Black Friday ဟာ အမေရိကန်မှာ ကျေးဇူးတော်နေ့ပြီးရင် နောက်တစ်နေ့မှာ ကျရောက်ပါတယ်။ အတိအကျပြောရမယ်ဆိုရင် နိုဝင်ဘာလရဲ့ လေးပတ်မြောက် ကြာသပတေးနေ့ ဖြစ်ပါတယ်။ 1932 ခုနှစ်ကတည်းက အမေရိကန်မှာ ခရစ်စမတ် စျေးဝယ်ရာသီအစအဖြစ် အဲဒီနေ့ကို သတ်မှတ်ခဲ့တာဖြစ်ပြီး 1961 ခုနှစ်အထိ ဒီလိုသုံးနှုန်းခဲ့ပါတယ်။ နှစ် 20 ကြာပြီးနောက် အဲဒီစကားစုကို ပိုမိုအသုံးပြုလာကြပါတယ်။ စျေးဆိုင်များက အဲဒီနေ့ကို အကျိုးအမြတ်ရှာကြတဲ့နေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။ စျေးဆိုင်များက အစောကြီး ဖွင့်လှစ်ကြပါတယ်။ ဆိုင်ပိတ်ချိန်ကိုလည်း တိုးမြှင့်ပေးကြပါတယ်။ ဒါ့အပြင် အရောင်းမြှင့်တင်ခြင်း အစီအစဉ်များကိုလည်း ပြုလုပ်ပေးကြပါတယ်။ Black Friday ဟာ တရားဝင်အားလပ်ရက်တော့ မဟုတ်ပေမယ့် ကယ်လီဖိုးနီးယားနဲ့ အချို့ပြည်နယ်များမှာ အစိုးရဝန်ထမ်းများကို အားလပ်ရက်အဖြစ် သတ်မှတ်ပေးထားပါတယ်။

စျေးဆိုင်မဟုတ်တဲ့ ၀န်ထမ်းများနဲ့ ကျောင်းသားများကိုလည်း အဲ့ဒီနေ့မှာ ပိတ်ပေးကြပါတယ်။ ကျေးဇူးတော်နေ့နဲ့ စနေ၊ တနင်္ဂနွေ အပါအဝင် လေးရက်ကြာ အနားရတဲ့အချိန် ဖြစ်ပါတယ်။ အဲဒီအတွက် စျေးဝယ်သူ များပြားတဲ့ အချိန်လည်း ဖြစ်ပါတယ်။ 2005 ခုနှစ်ကတည်းက နှစ်စဉ် စျေးဝယ်ယူမှု အများဆုံးအချိန် ဖြစ်ခဲ့ပါတယ်။ နှစ်တစ်နှစ်အတွင်းမှာ ရက်ကြာကြာ စျေးဝယ်ယူမှု အများဆုံးအချိန် ဖြစ်ပါတယ်။ ဒီနှစ် 2019 အတွက် ကျရောက်တဲ့ BLACK FRIDAY နေ့ရက်ကတော့ နိုဝင်ဘာနောက်ဆုံးပတ် သောကြာနေ့ဖြစ်တဲ့ Friday, November 29 ပါ။ ဒါကြောင့် ဒီတပတ်မှာတော့ BLACK FRIDAY အကြောင်း သိမှတ်ဖွယ်ရာအချို့၊ 2019 BLACK FRIDAY မှာရော ဘယ်လိုစျေးဝယ်ခြင်းတွေ ပြုလုပ်နိုင်မလဲ။ BLACK FRIDAY လိုမျိုး အခြားစျေးဝယ်ရက်တွေ အကြောင်းကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

