ဒီတစ်ခါရောက်ရှိလာတဲ့ Product လေးကတော့ 2 in 1 အသုံးပြုနိုင်တဲ့ JOYROOM Multifunctional Handheld Fan လေးဖြစ်ပါတယ်။ ပန်ကာအဖြစ်ရော Power Bank အဖြစ်ပါ အသုံးပြုနိုင်တာကြောင့် မီးမလာ လည်းစိတ်ညစ်စရာမလိုတော့ဘူး။ ပန်ကာအဖြစ်သုံးမယ်ဆိုရင်လည်း ထောင်ထားလို့ရအောင် အထိုင်ခွက်လေး လဲပါပြီး လေအားပမာဏကိုလည်း 3 ဆင့်အထိ စိတ်ကြိုက်ထားပြီး အသုံးပြုနိုင်ပါတယ်။ Size ကလည်း 2cm x 12cm x 21cm ပဲဆိုတော့ လက်ကိုင်လည်းအဆင်ပြေတယ်။ Power ပမာဏကလည်း 5000 mAh အထိ ပါတာကြောင့် အားအပြည့်သွင်းပြီး ပန်ကာပဲသုံးမယ်ဆိုရင် နာရီ 20 လောက်အထိ အသုံးပြုလို့ ရပါတယ်။ Power Bank ကို အားပြန်ဖြည့်ဖို့အတွက် Input 5V x 1A Micro Port ပါ၀င်ပြီး ဖုန်းတွေကို အားသွင်းဖို့ အတွက် Output 5V x 1A ပါ၀င်ပါတယ်။ ဘက်ထရီပမာဏကိုလည်း LED Indicator Light နှင့် ပြပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် 1 နှစ်အာမခံလည်း ပါ၀င်တာကြောင့် ၀ယ်ယူပြီး 1 နှစ်အတွင်း ပျက်ခဲ့ရင် အသစ်တစ်ခုနဲ့ ပြန်လဲလှယ်ပေးမှာဖြစ်ပါတယ်။ အရောင်တွေကိုတော့ ပန်းရောင်နဲ့ အဖြူရောင်နှစ်မျိုး ရရှိနိုင်မှာ ဖြစ်ပါတယ်။

Price : 21,000 Ks
Digiware Distribution, Ph : 09-456100811

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Joyroom Multifunctional Handheld Fan


Price : 21,000 Ks
