Xiaomi Mi CC9 Pro ကို တရားဝင်ကြေညာလာပြီ ဖြစ်ပါတယ်။ Xiaomi Mi CC9 Pro ကို ရောင်းကောင်းလာစေမယ့် အဓိကအချက်ကတော့ 108MP ကင်မရာပါဝင်လာတာ ဖြစ်ပါတယ်။ Xiaomi Mi CC9 Pro က Nokia 9 PureView ပြီးနောက် ဒုတိယမြောက် ကျောဘက်ကင်မရာငါးလုံးပါဝင်တဲ့ စမတ်ဖုန်းလည်း ဖြစ်ပါတယ်။ ဒီဖုန်းကို Snapdragon 730G နဲ့ ပါဝါထောက်ပံ့ထားကာ Upper Mid-Range စမတ်ဖုန်း ဖြစ်ပါတယ်။ Xiaomi Mi CC9 Proမှာ ထောင့်ကွေး OLED သုံးထားပါတယ်။ ဒါ့အပြင် ဒီဖုန်းမှာ များပြားတဲ့ ဘက်ထရီလည်း ပါဝင်ပါတယ်။ ဒီဖုန်းမှာ ကောင်းမွန်တဲ့ စနစ်တွေ အသုံးပြုထားပေမယ့် ဈေးနှုန်း ဒေါ်လာ 399 ဘဲ သတ်မှတ်ထားပါတယ်။

Xiaomi Mi CC9 Proမှာ ထောင့်ကွေး AMOLED သုံးထားပြီး Waterdrop Notch ပါဝင်ပါတယ်။ မျက်နှာပြင်က 6.47 လက်မ ဖြစ်ပါတယ်။ 1080 x 2340 px Full HD+ Resolution ဖြင့် ထောက်ပံ့ထားပါတယ်။ TUV Rheinland ထောက်ခံချက်ရရှိထားတာကြောင့် မျက်စိထိခိုက်မှု မဖြစ်စေပါဘူး။ 19:5:9 Aspect Ratio သုံးထားကာ 400000:1 Contrast Ratio၊ HDR၊ DCI-P3 Wide Color Gamut ထောက်ပံ့ထားပါတယ်။

Xiaomi က Xiaomi Mi CC9 Proက ကမ္ဘာ့ပထမဆုံး Ultra-Thin Optical In-Display Fingerprint Sensor သုံးထားတဲ့ စမတ်ဖုန်းဖြစ်ကြောင်း ဂုဏ်ယူစွာ ဆိုသွားပါတယ်။ လက်ဗွေရာစနစ်နေရာက ကြီးမားတဲ့အပြင် ရေစိုလက်နဲ့လည်း ဖုန်းဖွင့်နိုင်ပါတယ်။

Xiaomi Mi CC9 Pro ရဲ့ စိတ်ဝင်စားဖို့ အကောင်းဆုံးစနစ်က 108MP ကင်မရာပါ ကျောဘက်ကင်မရာငါးလုံး ဖြစ်ပါတယ်။ ထိပ်ဆုံးက ကင်မရာက 5MP Telephoto Lens ဖြစ်ပြီး 5x Optical ၊10x Hybrid Zoom၊ 50x Hybrid Zoom သုံးနိုင်ပါတယ်။ နောက်ကင်မရာက 12MP Portrait Sensor ဖြစ်ပါတယ်။ တတိယကင်မရာက Samsung က ထုတ်လုပ်ထားတဲ့ 108MP ကင်မရာဖြစ်ပြီး f/1.7 နဲ့ 4-Axis OIS ထောက်ပံ့ထားပါတယ်။

အထူးဗားရှင်းမှာ 8P Lens သုံးထားပြီး ယင်းဗားရှင်းက ကမ္ဘာ့ပထမဆုံး 8P Lens ပါဝင်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ နောက်ကင်မရာတစ်လုံးက 117 ဒီဂရီမြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ 20MP ဖြစ်ပြီး စတုတ္ထကင်မရာက 2MP Macro ကင်မရာ ဖြစ်ပါတယ်။ ကျောဘက်ကင်မရာငါးလုံးကို Dual LED Flash ဖြင့် ထောက်ပံ့ထားပါသေးတယ်။ ဒီဖုန်းမှာ ကျောဘက်ကင်မရာအမိုက်စားတွေ သုံးထားတဲ့အပြင် ရှေ့ကင်မရာက 32MP ဖြစ်ပါတယ်။