(1). သမိုင်းကြောင်း

ကျေးဇူးတော်နေ့ အပြီးနောက်တစ်နေ့ဟာ အားလပ်ရက် စျေးဝယ်ရာသီဖြစ်ရတဲ့ အကြောင်းအရင်းမှာ ဆန်တာကလော့စ်နဲ့ ပတ်သက်နေပါတယ်။ ခရစ်စမတ်ဟာ ကျေးဇူးတော်နေ့ ပြီးနောက် အဓိက အားလပ်ရက် ရာသီဖြစ်နေလို့ ဖြစ်ပါတယ်။ 19 ရာစုနဲ့ 20 ရာစု နှောင်းပိုင်းမှာ ကျေးဇူးတော်နေ့နဲ့ ဆန်တာကလော့စ်ပွဲများကို စျေးဆိုင်များက ကျင်းပခဲ့ကြပါတယ်။ အဲဒီအထဲမှာ Eatorn’s , Macy’s Thanksgiving Day Parade တို့က ပံ့ပိုးကူညီမှုဖြင့် ကနေဒါရှိ Toronto Santa Claus Parade ပါ၀င်ပါတယ်။ ကျေးဇူးတော်နေ့နဲ့ ခရစ်စမတ် စျေးဝယ်ရာသီဟာ 1930 ခုနှစ်မှာ အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ပါတယ်။ စျေးဆိုင်များက စျေးရောင်းကာလကို ပိုမို ကြာစေချင်ပါတယ်။ ဒါပေမယ့် ဓလေ့ထုံးစံကိုလည်း မပယ်ဖျက်ချင်ကြပါဘူး။ အဲဒီအတွက် 1939 ခုနှစ်မှာ သမ္မတ ဖရန်ကလင် ဒီရုစဗဲ့က နိုဝင်ဘာလ နောက်ဆုံးအပတ်ရဲ့ ကြာသာပတေးအစား လေးပတ်မြောက် ကြာသာပတေးနေ့ကို ကျေးဇူးတော်နေ့အဖြစ် တရားဝင်ပြဌာန်းခဲ့ပါတယ်။ အဲဒီအတွက် စျေးဝယ်ရာသီ ပိုမိုကြာမြင့်ခဲ့ပါတယ်။ လူအများစုက သမ္မတရဲ့ ပြောင်းလဲမှုကို နှစ်သက်ခဲ့ပါတယ်။ 2015 ခုနှစ်မှာ Amazon က ဇူလိုင်လမှာ Prime Day ကို ကျင်းပခဲ့ပြီး Black Friday ထက် ပိုမို လျှော့စျေးနဲ့ ရမယ်လို့ ပြောခဲ့ပါတယ်။ အခြား ကုမ္ပဏီများကလည်း ဇူလိုင်လမှာ ပါ၀င်ဆင်နွှဲခဲ့ပါတယ်။

(2). Black Friday စကားလုံးရဲ့ ဇာစ်မြစ်

Black Friday စကားလုံးကို 1975 ခုနှစ် နိုဝင်ဘာလ 29 ရက်နေ့မှာ The New York Times က စတင်သုံးစွဲခဲ့ပါတယ်။ သူရည်ညွှန်းတာက ဖီလာဒယ်ဖီးယားမှာ တစ်နှစ်တာအတွက် အစည်ကားဆုံး စျေးဝယ်ခြင်းနဲ့ လမ်းပိတ်ဆို့မှု ဖြစ်ပါတယ်။ အဲဒီစကားလုံးကို 1980 ခုနှစ်မှာ တစ်နိုင်ငံလုံးက သိလာကြပါတယ်။ ကုန်သည်များက အဲဒီစကားလုံးကို အသုံးပြုပြီး အရောင်းမြှင့်တင်ခဲ့ကြပါတယ်။ ကျေးဇူးတော်နေ့ အပြီးနောက်တစ်ရက်မှာ အမြတ်များစွာရဖို့ ကြိုးစားခဲ့ကြပါတယ်။ 2013 ခုနှစ်မှာ ပြည်တွင်းစစ်မဖြစ်မီ တောင်အမေရိကန်မှာ အဲဒီစကားလုံး စတင်ပေါက်ဖွားလာတယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။ ဒါကို 2015 ခုနှစ်မှာ Snopes.com ကနေ ငြင်းဆိုခဲ့ပါတယ်။ George Washington လက်ထက်ကတည်းက ကျေးဇူးတော်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ပေမယ့် သမ္မတ လင်ကွန်းလက်ထက်မှသာ အားလပ်ရက်အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

