Samsung Galaxy A Family  ရဲ့ နောက်ဆုံးမော်ဒယ်အသစ်တစ်ခုဖြစ်တဲ့ Samsung Galaxy A10s ကို ပြီးခဲ့တဲ့ သြဂုတ်လကထုတ်လုပ်ပေးခဲ့ပြီး အခုအောက်တိုဘာလမှာ နောက်ထပ်မော်ဒယ်အသစ်တစ်ခုဖြစ်တဲ့  Samsung Galaxy A20s ကို ထပ်မံထုတ်လုပ်ပေးခဲ့ပါတယ်။ ၎င်းဖုန်းဟာလည်း အခုဆိုရင် မြန်မာနိုင်ငံ မိုဘိုင်းလ်စျေးကွက်ထဲကို ရောက်ရှိလာနိုင်ဖွယ်ရှိပါတယ်။ ၎င်းဟာ မျက်နှာပြင်ကျယ်ကျယ်၊ ဘက်ထရီစွမ်းအား ကောင်းကောင်းနဲ့ စက်စွမ်းဆောင်ရည်ကောင်းမွန်တဲ့ အဆင့်မြင့်စမတ်ဖုန်းတစ်လုံးဖြစ်ပြီး ဒီဇိုင်းပုံစံကလည်း ရိုးရိုးရှင်းရှင်းနဲ့ circular notch ဒီဇိုင်းပုံစံတစ်ခြား ဖုန်းတွေလိုပါပဲ။ အလယ်အလယ်တန်းစားစမတ်ဖုန်းအနေနဲ့ ထုတ်လုပ်ပေးထားပေမယ့် အဆင့်မြင့် Specsifications တွေနဲ့ features ကို ထည့်သွင်းပေးထားတာကြောင့် သုံးစွဲရတာအရမ်းအဆင်ပြေမှာပါ။ အရှေ့ဘက်မှာ Notch သေးသေးလေးသာပါရှိလို့ ကျယ်ပြန့်တဲ့ မျက်နှာပြင် ကို ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ပါတယ်။ နောက်ကျောဘက် ညာဘက်ထောင့်မှာ အနောက် Camera 3 လုံးနဲ့ LED Flash မီးလုံးတို့ ဒေါင်လိုက်တည်ရှိပြီး ယုံကြည်စိတ်ချစွာအသုံးပြုနိုင်တဲ့ Fingerprint Scanner ကလည်း နောက်ကျောဘက်မှာပဲ တပ်ဆင်ပေးထားပါတယ်။ ဖုန်းအရွယ်အစားက 163.3 x 77.5 x 8 mm (6.43 x 3.05 x 0.31 in) ရှိပြီး 183g လေးပါတယ်။ ဒါကြောင့် ကိုင်တွယ်သုံးစွဲလို့ကောင်းတဲ့ အနေတော်အရွယ်အစားလေးပါပဲ။
၎င်းကို GSM, HSPA နဲ့ LTE networks တွေမှာအသုံးပြုနိုင်ပြီး Single SIM နဲ့ Dual SIM ဆိုတဲ့  version 2မျိုးကို ထုတ်လုပ်ပေးထားပါတယ်။ ထည့်သွင်းသုံးစွဲရမယ့် SIM card အမျိုးအစား ကတော့ Nano SIM ပဲ ဖြစ်ပါတယ်။ မျက်နှာပြင်က 6.5-inch အကျယ်ရှိပြီး IPS LCD capacitive touchscreen, 16M colors display နဲ့ပြုလုပ်ထားပါတယ်။ ဒါကြောင့် သူ့အရင်မော်ဒယ် Galaxy A10s ထက် ပိုမိုကြီးမားကျယ်ပြန့်ပါတယ်။ ၎င်းမျက်နှာပြင်က 19.5:9 ratio မှာ 720 x 1560 pixels စွမ်းအားရှိတဲ့ မြင်ကွင်းတွေကိုပြသနိုင်ပါတယ်။ ကျယ်ပြန့်တဲ့ မျက်နှာပြင်က ကောင်းမွန်တဲ့ မြင်ကွင်းစွမ်းအားတွေကိုရရှိနိုင်မှာပါ။ ဒါကြောင့် ဂိမ်းကစားတာ၊ စာဖတ်တာတွေနဲ့ ရုပ်ရှင်ကြည့်တာတွေကို အဆင်ပြေပြေလုပ်ဆောင်နိုင်ပါတယ်။ အထဲမှာတော့ နောက်ဆုံးပေါ် Android 9.0 (Pie) ကိုအခြေခံထားတဲ့ အဆင့်မြင့်  One UI ကို run ပေးထားတဲ့အတွက် သုံးစွဲရတာအဆင့်မြင့် မားမှုရှိပါတယ်။ ဖုန်းတစ်လုံးရဲ့အရေးကြီးဆုံး စက်စွမ်းဆောင်ရည်ပိုင်းအတွက် တန်းဝင်အဆင့်ရှိတဲ့ chipset နဲ့ RAM 3/4GB ပါရှိတဲ့ အရည်အသွေးမြင့် processor တို့ကို ပ့ံပိုးပေးထားပါတယ်။ ရုပ်ထွက်ပိုင်းအတွက်လည်း အရည်အသွေးမြင့် Adreno 506 GPU ကိုသုံးထားပါတယ်။ ကင်မရာစွမ်းဆောင်ရည်ပိုင်းအတွက်တော့ အနောက်ကင်မရာက 13 MP, f/1.8, 27mm (wide), PDAF + 8 MP, f/2.2, 13mm (ultrawide) + 5 MP, f/2.2, depth sensor စွမ်းအားတွေပါရှိပြီး LED flash, panorama, HDR ဆိုတဲ့ Functions တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။
အရှေ့ကင်မရာက 8 MP, f/2.0 aperture စွမ်းအားတွေကို ထောက်ပံ့ပေးထား တာကြောင့် အရည်အသွေးသင့်တင့်ကောင်းမွန်တဲ့ ဓာတ်ပုံတွေနဲ့ဗီဒီယိုတွေကိုလည်း ရိုက်ကူးပေးနိုင်ပါတယ်။ ဒါ့အပြင် ထောက်ပံ့ပေးထားတဲ့ Bluetooth စနစ်က 4.2, A2DP, LE စနစ်တွေဖြစ်လို့ လွယ်ကူလျင်မြန်ချိတ် ဆက်မှုတွေပြုလုပ်နိုင်ပြီး USB ချိတ်ဆက်မှုအနေနဲ့ Type-C 1.0 reversible connector ပေါက်ပါရှိပါတယ်။ ၎င်းမှာ built-in FM radio စနစ်ပါရှိလို့ ရေဒီယိုတွေ ဖမ်းယူနားဆင်နိုင်ပြီး စပီကာစွမ်းရည်ကလည်း အသင့်အ တင့်ကောင်းမွန်မှုရှိပါတယ်။ ဖုန်းလိုင်းဆွဲအားကောင်းမွန်ပြီး အင်တာနက်အသုံးပြုရတာလည်း မြန်ဆန်မှုရှိပါ တယ်။ ၎င်းဖုန်းကိုထုတ်လုပ်ပေးထားတဲ့ အရောင်တွေကတော့ တည်ငြိမ်တဲ့ အပြာရောင်၊ ဆန်းသစ်လှပတဲ့ အစိမ်းရောင်၊ ဆွဲဆောင်မှုရှိတဲ့ အနီရောင်နဲ့ လူကြိုက်များတဲ့ အမဲရောင်ဆိုတဲ့ လှပစုံလင်တဲ့ အရောင် 4 မျိုးပဲ ဖြစ်ပါတယ်။
Battery Life
ဘက်ထရီစွမ်းအားအနေနဲ့တော့ Non-removable Li-Po 4000 mAh battery ကို ထည့်သွင်းပေးထားပြီး Fast battery charging 15W စနစ်ပါရှိလို့ ဖုန်းအားသွင်းရတာလည်း မြန်ဆန်မှုရှိပါတယ်။
Design