AI Beauty၊ AI Scense Recognition၊ Portrait Mode၊ Super Night Scene Mode 4K Video စတဲ့ စနစ်တို့ ပါဝင်ပါတယ်။ Xiaomi Mi CC9 Proဟာ Huawei Mate 30 Pro နဲ့အတူ DxOMark မှာ ရမှတ် 121 ဖြင့် အတူတူ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ Xiaomi Mi CC9 Pro ဟာ ဓာတ်ပုံရိုက်ကူးမှုအပိုင်းမှာ 130 မှတ်နဲ့ ဗီဒီယိုရိုက်ကူးမှုက ရမှတ် 102 မှတ် ရရှိပါတယ်။

Xiaomi Mi CC9 Proကို Snapdragon 730G နဲ့ ပါဝါထောက်ပံ့ထားပါတယ်။ အဆင့်မြင့်စမတ်ဖုန်းများမှာ အသုံးပြုနေတဲ့ Snapdragon 855+ ပြီးရင် အကောင်းဆုံး Chipset ဖြစ်ပါတယ်။ RAM8GB နဲ့အထိ ရွေးချယ်နိုင်ပါတယ်။ အမြင့်ဆုံးဗားရှင်းမှာ 256GB UFS 3.0 ပါဝင်ပါတယ်။ ဘက်ထရီ 5260 mAhပါဝင်တဲ့ အပြင် 30W Fast Charging လည်း ထောက်ပံ့ထားပါတယ်။ အားအပြည့်သွင်းဖို့ 65 မိနစ်ဘဲ အချိန်ယူရပါမယ်။

Xiaomi Mi CC9 Pro မှာ Android 9 Pie OS အခြေခံ MIUI 11 သုံးထားပါတယ်။ Game Turbo 2.0 Technology ပါဝင်ပြီး ဂိမ်းကစားနေစဉ်အတွင်း GPU စွမ်းဆောင်ရည်ကို မြင့်တင်ပေးပါမယ်။ အခြားစနစ်များအနေဖြင့် Dual 4G VoLTE ၊Wi-Fi 802.11ac ၊Bluetooth 5.0၊ GPS၊ Multi-Functional GPS ၊ IR Blaster ၊ USB C နဲ့ နားကြပ်တို့ ပါဝင်ပါတယ်။ အသံပိုင်းအတွက် 1CC ကြီးမားတဲ့ စပီကာသုံးထားပါတယ်။

Xiaomi Mi CC9 Pro ကို ဗားရှင်းသုံးမျိုးနဲ့ ရွေးချယ်နိုင်ပါတယ်။ 6/128GB ကို ဒေါ်လာ 399 ၊ 8GB/128GB ကို ဒေါ်လာ 442 နဲ့ 8/256GB (Exclusive Edition) ကို ဒေါ်လာ 499 သတ်မှတ်ထားပါတယ်။

Xiaomi Mi CC9 Pro မှာ Magic Green ၊ Ice Aurora ၊ Phantom Black တို့နဲ့ ရွေးချယ်နိုင်ပါမယ်။ တရုတ်မှာ ကြိုတင်အမှာလက်ခံနေပြီဖြစ်ပြီး လာမယ့်နိုဝင်ဘာလ 11 ရက်နေ့မှာ စတင်ရောင်းချသွားပါမယ်။

Xiaomi ဟာ Mi CC9 Pro ကို နိုင်ငံတကာဈေးကွက်မှာ Mi Note 10 အမည်နဲ့ ရောင်းချလာမှာဖြစ်ပြီး စပိန်မှာ စတင်ရောင်းချသွားပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

108MP ေက်ာဘက္ကင္မရာငါးလုံး ၊ ေထာင့္ေကြး႐ုပ္ထြက္ ၊ ဘက္ထရီ 5260 mAh ပါဝင္တဲ့ Xiaomi Mi CC9 Pro

