Asus ကုမ္ပဏီကနေ ၎င်းရဲ့နောက်ဆုံးပေါ်အဆင့်မြင့် Gaming ဖုန်းတစ်လုံးဖြစ်တဲ့ ASUS ROG II စမတ်ဖုန်းကို ပြီးခဲ့တဲ့ စက်တင်ဘာလက စတင်ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ Gaming ဖုန်းဖြစ်တာကြောင့် စက်စွမ်းဆောင် ရည် အထူးကောင်းမွန်ပြီး မျက်နှာပြင်ကလည်း ကြီးမားကျယ်ပြန့်မှုရှိသလို ဘက်ထရီစွမ်းအားကလည်း အထူးမြင့်မား တာကြောင့် Gamers တွေကတော့ ကြိုက်နှစ်သက်ကြမှာ အသေအချာပါပဲ။ ဒါ့အပြင် 240Hz touch-sensing စနစ်ပါရှိကာ မျက်နှာပြင်ပေါ်မှာ လုပ်ဆောင်ချက်တွေကို အလျင်မြန်ဆုံးပြုလုပ်နိုင်ပြီး Air Trigger II နည်းပညာ ၊ Dual Surrounding Vibration နည်းပညာ၊ Dual front-facing speaker, 3.5mm audio jack နဲ့ အဆင့်မြင့်မိုက်ကရိုဖုန်းစနစ်တို့ပါရှိတာကြောင့် အသံစွမ်းအားပိုင်းမှာလည်း အထူးကောင်းမွန်ပါတယ်။ ၎င်းဖုန်းကို GSM, HSPA နဲ့ LTE networks  တွေမှာ အဆင်ပြေပြေအသုံးပြုနိုင်ပြီး Nano Dual SIM စနစ်ဖြစ်တာကြောင့် Nano SIM card 2 card  ကို တစ်ပြိုင်နက်တည်း ထည့်သုံးနိုင်ပါတယ်။
Design & Build
ဒီဇိုင်းပုံစံက တစ်ချက်ကြည့်လိုက်တာနဲ့တင်နောက်ဆုံးပေါ် Gaming ဖုန်းတစ်လုံးမှန်း သိသာစေလောက်တဲ့ iconic side-charging design ပုံစံမျိုးဖြစ်ပါတယ်။ လုံးဝဘောင်ပြောက်ဒီဇိုင်းပုံစံမဟုတ်ပေမယ့် ဘောင်ပါးပါး လေးနဲ့မို့ မျက်နှာပြင်ကြီးမားကျယ်ပြန့်မှုကို အပြည့်အဝခံစားနိုင်ပါတယ်။ ကိုယ်ထည်တစ်ခုလုံးကို Glass နဲ့ပြု လုပ်ထားပြီး ဘေးဘောင်တွေက အလူမီနီယံဘောင်တွေဖြစ်လို့ ပြောင်လက်တောက်ပနေတဲ့ ကိုယ်ထည်မျိုးကို ရရှိနိုင်ပါတယ်။ မျက်နှာပြင်ပေါ်မှာ Corning Gorilla Glass 6 ကို ဖုံးအုပ်ပေးထားပြီး DCI-P3 108% ၊ HDR10 စနစ်လည်းပါရှိတာကြောင့် ပြုတ်ကျမှုဒဏ်တွေကိုလည်း ခံနိုင်ရည်ရှိပါတယ်။ နောက်ကျောဘက်မှာ အနောက်ကင်မရာ 2 လုံးနဲ့ကပ်လျက် ဘေးနားမှာ LED Flash မီးလုံးတို့ကို ဘေးတိုက်တပ်ဆင်ပေးထားပါတယ်။ ဖုန်းလုံခြုံရေးပိုင်းအတွက် အဆင့်မြင့် Under-Display Fingerprint Scanner ကိုသုံးထားလို့ စမတ်ကျကျသုံးစွဲနိုင်ပါတယ်။ ဖုန်းအရွယ်အစားက 171 x 77.6 x 9.5 mm ရှိပြီး 240g လေးပါတယ်။ ဝယ်ယူနိုင်မယ့်အရောင်တွေက ဆန်းသစ်လှပတဲ့ Matte Black, Glossy Black ဆိုတဲ့ မတူညီတဲ့ အမဲရောင်် 2 မျိုးပဲဖြစ်ပါတယ်။
Display
မျက်နှာပြင်အကျယ်က 6.59″ ရှိပြီး AMOLED capacitive touchscreen, 16M colors display က 1080 x 2340 pixels အရည်အသွေးရှိတဲ့ Full HD မြင်ကွင်းတွေကိုပြသပေးနိုင်ပါတယ်။ ဒါကြောင့် မျက်နှာပြင် ကျယ် ကျယ်၊ မြင်ကွင်းစွမ်းအားကောင်းကောင်းနဲ့ရုပ်ရှင်တွေ၊ ဗီဒီယိုတွေကိုကြည့်ရှုနိုင်ပြီး ဂိမ်းကစားတာတွေ၊ စာဖတ် တာတွေကိုလည်း အဆင်ပြေပြေပြုလုပ်နိုင်ပါတယ်။
Operating System and Camera
အထဲမှာ Android 9.0 (Pie) ကို အခြေခံထားတဲ့ ROG UI ကို run ပေးထားပါတယ်။ အနောက်ကင်မရာက 48MP, f/1.8, 26mm (wide), 1/2″, 0.8µm, PDAF, Laser AF + 13 MP, f/2.4, 11mm (ultrawide) စွမ်းအားတွေပါရှိပြီး အရှေ့ကင်မရာကလည်း 24MP, f/2.2, 0.9µm စွမ်းအားတွေပါရှိလို့ ကင်မရာအထူး ကောင်းမွန်တဲ့ဖုန်းထဲမှာလည်းပါရှိပါတယ်။
Performance
RAM 8/12GB ပါရှိတဲ့ Octa-core (1×2.96 GHz Kryo 485 & 3×2.42 GHz Kryo 485 & 4×1.78 GHz Kryo 485) processor, Qualcomm SDM855 Snapdragon 855+ (7 nm) Chipset နဲ့ Adreno 640 (700 MHz) GPU တို့ကြောင့် ကောင်းမွန်တဲ့စက်စွမ်းဆောင်ရည်တွေကို အပြည့်အဝထောက်ပံ့ပေးနိုင်ပြီး ဂိမ်းတွေ၊ app တွေ အကုန်လုံးကို အဆင်ပြေပြေအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။
Battery
ထည့်သွင်းပေးထားတဲ့ ဘက်ထရီစွမ်းအားက Non-removable Li-Po 6000 mAh battery ဖြစ်တာကြောင့် တစ်နေ့လုံး အေးအေးဆေး ဆေးသုံးစွဲနိုင်ပြီး Fast battery charging 30W (Quick Charge 4.0) စနစ်ပါရှိလို့ ဖုန်းအားသွင်းရတာလည်း မြန်ဆန်မှုရှိပါတယ်။