တည်ဆောက်ပုံဒီဇိုင်းက ကျစ်ကျစ်လစ်လစ်နဲ့ တောင့်တင်းခိုင်မာပြီး သစ်လွင်တောက်ပနေတဲ့ အရည်အသွေး မြင့် ကိုယ်ထည်ဒီဇိုင်းကြောင့် ဆွဲဆောင်မှုလည်းရှိပါတယ်။ အရှေ့ဘက်မျက်နှာပြင်က ကျယ်ပြန့်ရှင်းလင်းမှုရှိ သလို နောက်ကျောဘက်ကလည်း သေသေသပ်သပ်နဲ့ ခေတ်မီဆန်းသစ်မှုရှိပါတယ်။
Processor
ဖုန်းစွမ်းဆောင်ရည်ပိုင်းအတွက် Qualcomm SDM450 Snapdragon 450 (14 nm) chipset နဲ့ RAM 3/4GB ပါရှိတဲ့ Octa-core 1.8 GHz Cortex-A53 processor တို့ကို ပ့ံပိုးပေးထားပါတယ်။ ဒါ့အပြင် ရုပ်ထွက်ပိုင်း အတွက်လည်း အရည်အသွေးမြင့် Adreno 506 GPU ကိုသုံးထားတာကြောင့် ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက် မျိုးတွေကို ရရှိနိုင်မှာပါ။
Display and Camera
6.5-inch ကျယ်တဲ့ မျက်နှာပြင်ကို IPS LCD capacitive touchscreen, 16M colors display နဲ့ပြုလုပ်ထားပြီး ကြည်လင်ပြတ်သားတဲ့  မြင်ကွင်းစွမ်းအားတွေကို ပေးစွမ်းနိုင်ပါတယ်။ ၎င်းမှာ Triple 13MP + 8MP + 5MP  ရှိတဲ့ အနောက်ကင်မရာနဲ့ 8MP ရှိတဲ့ အရှေ့ selfie ကင်မရာတို့ကို တပ်ဆင်ထားပြီး အလွန်အသုံးဝင်တဲ့ features  တွေလည်း ပါရှိပါတယ်။
Verdict
Samsung Galaxy A20s စမတ်ဖုန်းဟာ တကယ့်အလယ်အလတ်တန်းစား Flagship စမတ်ဖုန်းအရည်အသွေး မျိုးကို စျေးနှုန်းသက်သက်သာသာနဲ့ ထုတ်လုပ်ပေးထားတာကြောင့် ဝယ်ယူသုံးစွဲသင့်တဲ့ စမတ်ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။
Specification
» Network : GSM/HSPA/LTE (Nano SIM)
» Weight : 183 g
» Display : 6.5″, IPS LCD capacitive touchscreen
» Resolution : 720 x 1560 pixels, 19.5:9 ratio (~264ppi)
» Dimensions : 163.3 x 77.5 x 8 mm
» Memory : 64GB, 4GB RAM
» Camera : Triple 13MP, f/1.8, 27mm,PDAF, 8MP, f/2.2, 13mm (ultrawide), 5MP, f/2.2 depth sensor, LED flash, Panorama, HDR Selfie : 8MP, f/2.0
» Connectivity : GPS, WLAN, Bluetooth 5.0, Type-C 1.0
» OS : Android 9.0 (Pie)
» Chipset : Qualcomm SDM450 Snapdragon 450 CPU : Octa-core 1.8GHz, Cortex – A53 GPU : Adreno 506
» Sensor : Fingerprint (rear-mounted), accelerometer, gyro
» Battery : Non-removable Li-Po 4000mAh
» Price : 305,000 Ks
» Contact Phone : 09-785222888 (Win Mobile World)
NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Samsung Galaxy A20s (Red)

Samsung Galaxy A Family  ရဲ႕ ေနာက္ဆံုးေမာ္ဒယ္အသစ္တစ္ခုျဖစ္တဲ့ Samsung Galaxy A10s ကို ၿပီးခဲ့တဲ့ ၾသဂုတ္လကထုတ္လုပ္ေပးခဲ့ၿပီး အခုေအာက္တိုဘာလမွာ ေနာက္ထပ္ေမာ္ဒယ္အသစ္တစ္ခုျဖစ္တဲ့  Samsung Galaxy A20s ကို ထပ္မံထုတ္လုပ္ေပးခဲ့ပါတယ္။ ၎ဖုန္းဟာလည္း အခုဆိုရင္ ျမန္မာႏုိင္ငံ မုိဘုိင္းလ္ေစ်းကြက္ထဲကို ေရာက္ရွိလာႏုိင္ဖြယ္ရွိပါတယ္။ ၎ဟာ မ်က္ႏွာျပင္က်ယ္က်ယ္၊ ဘက္ထရီစြမ္းအား ေကာင္းေကာင္းနဲ႔ စက္စြမ္းေဆာင္ရည္ေကာင္းမြန္တဲ့ အဆင့္ျမင့္စမတ္ဖုန္းတစ္လံုးျဖစ္ၿပီး ဒီဇိုင္းပံုစံကလည္း ႐ိုး႐ိုးရွင္းရွင္းနဲ႔ circular notch ဒီဇိုင္းပံုစံတစ္ျခား ဖုန္းေတြလိုပါပဲ။ အလယ္အလယ္တန္းစားစမတ္ဖုန္းအေနနဲ႔ ထုတ္လုပ္ေပးထားေပမယ့္ အဆင့္ျမင့္ Specsifications ေတြနဲ႔ features ကို ထည့္သြင္းေပးထားတာေၾကာင့္ သံုးစြဲရတာအရမ္းအဆင္ေျပမွာပါ။ အေရွ႕ဘက္မွာ Notch ေသးေသးေလးသာပါရွိလုိ႔ က်ယ္ျပန္႔တ့ဲ မ်က္ႏွာျပင္ ကုိ ရွင္းရွင္းလင္းလင္းျမင္ေတြ႕ႏိုင္ပါတယ္။ ေနာက္ေက်ာဘက္ ညာဘက္ေထာင့္မွာ အေနာက္ Camera 3 လံုးနဲ႔ LED Flash မီးလံုးတို႔ ေဒါင္လုိက္တည္ရွိၿပီး ယံုၾကည္စိတ္ခ်စြာအသံုးျပဳႏုိင္တဲ့ Fingerprint Scanner ကလည္း ေနာက္ေက်ာဘက္မွာပဲ တပ္ဆင္ေပးထားပါတယ္။ ဖုန္းအရြယ္အစားက 163.3 x 77.5 x 8 mm (6.43 x 3.05 x 0.31 in) ရွိၿပီး 183g ေလးပါတယ္။ ဒါေၾကာင့္ ကိုင္တြယ္သံုးစြဲလုိ႔ေကာင္းတဲ့ အေနေတာ္အရြယ္အစားေလးပါပဲ။
၎ကို GSM, HSPA နဲ႔ LTE networks ေတြမွာအသံုးျပဳႏုိင္ၿပီး Single SIM နဲ႔ Dual SIM ဆိုတဲ့  version 2မ်ိဳးကို ထုတ္လုပ္ေပးထားပါတယ္။ ထည့္သြင္းသံုးစြဲရမယ့္ SIM card အမ်ိဳးအစား ကေတာ့ Nano SIM ပဲ ျဖစ္ပါတယ္။ မ်က္ႏွာျပင္က 6.5-inch အက်ယ္ရွိၿပီး IPS LCD capacitive touchscreen, 16M colors display နဲ႔ျပဳလုပ္ထားပါတယ္။ ဒါေၾကာင့္ သူ႕အရင္ေမာ္ဒယ္ Galaxy A10s ထက္ ပိုမိုႀကီးမားက်ယ္ျပန္႔ပါတယ္။ ၎မ်က္ႏွာျပင္က 19.5:9 ratio မွာ 720 x 1560 pixels စြမ္းအားရွိတဲ့ ျမင္ကြင္းေတြကိုျပသႏုိင္ပါတယ္။ က်ယ္ျပန္႔တဲ့ မ်က္ႏွာျပင္က ေကာင္းမြန္တဲ့ ျမင္ကြင္းစြမ္းအားေတြကိုရရွိႏုိင္မွာပါ။ ဒါေၾကာင့္ ဂိမ္းကစားတာ၊ စာဖတ္တာေတြနဲ႔ ႐ုပ္ရွင္ၾကည့္တာေတြကို အဆင္ေျပေျပလုပ္ေဆာင္ႏုိင္ပါတယ္။ အထဲမွာေတာ့ ေနာက္ဆံုးေပၚ Android 9.0 (Pie) ကိုအေျခခံထားတဲ့ အဆင့္ျမင့္  One UI ကို run ေပးထားတဲ့အတြက္ သံုးစြဲရတာအဆင့္ျမင့္ မားမႈရွိပါတယ္။ ဖုန္းတစ္လံုးရဲ႕အေရးႀကီးဆံုး စက္စြမ္းေဆာင္ရည္ပိုင္းအတြက္ တန္းဝင္အဆင့္ရွိတဲ့ chipset နဲ႔ RAM 3/4GB ပါရွိတဲ့ အရည္အေသြးျမင့္ processor တို႔ကို ပ့ံပိုးေပးထားပါတယ္။ ႐ုပ္ထြက္ပိုင္းအတြက္လည္း အရည္အေသြးျမင့္ Adreno 506 GPU ကိုသံုးထားပါတယ္။ ကင္မရာစြမ္းေဆာင္ရည္ပိုင္းအတြက္ေတာ့ အေနာက္ကင္မရာက 13 MP, f/1.8, 27mm (wide), PDAF + 8 MP, f/2.2, 13mm (ultrawide) + 5 MP, f/2.2, depth sensor စြမ္းအားေတြပါရွိၿပီး LED flash, panorama, HDR ဆိုတဲ့ Functions ေတြကိုလည္း ထည့္သြင္းေပးထားပါတယ္။
အေရွ႕ကင္မရာက 8 MP, f/2.0 aperture စြမ္းအားေတြကို ေထာက္ပံ့ေပးထား တာေၾကာင့္ အရည္အေသြးသင့္တင့္ေကာင္းမြန္တဲ့ ဓာတ္ပံုေတြနဲ႔ဗီဒီယုိေတြကိုလည္း ႐ိုက္ကူးေပးႏုိင္ပါတယ္။ ဒါ့အျပင္ ေထာက္ပံ့ေပးထားတဲ့ Bluetooth စနစ္က 4.2, A2DP, LE စနစ္ေတြျဖစ္လုိ႔ လြယ္ကူလ်င္ျမန္ခ်ိတ္ ဆက္မႈေတြျပဳလုပ္ႏုိင္ၿပီး USB ခ်ိတ္ဆက္မႈအေနနဲ႔ Type-C 1.0 reversible connector ေပါက္ပါရွိပါတယ္။ ၎မွာ built-in FM radio စနစ္ပါရွိလုိ႔ ေရဒီယိုေတြ ဖမ္းယူနားဆင္ႏုိင္ၿပီး စပီကာစြမ္းရည္ကလည္း အသင့္အ တင့္ေကာင္းမြန္မႈရွိပါတယ္။ ဖုန္းလိုင္းဆြဲအားေကာင္းမြန္ၿပီး အင္တာနက္အသံုးျပဳရတာလည္း ျမန္ဆန္မႈရွိပါ တယ္။ ၎ဖုန္းကိုထုတ္လုပ္ေပးထားတဲ့ အေရာင္ေတြကေတာ့ တည္ၿငိမ္တဲ့ အျပာေရာင္၊ ဆန္းသစ္လွပတဲ့ အစိမ္းေရာင္၊ ဆြဲေဆာင္မႈရွိတဲ့ အနီေရာင္နဲ႕ လူႀကိဳက္မ်ားတဲ့ အမဲေရာင္ဆိုတဲ့ လွပစံုလင္တဲ့ အေရာင္ 4 မ်ဳိးပဲ ျဖစ္ပါတယ္။
Battery Life
ဘက္ထရီစြမ္းအားအေနနဲ႔ေတာ့ Non-removable Li-Po 4000 mAh battery ကို ထည့္သြင္းေပးထားၿပီး Fast battery charging 15W စနစ္ပါရွိလုိ႔ ဖုန္းအားသြင္းရတာလည္း ျမန္ဆန္မႈရွိပါတယ္။
Design
