Xiaomi အနေနဲ့ ဒီနေ့မှာတော့ Mi CC9 Pro ဖုန်းကို ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဂလိုဘယ်ဈေးကွက်အတွက်တော့ Mi Note 10 ဆိုပြီးထွက်လာမှာပါ။ ဒီဖုန်းရဲ့ နောက်ကျောဘက်မှာ108MP Penta-camera setup သုံးထားပါတယ်။ Mi CC9 Pro Premium Edition ဖုန်းရဲ့ ကင်မရာစွမ်းရည်ဟာ လက်ရှိအချိန်မှာ ကမ္ဘာ့နံပတ် ၁ အဖြစ်ရပ်တည်လျက်ရှိပါတယ်။ ယခင်အကောင်းဆုံးဆိုတဲ့ Huawei Mate 30 Pro နဲ့ပူးတွဲရပ်တည်လျက် ရှိနေတာ ဖြစ်ပါတယ်။Xiaomi Mi CC9 Pro
Mi CC9 Pro စမတ်ဖုန်းဟာ 108MP camera ဆိုတာနဲ့ သုံးစွဲသူတွေကို ဆွဲဆောင်လိုက်တာ ဖြစ်ပါတယ်။ ကင်မရာဆင်ဆာဟာ Quad Bayer unit ဖြစ်ပြီး 27MP photos အရည်အသွေးကို outputs ထုတ်ပေးမှာပါ။ ကင်မရာတွေရဲ့ တည်ဆောက်မှုပုံစံဟာ အရှည်လိုက်ပုံစံနဲ့ဖြစ်ပါတယ်။ telephoto cameras ၂ခုနဲ့ဖြစ်ပြီး တမျိုးက 2x zoom နဲ့နောက်တမျိုးကတော့ 5x optical zoom သုံးနိုင်မှာပါ။
နောက်ထပ် ကင်မရာတွေကတော့ autofocus ပါဝင်တဲ့ 20MP ultrawide ကင်မရာနဲ့ 2MP macro shooter တွေပဲ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းအနေနဲ့ အကြမ်းမျဉ်း ကြည့်လိုက်မယ်ဆိုရင် 3D curved screen ကိုသုံးထားပါတယ်။မျက်နှာပြင်ကတော့ 6.47″ AMOLED panel ပါ။ ဂိမ်းပိုင်းကို ဦးစားပေးကစားနိုင်စေဖို့အတွက် Snapdragon 730G ပရိုဆက်ဆာကို သုံးပေးထားပါတယ်။ Xiaomi Mi CC9 Pro ဖုန်းသစ်မှာ Android 9 အခြေပြု နောက်ဆုံးပေါ် MIUI 11 ကိုတပါတည်း ထည့်ပေးထားပါတယ်။

++++

DxOMark မွာ ကမာၻ႔ထိပ္တန္းအဆင့္ေရာက္ရွိခဲ့တဲ့ Mi CC9 Pro

Xiaomi အေနနဲ႔ ဒီေန႔မွာေတာ့ Mi CC9 Pro ဖုန္းကို ထုတ္ေပးလိုက္ၿပီ ျဖစ္ပါတယ္။ ဂလိုဘယ္ေဈးကြက္အတြက္ေတာ့ Mi Note 10 ဆိုၿပီးထြက္လာမွာပါ။ ဒီဖုန္းရဲ႕ ေနာက္ေက်ာဘက္မွာ108MP Penta-camera setup သုံးထားပါတယ္။ Mi CC9 Pro Premium Edition ဖုန္းရဲ႕ ကင္မရာစြမ္းရည္ဟာ လက္ရွိအခ်ိန္မွာ ကမာၻ႔နံပတ္ ၁ အျဖစ္ရပ္တည္လ်က္ရွိပါတယ္။ ယခင္အေကာင္းဆုံးဆိုတဲ့ Huawei Mate 30 Pro နဲ႔ပူးတြဲရပ္တည္လ်က္ ရွိေနတာ ျဖစ္ပါတယ္။Xiaomi Mi CC9 Pro
Mi CC9 Pro စမတ္ဖုန္းဟာ 108MP camera ဆိုတာနဲ႔ သုံးစြဲသူေတြကို ဆြဲေဆာင္လိုက္တာ ျဖစ္ပါတယ္။ ကင္မရာဆင္ဆာဟာ Quad Bayer unit ျဖစ္ၿပီး 27MP photos အရည္အေသြးကို outputs ထုတ္ေပးမွာပါ။ ကင္မရာေတြရဲ႕ တည္ေဆာက္မႈပုံစံဟာ အရွည္လိုက္ပုံစံနဲ႔ျဖစ္ပါတယ္။ telephoto cameras ၂ခုနဲ႔ျဖစ္ၿပီး တမ်ိဳးက 2x zoom နဲ႔ေနာက္တမ်ိဳးကေတာ့ 5x optical zoom သုံးႏိုင္မွာပါ။
ေနာက္ထပ္ ကင္မရာေတြကေတာ့ autofocus ပါဝင္တဲ့ 20MP ultrawide ကင္မရာနဲ႔ 2MP macro shooter ေတြပဲ ျဖစ္ပါတယ္။ ဒီဇိုင္းပိုင္းအေနနဲ႔ အၾကမ္းမ်ဥ္း ၾကည့္လိုက္မယ္ဆိုရင္ 3D curved screen ကိုသုံးထားပါတယ္။မ်က္ႏွာျပင္ကေတာ့ 6.47″ AMOLED panel ပါ။ ဂိမ္းပိုင္းကို ဦးစားေပးကစားႏိုင္ေစဖို႔အတြက္ Snapdragon 730G ပ႐ိုဆက္ဆာကို သုံးေပးထားပါတယ္။ Xiaomi Mi CC9 Pro ဖုန္းသစ္မွာ Android 9 အေျချပဳ ေနာက္ဆုံးေပၚ MIUI 11 ကိုတပါတည္း ထည့္ေပးထားပါတယ္။