Xiaomi Mi CC9 Pro ကို တရားဝင္ေၾကညာလာၿပီ ျဖစ္ပါတယ္။ Xiaomi Mi CC9 Pro ကို ေရာင္းေကာင္းလာေစမယ့္ အဓိကအခ်က္ကေတာ့ 108MP ကင္မရာပါဝင္လာတာ ျဖစ္ပါတယ္။ Xiaomi Mi CC9 Pro က Nokia 9 PureView ၿပီးေနာက္ ဒုတိယေျမာက္ ေက်ာဘက္ကင္မရာငါးလုံးပါဝင္တဲ့ စမတ္ဖုန္းလည္း ျဖစ္ပါတယ္။ ဒီဖုန္းကို Snapdragon 730G နဲ႔ ပါဝါေထာက္ပံ့ထားကာ Upper Mid-Range စမတ္ဖုန္း ျဖစ္ပါတယ္။ Xiaomi Mi CC9 Proမွာ ေထာင့္ေကြး OLED သုံးထားပါတယ္။ ဒါ့အျပင္ ဒီဖုန္းမွာ မ်ားျပားတဲ့ ဘက္ထရီလည္း ပါဝင္ပါတယ္။ ဒီဖုန္းမွာ ေကာင္းမြန္တဲ့ စနစ္ေတြ အသုံးျပဳထားေပမယ့္ ေဈးႏွုန္း ေဒၚလာ 399 ဘဲ သတ္မွတ္ထားပါတယ္။

Xiaomi Mi CC9 Proမွာ ေထာင့္ေကြး AMOLED သုံးထားၿပီး Waterdrop Notch ပါဝင္ပါတယ္။ မ်က္ႏွာျပင္က 6.47 လက္မ ျဖစ္ပါတယ္။ 1080 x 2340 px Full HD+ Resolution ျဖင့္ ေထာက္ပံ့ထားပါတယ္။ TUV Rheinland ေထာက္ခံခ်က္ရရွိထားတာေၾကာင့္ မ်က္စိထိခိုက္မွု မျဖစ္ေစပါဘူး။ 19:5:9 Aspect Ratio သုံးထားကာ 400000:1 Contrast Ratio၊ HDR၊ DCI-P3 Wide Color Gamut ေထာက္ပံ့ထားပါတယ္။

Xiaomi က Xiaomi Mi CC9 Proက ကမၻာ့ပထမဆုံး Ultra-Thin Optical In-Display Fingerprint Sensor သုံးထားတဲ့ စမတ္ဖုန္းျဖစ္ေၾကာင္း ဂုဏ္ယူစြာ ဆိုသြားပါတယ္။ လက္ေဗြရာစနစ္ေနရာက ႀကီးမားတဲ့အျပင္ ေရစိုလက္နဲ႔လည္း ဖုန္းဖြင့္နိုင္ပါတယ္။

Xiaomi Mi CC9 Pro ရဲ့ စိတ္ဝင္စားဖို႔ အေကာင္းဆုံးစနစ္က 108MP ကင္မရာပါ ေက်ာဘက္ကင္မရာငါးလုံး ျဖစ္ပါတယ္။ ထိပ္ဆုံးက ကင္မရာက 5MP Telephoto Lens ျဖစ္ၿပီး 5x Optical ၊10x Hybrid Zoom၊ 50x Hybrid Zoom သုံးနိုင္ပါတယ္။ ေနာက္ကင္မရာက 12MP Portrait Sensor ျဖစ္ပါတယ္။ တတိယကင္မရာက Samsung က ထုတ္လုပ္ထားတဲ့ 108MP ကင္မရာျဖစ္ၿပီး f/1.7 နဲ႔ 4-Axis OIS ေထာက္ပံ့ထားပါတယ္။

အထူးဗားရွင္းမွာ 8P Lens သုံးထားၿပီး ယင္းဗားရွင္းက ကမၻာ့ပထမဆုံး 8P Lens ပါဝင္တဲ့ စမတ္ဖုန္း ျဖစ္ပါတယ္။ ေနာက္ကင္မရာတစ္လုံးက 117 ဒီဂရီျမင္ကြင္းက်ယ္ ရိုက္ကူးနိုင္တဲ့ 20MP ျဖစ္ၿပီး စတုတၳကင္မရာက 2MP Macro ကင္မရာ ျဖစ္ပါတယ္။ ေက်ာဘက္ကင္မရာငါးလုံးကို Dual LED Flash ျဖင့္ ေထာက္ပံ့ထားပါေသးတယ္။ ဒီဖုန္းမွာ ေက်ာဘက္ကင္မရာအမိုက္စားေတြ သုံးထားတဲ့အျပင္ ေရွ႕ကင္မရာက 32MP ျဖစ္ပါတယ္။