Specification

Display                   :         6.59 inches, AMOLED capacitive touchscreen

Memory                  :         128GB, 8GB RAM, (No Card Slot)

Camera                   :         Dual : 48 MP + 13 MP / 24 MP (Front)

OS                         :         Android 9.0 (Pie)

Battery                   :         Non-removable Li-Po 6000 mAh battery

Phone                     :         09-785222888 (Win Mobile World)

Price                       :         799,000/-

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Asus ROG Phone II

Asus ကုမၸဏီကေန ၎ရဲ႕ေနာက္ဆံုးေပၚအဆင့္ျမင့္ Gaming ဖုန္းတစ္လံုးျဖစ္တဲ့ ASUS ROG II စမတ္ဖုန္းကို ၿပီးခဲ့တဲ့ စက္တင္ဘာလက စတင္ထုတ္လုပ္ေရာင္းခ်ခဲ့ပါတယ္။ Gaming ဖုန္းျဖစ္တာေၾကာင့္ စက္စြမ္းေဆာင္ရည္ အထူးေကာင္းမြန္ၿပီး မ်က္ႏွာျပင္ကလည္း ႀကီးမားက်ယ္ျပန္႔မႈရွိသလုိ ဘက္ထရီစြမ္းအားကလည္း အထူးျမင့္မား တာေၾကာင့္ Gamers ေတြကေတာ့ ႀကိဳက္ႏွစ္သက္ၾကမွာ အေသအခ်ာပါပဲ။ ဒါ့အျပင္ 240Hz touch-sensing စနစ္ပါရွိကာ မ်က္ႏွာျပင္ေပၚမွာ လုပ္ေဆာင္ခ်က္ေတြကို အလ်င္ျမန္ဆံုးျပဳလုပ္ႏုိင္ၿပီး Air Trigger II နည္းပညာ ၊ Dual Surrounding Vibration နည္းပညာ၊ Dual front-facing speaker, 3.5mm audio jack နဲ႔ အဆင့္ျမင့္ မိုက္က႐ိုဖုန္းစနစ္တို႔ပါရွိတာေၾကာင့္ အသံစြမ္းအားပိုင္းမွာလည္း အထူးေကာင္းမြန္ပါတယ္။ ၎ဖုန္း ကို GSM, HSPA နဲ႔ LTE networks  ေတြမွာ အဆင္ေျပေျပအသံုးျပဳႏိုင္ၿပီး Nano Dual SIM စနစ္ျဖစ္တာ ေၾကာင့္ Nano SIM card 2 card  ကို တစ္ၿပိဳင္နက္တည္း ထည့္သံုးႏုိင္ပါတယ္။

Design & Build

ဒီဇိုင္းပံုစံက တစ္ခ်က္ၾကည့္လုိက္တာနဲ႔တင္ေနာက္ဆံုးေပၚ Gaming ဖုန္းတစ္လံုးမွန္း သိသာေစေလာက္တဲ့ iconic side-charging design ပံုစံမ်ိဳးျဖစ္ပါတယ္။ လံုးဝေဘာင္ေျပာက္ဒီဇုိင္းပံုစံမဟုတ္ေပမယ့္ ေဘာင္ပါးပါးေလးနဲ႔မုိ႔ မ်က္ႏွာျပင္ႀကီးမားက်ယ္ျပန္႔မႈကို အျပည့္အဝခံစားႏုိင္ပါတယ္။ ကိုယ္ထည္တစ္ခုလံုးကို Glass နဲ႔ျပဳလုပ္ထားၿပီး ေဘးေဘာင္ေတြက အလူမီနီယံေဘာင္ေတြျဖစ္လုိ႔ ေျပာင္လက္ေတာက္ပေနတဲ့ ကိုယ္ထည္မ်ိဳးကို ရရွိႏုိင္ပါတယ္။ မ်က္ႏွာျပင္ေပၚမွာ Corning Gorilla Glass 6 ကို ဖံုးအုပ္ေပးထားၿပီး DCI-P3 108% ၊ HDR10 စနစ္လည္း ပါရွိတာေၾကာင့္ ျပဳတ္က်မႈဒဏ္ေတြကိုလည္း ခံႏုိင္ရည္ရွိပါတယ္။ ေနာက္ေက်ာဘက္မွာ အေနာက္ကင္မရာ 2 လံုးနဲ႔ကပ္လ်က္ ေဘးနားမွာ LED Flash မီးလံုးတို႔ကို ေဘးတုိက္တပ္ဆင္ေပးထားပါတယ္။ ဖုန္းလံုၿခံဳေရးပိုင္းအတြက္ အဆင့္ျမင့္ Under-Display Fingerprint Scanner ကိုသံုးထားလုိ႔ စမတ္က်က်သံုးစြဲႏုိင္ပါတယ္။ ဖုန္းအရြယ္အစားက 171 x 77.6 x 9.5 mm ရွိၿပီး 240g ေလးပါတယ္။ ဝယ္ယူႏုိင္မယ့္အေရာင္ေတြက ဆန္းသစ္လွပတဲ့ Matte Black, Glossy Black ဆိုတဲ့ မတူညီတဲ့ အမဲေရာင္္ 2 မ်ိဳးပဲျဖစ္ပါတယ္။

