Vivo ဟာ အလယ်အလတ်တန်း စမတ်ဖုန်းသစ်တစ်လုံးကို ကြေညာလာပါတယ်။ Vivo Y5s ဖြစ်ပါတယ်။ Vivo Y5s ကို ဈေးနူန်း ဒေါ်လာ 213 သတ်မှတ်ထားပြီး အပြာရောင်၊ အနက်ရောင်၊ အစိမ်းရောင်တို့နဲ့ ရွေးချယ်နိုင်ပါမယ်။
Vivo Y5s မှာ မျက်နှာပြင် 6.53 လက်မ IPS LCD Full HD+ ရုပ်ထွက်ထောက်ပံ့ထားပါတယ်။ အလင်းပေးမှု 394ppi ရှိပြီး 19:5:9 Aspect Ratio သုံးထားပါတယ်။ Screen-to Body Ratio က 90.3 ရာခိုင်နူန်းအထိ ရှိပါတယ်။
ဒီဖုန်းကို 2.0GHz Octa-core Processor Helio P65 Chipset နဲ့ ပါဝါထောက်ပံ့ထားပါတယ်။ 6GB LPDDR4X RAM နဲ့ Storage 128GB ပါဝင်ပါတယ်။ microSD ကနေ ထပ်တိုးလို့ရပါတယ်။
ကျောဘက်ကင်မရာသုံးလုံးပါဝင်ပြီး AI စနစ်နဲ့ LED Flash တို့ ထောက်ပံ့ထားပါတယ်။ အဓိကကင်မရာက 16MP f/1.78 ဖြစ်ပြီး PDAF ဖြင့် ထောက်ပံ့ထားပါတယ်။ ဒုတိယကင်မရာက 120 ဒီဂရီမြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ 8MP ဖြစ်ပြီး Macro Shot လည်း ရိုက်ကူးနိုင်ပါတယ်။ တတိယကင်မရာက 2MP f/2.4 Depth Sensor ဖြစ်ပါတယ်။ ဒီဖုန်းမှာ ရှေ့ကင်မရာက 16MP ဖြစ်ပါတယ်။
Android 9 Pie OS အခြေခံ FunTouch OS 9.2 UI သုံးထားပါတယ်။ Multi-Turbo Technology ပါဝင်ကာ ဖုန်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးပါမယ်။ ပါဝါခလုတ်ကို နှစ်ချက်နှိပ်ရင် Jovi Assistant သုံးနိုင်ပါမယ်။
NetGuide Journal (Every Wednesday)
—————————————————————————————
  • (Zawgyi Version)
မျက်နှာပြင် 6.53 လက်မ၊ Helio P65 ၊ ဘက်ထရီ 5000 mAh ပါဝင်တဲ့ Vivo Y5s ကို ကြေညာ