ပထမမျိုးဆက် Google Pixel နဲ့ Google Pixel XL တို့ဟာ နိုဝင်ဘာလအတွက် လုံခြုံရေးဆော့ဝဲလ် Update မရရှိပါဘူး။ ဒါကြောင့် Google ဟာ သူတို့ကတိပေးထားသလို ရာသက်ပန်ဆော့ဝဲလ် Update မပေးတော့ဘူးလား လို့ စဉ်းစားလာခဲ့ကြပါတယ်။

ဒါပေမယ့် တကယ်တမ်းမှာလည်း Google ဟာ Pixel ကို ရာသက်ပန်ဆော့ဝဲလ် Update ပေးသွားမှာ မဟုတ်ပါ ဘူး။ Google က ပထမမျိုးဆက် Pixel ဖုန်းများဟာ လာမယ့်ဒီဇင်ဘာလမှာ နောက်ဆုံးလုံခြုံရေး ဆော့ဝဲလ် Update ရရှိမှာဖြစ်ကြောင်း ပြောကြားလာပါတယ်။ Google က နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအတွက် လုံခြုံရေး တိုးတက်မြှင့်မှုဆော့ဝဲလ် Update ကို ပေါင်းပေးမှာလို့ ဆိုသွားပါတယ်။

Google ဟာ Pixel ဖုန်းများကို နှစ်ကြိမ်သာ OS Update ပေးမယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် Pixel ဖုန်း အသုံးပြုသူများဟာ နောက်ဆုံးထွက် Android 10 Update ရရှိလို့ အံ့ဩခဲ့ကြပါတယ်။

ဘာပဲဖြစ်ဖြစ် ယခုအခါမှာတော့ Google Pixel အသုံးပြုသူများဟာ နောက်ဆုံးဆော့ဝဲလ် Update ရရှိပြီး ဆော့ဝဲလ် Update နဲ့ပတ်သက်ပြီး နူတ်ဆက်ရတော့မှာ ဖြစ်ပါတယ်။

စာပရိသတ်တွေထဲမှာ Google Pixel သုံးနေတဲ့သူတွေ ရှိသလား။ ဖုန်းပြောင်းသင့်ဖို့ သင့်ပြီလို့ယူဆလား?

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

ပထမမ်ိဳးဆက္ Google Pixel ဖုန္းမ်ား ဒီဇင္ဘာလတြင္ ေနာက္ဆုံး Update ရရွိမည္

ပထမမ်ိဳးဆက္ Google Pixel နဲ႔ Google Pixel XL တို႔ဟာ နိုဝင္ဘာလအတြက္ လုံျခဳံေရးေဆာ့ဝဲလ္ Update မရရွိပါဘူး။ ဒါေၾကာင့္ Google ဟာ သူတို႔ကတိေပးထားသလို ရာသက္ပန္ေဆာ့ဝဲလ္ Update မေပးေတာ့ဘူးလား လို႔ စဥ္းစားလာခဲ့ၾကပါတယ္။

ဒါေပမယ့္ တကယ္တမ္းမွာလည္း Google ဟာ Pixel ကို ရာသက္ပန္ေဆာ့ဝဲလ္ Update ေပးသြားမွာ မဟုတ္ပါ ဘူး။ Google က ပထမမ်ိဳးဆက္ Pixel ဖုန္းမ်ားဟာ လာမယ့္ဒီဇင္ဘာလမွာ ေနာက္ဆုံးလုံျခဳံေရး ေဆာ့ဝဲလ္ Update ရရွိမွာျဖစ္ေၾကာင္း ေျပာၾကားလာပါတယ္။ Google က နိုဝင္ဘာလနဲ႔ ဒီဇင္ဘာလအတြက္ လုံျခဳံေရး တိုးတက္ျမႇင့္မွုေဆာ့ဝဲလ္ Update ကို ေပါင္းေပးမွာလို႔ ဆိုသြားပါတယ္။

Google ဟာ Pixel ဖုန္းမ်ားကို ႏွစ္ႀကိမ္သာ OS Update ေပးမယ္လို႔ ဆိုထားပါတယ္။ ဒါေၾကာင့္ Pixel ဖုန္း အသုံးျပဳသူမ်ားဟာ ေနာက္ဆုံးထြက္ Android 10 Update ရရွိလို႔ အံ့ဩခဲ့ၾကပါတယ္။

ဘာပဲျဖစ္ျဖစ္ ယခုအခါမွာေတာ့ Google Pixel အသုံးျပဳသူမ်ားဟာ ေနာက္ဆုံးေဆာ့ဝဲလ္ Update ရရွိၿပီး ေဆာ့ဝဲလ္ Update နဲ႔ပတ္သက္ၿပီး ႏူတ္ဆက္ရေတာ့မွာ ျဖစ္ပါတယ္။

စာပရိသတ္ေတြထဲမွာ Google Pixel သုံးေနတဲ့သူေတြ ရွိသလား။ ဖုန္းေျပာင္းသင့္ဖို႔ သင့္ၿပီလို႔ယူဆလား?

NetGuide Journal (Every Wednesday)