(3). ဘယ်လိုအချိန်တွေမှာ ရောင်းချလေ့ရှိလဲ

BLACK FRIDAY နေ့ရက်မှာတော့ အရောင်းဆိုင်တွေဟာ နံနက် 6 နာရီကတည်းက ဖွင့်လှစ်ရောင်းချနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ ဒါပေမယ့် 2000 ခုနှစ်နှောင်းပိုင်းမှာ နံနက် 4 နာရီ ၊ 5 နာရီကတည်းက ရောင်းချကြပါတယ်။ 2011 မှာတော့ Target, Kohl’s, Macy’s, Best Buy, Bealls အပါအဝင် ဆိုင်တော်တော်များများက ညသန်းခေါင်အချိန်မှာ စတင်ဖွင့်လှစ် ရောင်းချလာကြပါတယ်။ 2012 ခုနှစ်မှာ Walmart နဲ့ ဆိုင်တော်တော်များများက ကျေးဇူးတော်နေ့မှာ ည 8 နာရီမှာ စတင် ရောင်းချမယ်လို့ ကြေညာခဲ့ပါတယ်။ 2014 ခုနှစ်မှာ JCPenney, Best Buy, Radio Shack တို့လို အရောင်းဆိုင်များက ကျေးဇူးတော်နေ့မှာ ညနေ 5 နာရီမှာ စတင်ရောင်းချပေးပြီး Target, Walmart, Belk, Sears တို့က ညနေ 6 နာရီမှာ စတင်ရောင်းချခဲ့ကြပါတယ်။ Rhode Island, Maine နဲ့ Massachusetts ပြည်နယ်သုံးခုက Blue Laws အရ ကျေးဇူးတော်နေ့မှာ စူပါမားကတ်များနဲ့ စျေးဆိုင်များကို ရောင်းချခွင့် ပိတ်ခဲ့ပါတယ်။

Confident brunette leaning against the wall and texting

(4). BLACK FRIDAY အတွက် မှတ်သားထားစရာ အရောင်းဆိုင်များ

Black Friday နေ့ရက်မှာတော့ ဖုန်းအရောင်းဆိုင်ကြီးတွေနဲ့ ကွန်ရက်ဆိုင်ရာ ဝန်ဆောင်မှုပေးသူတွေဟာ စျေးနှုန်းလျော့ချခြင်း၊ အံ့သြလောက်စရာ ကမ်းလှမ်းချက်တွေနဲ့ သူတို့ရဲ့ သုံးစွဲသူတွေကို ဆွဲဆောင်ကြပါတယ်။ တကယ်လို့ သင့်အနေနဲ့ Black Friday စျေးဝယ်ရက်ကို အကောင်းဆုံး ဖြတ်သန်းချင်တယ်ဆိုရင်တော့ ဒီနေရာတွေကို မှတ်သားထားဖို့ လိုပါတယ်။ သူတို့ကတော့ Amazon ၊ Walmart၊ Currys Black ၊ Argos ၊ John Lewis ၊ AO.com နဲ့ Best Buy တို့ပဲ ဖြစ်ပါတယ်။ အွန်လိုင်းဖုန်းစတိုးဆိုင်တွေအနေနဲ့ဆိုရင် Carphone Warehouse, Phones.co.uk, Mobiles.co.uk နဲ့ Fonehouse.co.uk. တို့ပါ။ ယခုနှစ်အတွက် စျေးလျော့ရောင်းချနိုင်တဲ့ဖုန်းတွေကတော့ Huawei P30 နဲ့ P30 Pro ၊ OnePlus 7 ၊ OnePlus 7 Pro ၊ iPhone 11 ၊ XR လိုဖုန်းမျိုးတွေပဲ ဖြစ်ပါတယ်။

