံးအတွက်ဆိုတာကိုသိရှိနားလည်ဖို့ like လုပ်ထားသင့်ပါတယ်။
https://www.facebook.com/khayeetwarhanlwal/
ခရီးသွားဟန်လွဲ Khayeetwar Hanlwal ဟာ ခရီးသွားပြည်သူတွေနဲ့ အနုပညာရှင်တွေ အမှတ်မထင်ဆုံတွေ့ တာကို ရိုက်ကူးထားတဲ့ TV series တွေကိုကြည့်ရှုရမယ့် ဖေ့စ်ဘွတ်စာမျက်နှာဖြစ်ပါတယ်။ “Not only you, only me” သင်တစ်ယောက်တည်း မဟုတ်ဘူးဆိုတဲ့ သဘောတရားကို အခြေခံပြီး ရင်းရင်းနှီးနှီးအတွေ့အကြုံ ဖလှယ်ကြတာ၊ ကြိုးစားရုန်းကန်မှုတွေ၊ ခရီးသွားပြည်သူတွေနဲ့အနုပညာရှင်တွေ ပြောဆိုဆွေးနွေးကြမယ့် ဗီဒီယို တွေကိုကြည့်ရဖို့အတွက် ဒီ page ကို like လုပ်ထားနိုင်ပါတယ်။
https://www.facebook.com/MadeinTokyoJapan/
MADE in TOKYO ဟာ တိုကျိုမှာရှိတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေကို ပြောပြပေးနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာဖြစ်ပါတယ်။ ဂျပန်ရောက် မြန်မာမလေးတစ်ဦးက တိုကျိုမှာရှိတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းလေးတွေ၊ အသုံးဝင်မယ်ထင်တဲ့ ပစ္စည်းလေးတွေ၊ ထူးထူးဆန်းဆန်း အရာလေးတွေကို မိတ်ဆက် ပေးနေတာ ဖြစ်ပါတယ်။ ဂျပန်နဲ့ပတ်သက်လို့ စိတ်ဝင်စားသူတွေ၊ ဂျပန်စာလေ့လာနေသူတွေ like လုပ်ထား သင့််ပါတယ်။
  • Website စာမျက်နှာများ
https://www.myancar.com/
www.myancar.com ဟာ ခရီးသွားချစ်သူတွေအတွက် မြန်မာတစ်နိုင်ငံလုံးကို ပိုမိုအဆင်ပြေချောမွေ့စွာ ခရီး ထွက်နိုင်ဖို့အတွက် အွန်လိုင်းကနေ အလွယ်ကူဆုံးနဲ့ အမြန်ဆန်ဆုံးကားငှားလို့ရတဲ့ ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံးအွန်လိုင်းကား အငှားဝန်ဆောင်မှုဖြစ်ပြီး၊ ကားကုမ္ပဏီပေါင်း 45 ခုမှ ကားအစီးရေ 350 ကျော်ရှိတဲ့အတွက် အသင့်တော်ဆုံး ကားတစ်စီးကို အချိန်တိုအတွင်း အလွယ်ကူဆုံးငှားနိုင်မှာဖြစ်ပါတယ်။
https://www.myanmaritpros.com/
www.myanmaritpros.com ဟာမြန်မာနိုင်ငံက Android device အသုံးပြုသူတွေအတွက် မြန်မာ Android application တွေရယူနိုင်မယ့် ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ အသစ်ထွက်ရှိသမျှ မြန်မာ application တွေကို update တင်ပေးနေပြီး၊ download ရယူအသုံးပြုနိုင်ပါတယ်။ မြန်မာတွေအတွက် အင်္ဂလိပ်စာလေ့ကျင့်ရေး ဆိုင်ရာ application တွေ၊ အစားချစ်သူတွေအတွက် မြန်မာအစားအစာ ချက်ပြုတ်နည်းတွေ စုစည်းထားတဲ့ app တွေ၊ ပဌာန်းတရားတော် app တွေအပါအဝင် မြန်မာ application မျိုးစုံ ကိုရယူနိုင်မှာဖြစ်ပါတယ်။
https://myjobs.com.mm/
https://myjobs.com.mm ဟာ အလုပ်ရဖို့အတွက် အသိမိတ်ဆွေတွေ၊ သွားလာစရာစရိတ်တွေ မလိုတော့ဘဲ အွန်လိုင်းကတင်လျှောက်လို့ရနိုင်မယ့် ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ အလုပ်တွေကို သူ့အမျိုးအစားအလိုက် ခွဲပြီး ဖော်ပြပေးထားတာဖြစ်လို့ မိမိကျွမ်းကျင်ရာ၊ လျှောက်ချင်ရာအလုပ်ကို ရွေးချယ်ဝင်ရောက်ပြီး လျှောက်ထား နိုင်မှာဖြစ်ပါတယ်။ မိမိလျှောက်ထားလိုတဲ့ အလုပ်အမျိုးအစားကို ရွေးချယ်ဝင်ရောက်ပြီး လိုအပ်တဲ့အချက် အလက်တွေ ဖြည့်သွင်းကာလျှောက်ထားနိုင်သလို၊ save လုပ်ထားလို့လည်းရပါတယ်။
NetGuide Journal (Every Wednesday)
—————————————————————————————
  • (Zawgyi Version)
Facebook & Website စာမျက်နှာများ
https://www.myancar.com/
https://myjobs.com.mm/