သိပ္ပံပညာရှင်များက အသက် 6 နှစ်အောက် ကလေးငယ်များအား စမတ်ဖုန်း၊ Tablet ၊ တီဗွီကြည့်ခွင့် များစွာပေးမှုကြောင့် ဘာသာစကားတတ်ကျွမ်းမှုအပိုင်း၊ စာရေးဖတ်မှုအပိုင်းမှာ ခက်ခဲလာစေနိုင်ကြောင်း အပြင်းအထန် သတိ ပေးလိုက်ပါတယ်။

တီဗွီ၊ စမတ်ဖုန်းတို့ အသုံးပြုသူများကြောင့် ကလေးငယ်များရဲ့ စကားပြောမှုအပိုင်း၊ စဉ်းစားတွေးတောမှုအပိုင်း၊ စာဖတ်မှုအပိုင်းတို့ကို အကြီးအကျယ်ရိုက်ခတ်နေတာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ကလေးများဟာ အိမ်မှာသာမက ကျောင်း၊ ကလေးစောင့်ရှောက်ရေးဂေဟာတို့မှာပါ တီဗွီ၊ စမတ်ဖုန်း စတဲ့ ရုပ်ထွက်ပါပစ္စည်းကို သုံးနေပါတယ်။

Screen Time က ကလေးငယ်များအပေါ် ဘယ်လိုရိုက်ခတ်နိုင်သလိုဆိုတာ သုသေသနပြုလုပ်မှုကို ဦးဆောင်တဲ့ ဒေါက်တာဂျွန်ဟတ်တင်က ကလေးငယ်များရဲ့ ဦးနှောက်ဖွံ့ဖြိုးတည်ဆောက်မှုဟာ စမတ်ဖုန်းစတဲ့ ရုပ်ထွက်ပါပစ္စည်း အသုံးပြုမှုကြောင့် များစွာနှေးကွေးစေကြောင်း၊ မိဘများအနေဖြင့် သားသမီးများကို ကလေးငယ်များရဲ့ တီဗွီကြည့်မှု၊ စမတ်ဖုန်း အသုံးပြုစေမှုတို့ကို အချိန်အကန့်အသတ်ဖြင့် ပြုလုပ်စေသင့်ကြောင်း ဆိုသွားပါတယ်။

သုသေသီများဟာ အသက် 3 နှစ်မှ 5 နှစ်အတွင်းရှိ ကလေးငယ်များကို သုသေသနပြုခဲ့ကြတာ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

ကလေးများအား စမတ်ဖုန်း ၊ တီဗွီ ၊ Tablet အသုံးပြုခွင့် မပေးသင့်တော့ဘူးလား