တည္ေဆာက္ပံုဒီဇုိင္းက က်စ္က်စ္လစ္လစ္နဲ႔ ေတာင့္တင္းခုိင္မာၿပီး သစ္လြင္ေတာက္ပေနတဲ့ အရည္အေသြး ျမင့္ ကိုယ္ထည္ဒီဇုိင္းေၾကာင့္ ဆြဲေဆာင္မႈလည္းရွိပါတယ္။ အေရွ႕ဘက္မ်က္ႏွာျပင္က က်ယ္ျပန္႔ရွင္းလင္းမႈရွိ သလို ေနာက္ေက်ာဘက္ကလည္း ေသေသသပ္သပ္နဲ႔ ေခတ္မီဆန္းသစ္မႈရွိပါတယ္။
Processor
ဖုန္းစြမ္းေဆာင္ရည္ပိုင္းအတြက္ Qualcomm SDM450 Snapdragon 450 (14 nm) chipset နဲ႔ RAM 3/4GB ပါရွိတဲ့ Octa-core 1.8 GHz Cortex-A53 processor တို႔ကို ပ့ံပိုးေပးထားပါတယ္။ ဒါ့အျပင္ ႐ုပ္ထြက္ပိုင္း အတြက္လည္း အရည္အေသြးျမင့္ Adreno 506 GPU ကိုသံုးထားတာေၾကာင့္ ၾကည္လင္ျပတ္သားတဲ့ ႐ုပ္ထြက္ မ်ိဳးေတြကို ရရွိႏိုင္မွာပါ။
Display and Camera
6.5-inch က်ယ္တဲ့ မ်က္ႏွာျပင္ကို IPS LCD capacitive touchscreen, 16M colors display နဲ႔ျပဳလုပ္ထားၿပီး ၾကည္လင္ျပတ္သားတဲ့  ျမင္ကြင္းစြမ္းအားေတြကို ေပးစြမ္းႏုိင္ပါတယ္။ ၎မွာ Triple 13MP + 8MP + 5MP  ရွိတဲ့ အေနာက္ကင္မရာနဲ႔ 8MP ရွိတဲ့ အေရွ႕ selfie ကင္မရာတုိ႔ကို တပ္ဆင္ထားၿပီး အလြန္အသံုးဝင္တဲ့ features  ေတြလည္း ပါရွိပါတယ္။
Verdict
Samsung Galaxy A20s စမတ္ဖုန္းဟာ တကယ့္အလယ္အလတ္တန္းစား Flagship စမတ္ဖုန္းအရည္အေသြး မ်ဳိးကို ေစ်းႏႈန္းသက္သက္သာသာနဲ႔ ထုတ္လုပ္ေပးထားတာေၾကာင့္ ဝယ္ယူသံုးစြဲသင့္တဲ့ စမတ္ဖုန္းတစ္လံုးပဲ ျဖစ္ပါတယ္။
Specification
» Network : GSM/HSPA/LTE (Nano SIM)
» Weight : 183 g
» Display : 6.5″, IPS LCD capacitive touchscreen
» Resolution : 720 x 1560 pixels, 19.5:9 ratio (~264ppi)
» Dimensions : 163.3 x 77.5 x 8 mm
» Memory : 64GB, 4GB RAM
» Camera : Triple 13MP, f/1.8, 27mm,PDAF, 8MP, f/2.2, 13mm (ultrawide), 5MP, f/2.2 depth sensor, LED flash, Panorama, HDR Selfie : 8MP, f/2.0
» Connectivity : GPS, WLAN, Bluetooth 5.0, Type-C 1.0
» OS : Android 9.0 (Pie)
» Chipset : Qualcomm SDM450 Snapdragon 450 CPU : Octa-core 1.8GHz, Cortex – A53 GPU : Adreno 506
» Sensor : Fingerprint (rear-mounted), accelerometer, gyro
» Battery : Non-removable Li-Po 4000mAh
» Price : 305,000 Ks
» Contact Phone : 09-785222888 (Win Mobile World)
NetGuide Journal (Every Wednesday)