စမတ်နာရီကုမ္ပဏီများဟာ စမတ်နာရီများကို ကွဲပြားတဲ့ ဒီဇိုင်း၊ ကွဲပြားတဲ့ အရွယ်အစား၊ များစွာသော စနစ်တို့နဲ့ ထုတ်လုပ်ရောင်းချနေပါတယ်။ စမတ်နာရီကုမ္ပဏီအချို့ဟာ ပါဝါသုံးစွဲမှုမြင့်မားတဲ့ ရုပ်ထွက်၊ ပါဝါမြင့် Chipset ၊ များစွာသောစနစ်များ ထည့်သွင်းကာ ရောင်းချနေပါတယ်။ ဒါပေမယ့် သုံးစွဲသူအများစုကတော့ စမတ်နာရီကို Notifications ကြည့်ဖို့၊ အားကစားလှုပ်ရှားမှုများကို စောင့်ကြည့်ဖို့၊ Alarm စနစ်သုံးဖို့လောက်ဘဲ သုံးလိုကာ စနစ်များစွာ မလိုချင်ပါဘူး။

ယခု အသစ်ကြေညာလာတဲ့ Fossil Hybrid HR က ဒီဇိုင်းနဲ့ အသုံးပြုနိုင်တဲ့စနစ်အကြား ကွာခြားချက်ကို တံတားထိုးပေးလာတဲ့ စမတ်နာရီ ဖြစ်ပါတယ်။

Hybrid HR က ရှေးရိုးနာရီလို ဒီဇိုင်းမျိုးသုံးထားပြီး မျက်နှာပြင်က 42 မီလီမီတာ ရှိပါတယ်။ Always-On e-Ink Display ပါဝင်ပါတယ်။ ရုပ်ထွက်မှာ Notifications ၊ Alert ၊ နှလုံးခုန်နှုန်း၊ အားကစားလှုပ်ရှားမှု အချက်အလက်များ တို့ကို ပြသပေးပါမယ်။ စမတ်နာရီကို အသုံးပြုကာ သီချင်းဖွင့်ရာမှာ ထိန်းချုပ်သုံးနိုင်ပါတယ်။

e-Ink Display က ဘက်ထရီသုံးစွဲမှု နည်းပါးတာနဲ့အညီ ဒီစမတ်နာရီက တစ်ကြိမ် အားအပြည့်သွင်းထားရင် 2 ပတ်အထိ အသုံးပြုနိုင်ပါတယ်။ Hybrid HR ရဲ့ကိုယ်ထည်ကို စတိန်းလက်စ်စတီးနဲ့ တည်ဆောက်ထားပြီး သားရေလက်ပတ်သုံးထားပါတယ်။ 3ATM အထိ ရေစိမ်ခံနိုင်ပါတယ်။ Android 5.0/iOS 9.0 နဲ့အထက် စမတ်ဖုန်းများနဲ့ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ Bluetooth 4.2 ပါဝင်ပါတယ်။

Fossil Hybrid HR ကို ဈေးနှုန်း ဒေါ်လာ 195 သတ်မှတ်ထားပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

e-Ink ႐ုပ္ထြက္၊ အဝိုင္းဒီဇိုင္းသုံးထားတဲ့ Fossil Hybrid HR စမတ္နာရီ

စမတ္နာရီကုမၸဏီမ်ားဟာ စမတ္နာရီမ်ားကို ကြဲျပားတဲ့ ဒီဇိုင္း၊ ကြဲျပားတဲ့ အရြယ္အစား၊ မ်ားစြာေသာ စနစ္တို႔နဲ႔ ထုတ္လုပ္ေရာင္းခ်ေနပါတယ္။ စမတ္နာရီကုမၸဏီအခ်ိဳ႕ဟာ ပါဝါသုံးစြဲမွုျမင့္မားတဲ့ ႐ုပ္ထြက္၊ ပါဝါျမင့္ Chipset ၊ မ်ားစြာေသာစနစ္မ်ား ထည့္သြင္းကာ ေရာင္းခ်ေနပါတယ္။ ဒါေပမယ့္ သုံးစြဲသူအမ်ားစုကေတာ့ စမတ္နာရီကို Notifications ၾကည့္ဖို႔၊ အားကစားလွုပ္ရွားမွုမ်ားကို ေစာင့္ၾကည့္ဖို႔၊ Alarm စနစ္သုံးဖို႔ေလာက္ဘဲ သုံးလိုကာ စနစ္မ်ားစြာ မလိုခ်င္ပါဘူး။

ယခု အသစ္ေၾကညာလာတဲ့ Fossil Hybrid HR က ဒီဇိုင္းနဲ႔ အသုံးျပဳနိုင္တဲ့စနစ္အၾကား ကြာျခားခ်က္ကို တံတားထိုးေပးလာတဲ့ စမတ္နာရီ ျဖစ္ပါတယ္။

Hybrid HR က ေရွးရိုးနာရီလို ဒီဇိုင္းမ်ိဳးသုံးထားၿပီး မ်က္ႏွာျပင္က 42 မီလီမီတာ ရွိပါတယ္။ Always-On e-Ink Display ပါဝင္ပါတယ္။ ႐ုပ္ထြက္မွာ Notifications ၊ Alert ၊ ႏွလုံးခုန္ႏွုန္း၊ အားကစားလွုပ္ရွားမွု အခ်က္အလက္မ်ား တို႔ကို ျပသေပးပါမယ္။ စမတ္နာရီကို အသုံးျပဳကာ သီခ်င္းဖြင့္ရာမွာ ထိန္းခ်ဳပ္သုံးနိုင္ပါတယ္။

e-Ink Display က ဘက္ထရီသုံးစြဲမွု နည္းပါးတာနဲ႔အညီ ဒီစမတ္နာရီက တစ္ႀကိမ္ အားအျပည့္သြင္းထားရင္ 2 ပတ္အထိ အသုံးျပဳနိုင္ပါတယ္။ Hybrid HR ရဲ့ကိုယ္ထည္ကို စတိန္းလက္စ္စတီးနဲ႔ တည္ေဆာက္ထားၿပီး သားေရလက္ပတ္သုံးထားပါတယ္။ 3ATM အထိ ေရစိမ္ခံနိုင္ပါတယ္။ Android 5.0/iOS 9.0 နဲ႔အထက္ စမတ္ဖုန္းမ်ားနဲ႔ ခ်ိတ္ဆက္အသုံးျပဳနိုင္ပါတယ္။ Bluetooth 4.2 ပါဝင္ပါတယ္။

Fossil Hybrid HR ကို ေဈးႏွုန္း ေဒၚလာ 195 သတ္မွတ္ထားပါတယ္။

NetGuide Journal (Every Wednesday)