WPS Office ဟာ Android ဖုန်းတွေနဲ့ tablet တွေမှာ အသုံးပြုနိုင်တဲ့ size အသေးဆုံးနဲ့ အပြည့်စုံဆုံး office suite ဖြစ်ပြီး Office word processor function တွေဖြစ်တဲ့ Word, PDF, Presentation, Spreadsheet, Memo နဲ့ Docs Scanner တို့ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Application တစ်ခုတည်းနဲ့ အားလုံး အသုံးပြုနိုင်မှာဖြစ်ပြီး Microsoft Word, Excel, PowerPoint, Google Doc , Google Sheet, Google Slides, Adobe PDF နဲ့ OpenOffice တို့နဲ့ အပြည့်အဝ တွဲဖက်အသုံးပြုနိုင်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ office word processing အားလုံးကို ဖုန်း၊ tablet နဲ့အခြား portable device တွေထဲမှာ သွားရင်းလာရင်း အလွယ်တကူ လုပ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။ Word, text, excel, PowerPoint, doc စတဲ့ office document တွေ အားလုံးကို PDFs အဖြစ် format ပြောင်းနိုင်သလို ဖုန်းကင်မရာကို အသုံးပြုပြီးတော့ paper document တွေကို PDF/ image တွေအဖြစ် scan လုပ်နိုင်ပါတယ်။ PDFs တွေကို ဖွင့်ဖတ်နိုင်တဲ့အပြင် သွားရင်းလာရင်းနဲ့ Presentation တွေလည်း လုပ်နိုင်ပါတယ်။ အသုံပြုဖို့အတွက် Android 4.1 နဲ့အထက် လိုအပ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

WPS Office – Word, Docs, PDF, Note, Slide & Sheet