AI Beauty၊ AI Scense Recognition၊ Portrait Mode၊ Super Night Scene Mode 4K Video စတဲ့ စနစ္တို႔ ပါဝင္ပါတယ္။ Xiaomi Mi CC9 Proဟာ Huawei Mate 30 Pro နဲ႔အတူ DxOMark မွာ ရမွတ္ 121 ျဖင့္ အတူတူ ထိပ္ဆုံးမွာ ရပ္တည္ေနပါတယ္။ Xiaomi Mi CC9 Pro ဟာ ဓာတ္ပုံရိုက္ကူးမွုအပိုင္းမွာ 130 မွတ္နဲ႔ ဗီဒီယိုရိုက္ကူးမွုက ရမွတ္ 102 မွတ္ ရရွိပါတယ္။

Xiaomi Mi CC9 Proကို Snapdragon 730G နဲ႔ ပါဝါေထာက္ပံ့ထားပါတယ္။ အဆင့္ျမင့္စမတ္ဖုန္းမ်ားမွာ အသုံးျပဳေနတဲ့ Snapdragon 855+ ၿပီးရင္ အေကာင္းဆုံး Chipset ျဖစ္ပါတယ္။ RAM8GB နဲ႔အထိ ေရြးခ်ယ္နိုင္ပါတယ္။ အျမင့္ဆုံးဗားရွင္းမွာ 256GB UFS 3.0 ပါဝင္ပါတယ္။ ဘက္ထရီ 5260 mAhပါဝင္တဲ့ အျပင္ 30W Fast Charging လည္း ေထာက္ပံ့ထားပါတယ္။ အားအျပည့္သြင္းဖို႔ 65 မိနစ္ဘဲ အခ်ိန္ယူရပါမယ္။

Xiaomi Mi CC9 Pro မွာ Android 9 Pie OS အေျခခံ MIUI 11 သုံးထားပါတယ္။ Game Turbo 2.0 Technology ပါဝင္ၿပီး ဂိမ္းကစားေနစဥ္အတြင္း GPU စြမ္းေဆာင္ရည္ကို ျမင့္တင္ေပးပါမယ္။ အျခားစနစ္မ်ားအေနျဖင့္ Dual 4G VoLTE ၊Wi-Fi 802.11ac ၊Bluetooth 5.0၊ GPS၊ Multi-Functional GPS ၊ IR Blaster ၊ USB C နဲ႔ နားၾကပ္တို႔ ပါဝင္ပါတယ္။ အသံပိုင္းအတြက္ 1CC ႀကီးမားတဲ့ စပီကာသုံးထားပါတယ္။

Xiaomi Mi CC9 Pro ကို ဗားရွင္းသုံးမ်ိဳးနဲ႔ ေရြးခ်ယ္နိုင္ပါတယ္။ 6/128GB ကို ေဒၚလာ 399 ၊ 8GB/128GB ကို ေဒၚလာ 442 နဲ႔ 8/256GB (Exclusive Edition) ကို ေဒၚလာ 499 သတ္မွတ္ထားပါတယ္။

Xiaomi Mi CC9 Pro မွာ Magic Green ၊ Ice Aurora ၊ Phantom Black တို႔နဲ႔ ေရြးခ်ယ္နိုင္ပါမယ္။ တ႐ုတ္မွာ ႀကိဳတင္အမွာလက္ခံေနၿပီျဖစ္ၿပီး လာမယ့္နိုဝင္ဘာလ 11 ရက္ေန႔မွာ စတင္ေရာင္းခ်သြားပါမယ္။

Xiaomi ဟာ Mi CC9 Pro ကို နိုင္ငံတကာေဈးကြက္မွာ Mi Note 10 အမည္နဲ႔ ေရာင္းခ်လာမွာျဖစ္ၿပီး စပိန္မွာ စတင္ေရာင္းခ်သြားပါမယ္။

NetGuide Journal (Every Wednesday)