Display

မ်က္ႏွာျပင္အက်ယ္က 6.59″ ရွိၿပီး AMOLED capacitive touchscreen, 16M colors display က 1080 x 2340 pixels အရည္အေသြးရွိတဲ့ Full HD ျမင္ကြင္းေတြကိုျပသေပးႏိုင္ပါတယ္။ ဒါေၾကာင့္ မ်က္ႏွာျပင္က်ယ္က်ယ္၊ ျမင္ကြင္းစြမ္းအားေကာင္းေကာင္းနဲ႔႐ုပ္ရွင္ေတြ၊ ဗီဒီယိုေတြကိုၾကည့္႐ႈႏုိင္ၿပီး ဂိမ္းကစားတာေတြ၊ စာဖတ္တာေတြကိုလည္း အဆင္ေျပေျပျပဳလုပ္ႏုိင္ပါတယ္။

Operating System and Camera

အထဲမွာ Android 9.0 (Pie) ကို အေျခခံထားတဲ့ ROG UI ကို run ေပးထားပါတယ္။ အေနာက္ကင္မရာက 48MP, f/1.8, 26mm (wide), 1/2″, 0.8µm, PDAF, Laser AF + 13 MP, f/2.4, 11mm (ultrawide) စြမ္းအားေတြပါရွိၿပီး အေရွ႕ကင္မရာကလည္း 24MP, f/2.2, 0.9µm စြမ္းအားေတြပါရွိလုိ႔ ကင္မရာအထူး ေကာင္းမြန္တဲ့ဖုန္းထဲမွာလည္းပါရွိပါတယ္။

Performance

RAM 8/12GB ပါရွိတဲ့ Octa-core (1×2.96 GHz Kryo 485 & 3×2.42 GHz Kryo 485 & 4×1.78 GHz Kryo 485) processor, Qualcomm SDM855 Snapdragon 855+ (7 nm) Chipset နဲ႔ Adreno 640 (700 MHz) GPU တို႔ေၾကာင့္ ေကာင္းမြန္တဲ့စက္စြမ္းေဆာင္ရည္ေတြကို အျပည့္အဝေထာက္ပံ့ေပးႏုိင္ၿပီး ဂိမ္းေတြ၊ app ေတြ အကုန္လံုးကို အဆင္ေျပေျပအသံုးျပဳႏုိင္မွာပဲျဖစ္ပါတယ္။

Battery

ထည့္သြင္းေပးထားတဲ့ ဘက္ထရီစြမ္းအားက Non-removable Li-Po 6000 mAh battery ျဖစ္တာေၾကာင့္ တစ္ေန႔လံုး ေအးေအးေဆး ေဆးသံုးစြဲႏုိင္ၿပီး Fast battery charging 30W (Quick Charge 4.0) စနစ္ပါရွိလုိ႔ ဖုန္းအားသြင္းရတာလည္း ျမန္ဆန္မႈရွိပါတယ္။

Specification

Display                   :         6.59 inches, AMOLED capacitive touchscreen

Memory                  :         128GB, 8GB RAM, (No Card Slot)

Camera                   :         Dual : 48 MP + 13 MP / 24 MP (Front)

OS                         :         Android 9.0 (Pie)

Battery                   :         Non-removable Li-Po 6000 mAh battery

Phone                     :         09-785222888 (Win Mobile World)

Price                       :         799,000/-

NetGuide Journal (Every Wednesday)