မေလကုန်ပိုင်းလောက်မှ Xiaomi ကနေ သူ့ရဲ့ Redmi New Product Launch ပွဲမှာ Flagship Killer Model 2 ခုဖြစ်တဲ့ Redmi K20 နဲ့ Redmi K20 Pro တို့ကို မိတ်ဆက်ပေးခဲ့ပါတယ်။ K20 ရော K20 Pro မှာပါ 6.39 inches ရှိ AMOLED Display ကို အသုံးပြုပေးထားတာ ဖြစ်ပါတယ်။ ဒီတစ်ခါတော့ Display အပေါ်ဘက်မှာ Selfie Camera တပ်ဆင်ထားတာမဟုတ်ဘဲ Pop-up Camera အနေနဲ့ တပ်ဆင်ထားတာကြောင့် Notch မပါ၀င်ပါဘူး။ Performance ပိုင်းမှာဆိုရင်လည်း K20 မှာ Snapdragon 730 (8nm) နဲ့ K20 Pro မှာတော့ Snapdragon 855 (7nm) တို့ကို အသီးသီးတပ်ဆင် အသုံးပြုပေးထားပါတယ်။ Design ပိုင်းမှာလည်း ရေလှိုင်းပုံစံလေးတွေနဲ့ကိုမှ Corning Gorilla Glass 6 နဲ့ Aluminium 7000 Series အသုံးပြုပေးထားပြီး ကျောဘက်မျက်နှာပြင်မှာ Curved Design နဲ့ 3D Gradient နည်းပညာ အသုံးပြုထားတာကြောင့် ပတ်ဝန်းကျင်က အလင်းရောင်အနေအထားပေါ် မူတည်ပြီး အရောင်ပြောင်းတာမျိုး ဖြစ်နိုင်ပါတယ်။
(1). Design
Xiaomi Redmi K20
Xiaomi Redmi K20 မှာ 156.7 x 74.3 x 8.8 mm အရွယ်အစားရှိကာ 191g အလေးချိန် ရှိပါတယ်။ အရောင်အနေနဲ့ Carbon Black, Flame red, Glacier Blue ဆိုပြီး ရရှိနိုင်ပါတယ်။ Fingerprint အနေနဲ့ Under Display Sensor ကို အသုံးပြုပေးထားပါတယ်။
Xiaomi Redmi K20 Pro
Xiaomi Redmi K20 Pro ကတော့ 156.7 x 74.3 x 8.8 mm အရွယ်အစားရှိကာ အလေးချိန်ခြင်း အတူတူပါပဲ။ အရောင်အနေနဲ့ကလည်း ဆင်တူထုတ်လုပ်ထားပြီး Under Display Fingerpirnt Sensor ကို တပ်ဆင်ပေးထားပါတယ်။
(2). Processor
Xiaomi Redmi K20
K20 မှာ Qualcomm SDM730 Snapdragon 730 (8nm) ကို သုံးထားပြီး 2.2GHz မြန်နှုန်းရှိ Kryo 470 Gold 2 ခု ၊ 1.8GHz မြန်နှုန်းရှိ Kryo 470 Silver 6 ခု ကို သုံးထားပါတယ်။ ဂရပ်ဖစ်က Adreno 618 ကို တပ်ဆင်ပေးထားပါတယ်။
Xiaomi Redmi K20 Pro
K20 Pro မှာ Qualcomm SDM730 Snapdragon 730 (8nm) ကို သုံးထားပြီး 2.84GHz မြန်နှုန်းရှိ Kryo 485 1 ခု ၊ 2.42GHz မြန်နှုန်းရှိ Kryo 485 3 ခုနဲ့ 1.8GHz မြန်နှုန်းရှိ Kryo 485 4 ခု သုံးထားပါတယ်။ ဂရပ်ဖစ်က Adreno 640 ကို တပ်ဆင်ပေးထားပါတယ်။
(3). Display
Xiaomi Redmi K20
Redmi K20 မှာ 6.39 လက်မ Display မှာ 1080 x 2340 pixels resolution နဲ့ 19.5:9 ratio ရှိတဲ့ AMOLED အမျိုးအစား ဖြစ်ပါတယ်။ Screen-to-body အချိုးဟာ 86.1% ရှိပါတယ်။ Pixel density 403 ppi ရှိပါတယ်။
Xiaomi Redmi K20 Pro
Redmi K20 Pro မှာ 6.39 လက်မ Display မှာ 1080 x 2340 pixels resolution နဲ့ 19.5:9 ratio ရှိတဲ့ Super AMOLED အမျိုးအစား ဖြစ်ပါတယ်။ Screen-to-body အချိုးဟာ 86.1% ရှိပါတယ်။ Pixel density 403 ppi ရှိပါတယ်။
(4). Verdict
Xiaomi Redmi K20
K20 မှာ အဓိကကင်မရာအနေနဲ့ Triple 48MP + 8MP + 13MP ဖြစ်ပြီး Selfie အတွက် Motorized pop-up 20MP ကင်မရာ တပ်ဆင်ထားပါတယ်။ Android 9.0 (Pie) ကို MIUI 10 က ထောက်ပံ့ပေးထားပါတယ်။ ဘက်ထရီအနေနဲ့ Non-removable Li-Po 4000 mAh ကို တပ်ဆင်ပေးထားပြီး Fast Battery Charging 18W အသုုံးပြုပေးထားပါတယ်။
Xiaomi Redmi K20 Pro
K20 Pro မှာ အဓိကကင်မရာအနေနဲ့ Triple 48MP + 8MP + 13MP ဖြစ်ပြီး Selfie အတွက် Motorized pop-up 20MP ကင်မရာ တပ်ဆင်ထားပါတယ်။  Android 9.0 (Pie) ကို MIUI 10 က ထောက်ပံ့ပေးထားပါတယ်။ ဘက်ထရီအနေနဲ့ Non-removable Li-Po 4000 mAh ကို တပ်ဆင်ပေးထားပြီး Fast Battery Charging 18W အသုံုးပြုပေးထားပါတယ်။
NetGuide Journal (Every Wednesday)
——————————————————————————————————–
(Zawgyi Version)
Xiaomi Redmi K20 VS Xiaomi Redmi K20 Pro
(1). Design
Xiaomi Redmi K20
Xiaomi Redmi K20 Pro
(2). Processor
Xiaomi Redmi K20
Xiaomi Redmi K20 Pro
(3). Display
Xiaomi Redmi K20
Xiaomi Redmi K20 Pro
(4). Verdict
Xiaomi Redmi K20
Xiaomi Redmi K20 Pro