UNKILLED – Zombie FPS Shooting Game ဟာ zombie တိုက်ခိုက်ရေးဂိမ်းဖြစ်ပြီး ဆုတွေ အများကြီးရထားတဲ့ FPS ဂိမ်းတစ်ခုဖြစ်ကာ WOLFPACK လို့ခေါ်တဲ့ ပုဂ္ဂလိကစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တစ်ယောက်အဖြစ် မကောင်းဆိုးဝါး zombie တွေကို တိုက်ခိုက်ချေမှုန်းရမယ့်ဂိမ်းပုံစံကို ကစားရမှာပါ။ Zombie ရောဂါကူးစက်မှု အကြီးအကျယ်ဖြစ်နေတဲ့ နယူးယောက်ကိုသွားပြီး တစ်ကမ္ဘာလုံးမပျံ့နှံ့ခင်မှာ zombie တွေကို ချေမှုန်းရမယ့် အထူးတာဝန်ကို ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ Zombie တိုက်ခိုက်ရေးမစ်ရှင်ပေါင်း 300 ကျော်ကို ပြီးမြောက်အောင်လုပ်ရမှာဖြစ်ပြီး အချို့မစ်ရှင်တွေမှာ လူတွေကို ကယ်တင်ပေးရတာနဲ့ zombie တွေကို ရှာဖွေသတ်ဖြတ်ရမှာ ဖြစ်ပါတယ်။ လက်နက်အမျိုးမျိုးသုံးပြီး Zombie တွေကို ရင်ဆိုင်နိုင်ကာ မစ်ရှင်တစ်ခုကို မစတင်ခင်မှာ လက်နက်ကို စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ မစ်ရှင်တစ်ခုကို အောင်မြင်ပြီးတိုင်း bonus တွေ ရမှာဖြစ်ပြီး အဲဒီ bonus တွေမှာ money နဲ့ experience တို့ ပါဝင်ပါတယ်။ လက်နက်သစ်တွေ ဝယ်ယူဖို့အတွက် money တွေကို သုံးပြီး လက်နက်တွေကို အဆင့်မြှင့်တင်ဖို့အတွက် experience တွေကို သုံးရမှာပါ။ Online PvP multiplayer battle တွေမှာ သူငယ်ချင်းတွေနဲ့ စိန်ခေါ်နိုင်ပါတယ်။ Android 4. 1 နဲ့အထက်မှာ ကစားနိုင်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

UNKILLED – Zombie FPS Shooting Game

