Xiaomi ဟာ Mi TV 5 Pro စီးရီးနဲ့အတူ Mi TV 5 စီးရီးကိုလည်း ကြေညာလာပါတယ်။ အမည်မှာ အသုံးပြုထား သလိုဘဲ Mi TV 5 က Proဗားရှင်းရဲ့ ဈေးနူန်းနည်းဗားရှင်းဖြစ်ပါတယ်။ Pro ဗားရှင်းလိုဘဲ အရွယ်အစားသုံးမျိုးနဲ့ ထုတ်လုပ်ထားကာ 55 လက်မ၊ 65 လက်မ၊ 75 လက်မတို့နဲ့ ရွေးချယ်နိုင်ပါမယ်။

ပုံမှန်ဗားရှင်းနဲ့ ပရိုဗားရှင်းအကြား အဓိကကွဲပြားသွားတာကတော့ ပုံမှန်ဗားရှင်းမှာ Quantum Dot Display မသုံး ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင်အတွင်းပိုင်း အသုံးပြုထားမှုအပိုင်းအချို့လည်းကွဲပြားပါတယ်။ Xiaomi က စမတ်တီဗွီများအတွက် ဖန်တီးထားတဲ့ PatchWallပါဝင်ပါတယ်။

RAM3GB နဲ့ Storage 32GBပါဝင်ပါတယ်။ Pro ဗားရှင်းမှာတော့ RAM4GB/64GB eMMC အသုံးပြုထားပါတယ်။ Pro ဗားရှင်းလိုဘဲ Dolby Atmos၊ DTS ၊ 8W စတီရီယိုစပီကာနှစ်လုံး ပါဝင်ပါတယ်။

ဒီဇိုင်းမှာတော့ ပုံမှန်ဗားရှင်းနဲ့ ပရိုဗားရှင်းတို့က အတူတူ ဖြစ်ပါတယ်။ 5.9 မီလီမီတာသာ ထူပြီး iPhone 11 ထက် ပိုပါးပါတယ်။

Mi TV 5 ရဲ့ 55 လက်မ ဗားရှင်းကို 428 ဒေါ်လာ၊ 65 လက်မ ဗားရှင်းကို ဒေါ်လာ 571 နဲ့ 75 လက်မ ဗားရှင်းကို ဒေါ်လာ 1142 သတ်မှတ်ထားပါတယ်။ လာမယ့် နိုဝင်ဘာလ 11 ရက်နေ့မှာ စတင်ရောင်းချသွားပါမယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Xiaomi Mi TV 5 ကို အရြယ္အစား သုံးမ်ိဳးျဖင့္ ေၾကညာလာ

Xiaomi ဟာ Mi TV 5 Pro စီးရီးနဲ႔အတူ Mi TV 5 စီးရီးကိုလည္း ေၾကညာလာပါတယ္။ အမည္မွာ အသုံးျပဳထား သလိုဘဲ Mi TV 5 က Proဗားရွင္းရဲ့ ေဈးႏူန္းနည္းဗားရွင္းျဖစ္ပါတယ္။ Pro ဗားရွင္းလိုဘဲ အရြယ္အစားသုံးမ်ိဳးနဲ႔ ထုတ္လုပ္ထားကာ 55 လက္မ၊ 65 လက္မ၊ 75 လက္မတို႔နဲ႔ ေရြးခ်ယ္နိုင္ပါမယ္။

ပုံမွန္ဗားရွင္းနဲ႔ ပရိုဗားရွင္းအၾကား အဓိကကြဲျပားသြားတာကေတာ့ ပုံမွန္ဗားရွင္းမွာ Quantum Dot Display မသုံး ထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္အတြင္းပိုင္း အသုံးျပဳထားမွုအပိုင္းအခ်ိဳ႕လည္းကြဲျပားပါတယ္။ Xiaomi က စမတ္တီဗြီမ်ားအတြက္ ဖန္တီးထားတဲ့ PatchWallပါဝင္ပါတယ္။

RAM3GB နဲ႔ Storage 32GBပါဝင္ပါတယ္။ Pro ဗားရွင္းမွာေတာ့ RAM4GB/64GB eMMC အသုံးျပဳထားပါတယ္။ Pro ဗားရွင္းလိုဘဲ Dolby Atmos၊ DTS ၊ 8W စတီရီယိုစပီကာႏွစ္လုံး ပါဝင္ပါတယ္။

ဒီဇိုင္းမွာေတာ့ ပုံမွန္ဗားရွင္းနဲ႔ ပရိုဗားရွင္းတို႔က အတူတူ ျဖစ္ပါတယ္။ 5.9 မီလီမီတာသာ ထူၿပီး iPhone 11 ထက္ ပိုပါးပါတယ္။

Mi TV 5 ရဲ့ 55 လက္မ ဗားရွင္းကို 428 ေဒၚလာ၊ 65 လက္မ ဗားရွင္းကို ေဒၚလာ 571 နဲ႔ 75 လက္မဗားရွင္းကို ေဒၚလာ 1142 သတ္မွတ္ထားပါတယ္။ လာမယ့္ နိုဝင္ဘာလ 11 ရက္ေန႔မွာ စတင္ေရာင္းခ်သြားပါမယ္။

NetGuide Journal (Every Wednesday)