ZTE အနေနဲ့ တန်ဘိုးနည်း စမတ်ဖုန်းတွေဖြစ်တဲ့ Blade A7 Prime နဲ့ Blade A10 Prime ဖုန်းတွေကို အမေရိကန်မှာ မိတ်ဆက်ပေးလိုက်ပါတယ်။ ဈေးနှုန်းတွေကတော့ Blade A7 Prime က99 ဒေါ်လာနဲ့ Blade A10 Prime က $179 ကျသင့်မှာ ဖြစ်ပါတယ်။ ဖုန်းမှာပါဝင်တဲ့ အချက်အလက်ပိုင်းတွေ အနေနဲ့ Blade A7 Prime ဖုန်းဟာ 6.09-inch screen နဲ့ဖြစ်ပြီး အောက်ဘက် chin အနည်းငယ်ထူကာ အနီရောင်ပါဝါ ခလုတ်လေးနဲ့ ဖြစ်ပါတယ်။
ပါဝါစွမ်းအားအတွက် Helio A22 processor ကိုသုံးထားပြီး 3GB RAM နဲ့အတူ 32GB သိုလှောင်မှု ရှိမှာပါ။ ကင်မရာအတွက်တော့ 16MP ကင်မရာ၁လုံးကိုသာ ဖုန်းရဲ့နောက်ကျောဘက်မှာ တပ်ဆင်ထားပါတယ်။ လက်ဗွေဖတ်စနစ်ကိုတော့ နောက်ကျောဘက်မှာ တွေ့ရမှာပါ။ လုံးဝတန်ဘိုးနည်းဖုန်းမှန်း သိသာလွန်းပါတယ်။ selfies ကင်မရာကိုတော့ 5MP တပ်ဆင်ပေးထားပါတယ်။
ZTE Blade A7 Prime မှာ Android 9 တပါတည်း ပါဝင်မှာဖြစ်ပြီး 3200mAh ဘက်ထရီစွမ်းအားနဲ့ သုံးနိုင်မှာပါ။ တန်ဘိုးနည်းဖုန်းဆိုပေမယ့် USB Type-C port ထောက်ပံ့ပြီး DTS Sound စနစ်ထည့်ပေးထားပါတယ်။
Blade A10 Prime ဖုန်းကိုတော့ Helio P60 processor နဲ့ထုတ်ထားပြီး နောက်ဘက်မှာတော့ 16MP + 5MP dual ကင်မရာတပ်ဆင်ပေးထားပါတယ်။ Android Pie တပါတည်း သုံးနိုင်မှာဖြစ်ပြီး 3200mAh ဘက်ထရီနဲ့ fingerprint scanner ထည့်ပေးထားပါတယ်။

+++++

Blade A7 Prime ဖုန္းကို မိတ္ဆက္လိုက္တဲ့ ZTE

ZTE အေနနဲ႔ တန္ဘိုးနည္း စမတ္ဖုန္းေတြျဖစ္တဲ့ Blade A7 Prime နဲ႔ Blade A10 Prime ဖုန္းေတြကို အေမရိကန္မွာ မိတ္ဆက္ေပးလိုက္ပါတယ္။ ေဈးႏႈန္းေတြကေတာ့ Blade A7 Prime က99 ေဒၚလာနဲ႔ Blade A10 Prime က $179 က်သင့္မွာ ျဖစ္ပါတယ္။ ဖုန္းမွာပါဝင္တဲ့ အခ်က္အလက္ပိုင္းေတြ အေနနဲ႔ Blade A7 Prime ဖုန္းဟာ 6.09-inch screen နဲ႔ျဖစ္ၿပီး ေအာက္ဘက္ chin အနည္းငယ္ထူကာ အနီေရာင္ပါဝါ ခလုတ္ေလးနဲ႔ ျဖစ္ပါတယ္။
ပါဝါစြမ္းအားအတြက္ Helio A22 processor ကိုသုံးထားၿပီး 3GB RAM နဲ႔အတူ 32GB သိုေလွာင္မႈ ရွိမွာပါ။ ကင္မရာအတြက္ေတာ့ 16MP ကင္မရာ၁လုံးကိုသာ ဖုန္းရဲ႕ေနာက္ေက်ာဘက္မွာ တပ္ဆင္ထားပါတယ္။ လက္ေဗြဖတ္စနစ္ကိုေတာ့ ေနာက္ေက်ာဘက္မွာ ေတြ႕ရမွာပါ။ လုံးဝတန္ဘိုးနည္းဖုန္းမွန္း သိသာလြန္းပါတယ္။ selfies ကင္မရာကိုေတာ့ 5MP တပ္ဆင္ေပးထားပါတယ္။
ZTE Blade A7 Prime မွာ Android 9 တပါတည္း ပါဝင္မွာျဖစ္ၿပီး 3200mAh ဘက္ထရီစြမ္းအားနဲ႔ သုံးႏိုင္မွာပါ။ တန္ဘိုးနည္းဖုန္းဆိုေပမယ့္ USB Type-C port ေထာက္ပံ့ၿပီး DTS Sound စနစ္ထည့္ေပးထားပါတယ္။
Blade A10 Prime ဖုန္းကိုေတာ့ Helio P60 processor နဲ႔ထုတ္ထားၿပီး ေနာက္ဘက္မွာေတာ့ 16MP + 5MP dual ကင္မရာတပ္ဆင္ေပးထားပါတယ္။ Android Pie တပါတည္း သုံးႏိုင္မွာျဖစ္ၿပီး 3200mAh ဘက္ထရီနဲ႔ fingerprint scanner ထည့္ေပးထားပါတယ္။