ဒီကီးဘုတ်က သင်စာရိုက်တဲ့ writing style ကို သင်ယူနိုင်တာဖြစ်လို့ စာရိုက်တာ ပိုမြန်ဆန်စေပါတယ်။ စာရိုက်ဖို့အတွက် ကိုယ်စိတ်ကြိုက်ပုံစံဖြစ်တဲ့ ကီးဘုတ်ကို အသုံးပြုပြီး emoji တို့၊ Gifs တို့လို အရာတွေကို သင်ကြိုက်တဲ့ပုံစံနဲ့ ပို့နိုင်မှာပါ။ ဗန်းစကားအသုံးအနှုန်းတွေ၊ နာမည်ပြောင်တွေနဲ့ emoji တွေ အပါအဝင် သင့်ရဲ့ ထူးခြားတဲ့ စာရိုက်ပုံရိုက်နည်းကို အမြဲလေ့လာပြီး လိုက်လျောညီထွေဖြစ်အောင် လိုက်ညှိပေးနိုင်တဲ့ ကီးဘုတ်ပါ။ သင်ကြိုက်နှစ်သက်တဲ့ emoji တွေကိုလည်း မှတ်ထားတာဖြစ်လို့ သင့်ရဲ့သူငယ်ချင်းတွေဆီ reaction လုပ်တဲ့အချိန်မှာ အမြဲတမ်းမှန်ကန်တဲ့ reaction တွေ ဖြစ်နေမှာပါ။ Autocorrect ရသလို ခန့်မှန်းစကားလုံး prediction တွေ ဖော်ပြပေးလို့ စကားလုံးတွေကို အမှားအယွင်းမရှိဘဲ မြန်မြန်ရိုက်နိုင်မှာ ဖြစ်တဲ့အတွက် သိပ်အလုပ်ဖြစ်တဲ့ ကီးဘုတ်လို့ ပြောရမှာ ဖြစ်ပါတယ်။ Swipe-to-type နဲ့ tap-to-type ဆိုတဲ့ ပုံစံ 2 မျိုးထဲက ကြိုက်တဲ့ပုံစံကိုသုံးပြီး စာရိုက်နိုင်ပါတယ်။ ကီးဘုတ် theme ပေါင်း 100 ကျော်ထဲကနေ ရွေးချယ်နိုင်တဲ့အပြင် ကိုယ့်ရဲ့ဓာတ်ပုံကို နောက်ခံအဖြစ် သုံးပြီးတော့လည်း ကိုယ်ပိုင် keyboard theme ဖန်တီးနိုင်ပါတယ်။ Android 5.0 ဝ နဲ့အထက်မှာ အသုံးပြုနိုင်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

SwiftKey Keyboard