(5). Target Black Friday 2019 : Expected Sales

BLACK FRIDAY ရဲ့ သမိုင်းကြောင်းတွေအရ နှစ်တိုင်းမှာ အပြိုင်အဆိုင် စျေးလျော့ရောင်းချမှုတွေကို ကြုံတွေ့ပါတယ်။ ပြောရမယ်ဆိုရင် Cyber Monday လိုအရောင်းပွဲထက်တောင် ပိုရောင်းကောင်းစေဖို့ ကြိုးပမ်းကြပါတယ်။ ဒါကြောင့် ဒီရောင်းချမှုမှာ ပြိုင်ဘက်အရောင်းဆိုင်တွေရဲ့ အပြိုင်အဆိုင်ရောင်းချမှုတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ 2019 အတွက် သုံးစွဲသူတွေကို အကောင်းဆုံး ပစ်မှတ်ထားရောင်းချဖို့ ပြင်နေတဲ့အရောင်းဆိုင်တွေ ရှိနေပါတယ်။ သူတို့တွေ့ကတော့ Walmart အနေနဲ့ Apple iPhone 11, iPhone 11 Pro, iPhone 11 Pro Max ဖုန်းတွေ အရစ်ကျဝယ်ယူတဲ့ သူတွေကို ဒေါ်လာ 300 တန် လက်ဆောင်ကတ်တွေပေးဖို့ စီစဉ်ထားတာပါ။ ဘာကြောင့်လဲဆိုရင် မနှစ်က 2018 Walmart ရဲ့ Best Black Friday အရောင်းပွဲတော်ရက်မှာ iPhone XS, iPhone XS Max (သို့) iPhone XR ဝယ်ယူသူတွေကို $300 gift card ပေးခဲ့ပြီး PlayStation 4 GranTurismo Sport VR Bundle ဝယ်သူတွေကတော့ ဒေါ်လာ 100 သက်သာခဲ့ပါတယ်။ Microsoft Xbox One X 1TB Console ဝယ်သူတွေလည်း ထိုနည်းလည်းကောင်း 100 လောက် သက်သာခဲ့ပါတယ်။ Samsung Galaxy S10, S10+, Note 10 ဝယ်ယူသူတွေအတွက်လည်း $300 Gift Card ပေးဖို့ ရှိပါတယ်။ ဒါကတော့ Best Buy က ဝယ်သူတွေအတွက်ပါ။ Costco ရဲ့ Black Friday အစီအစဉ်တွေမှာတော့ Samsung Galaxy Note 10+, Galaxy S10 (သို့) Galaxy S10+ ဝယ်သူတွေဟာ စံချိန်မှီ Costco Shop Card ၊ 10.1-inch ရှိတဲ့ Samsung Galaxy Tab A 128GB ကို ဒေါ်လာ 100 လျော့စျေးနဲ့ ဝယ်နိုင်မယ်။

(6). BLACK FRIDAY လိုမျိုး အခြားစျေးဝယ်ရက်တွေ Singles Day : Monday, November 11

Singles Day ကို အလီဘာဘာက ကျင်းပခဲ့တာ 9 နှစ်ရှိပြီ ဖြစ်ပါတယ်။ အလီဘာဘာဟာ Amazon ရဲ့ အကြီးမားဆုံး ပြိုင်ဖက်လည်း ဖြစ်ပါတယ်။ Singles Day ဟာ Valentine’s Day ကို ဆန့်ကျင်တဲ့အနေနဲ့ ပေါ်ထွက်လာခြင်းဖြစ်ပြီး ချစ်သူ ရည်းစား မရှိသူများ စျေးဝယ်ခြင်းဖြင့် ပျော်ရွှင်ရအောင် ကျင်းပပေးခြင်း ဖြစ်ပါတယ်။ Singles Day ကို နှစ်စဉ် နို၀င်ဘာလ 11 ရက်နေ့မှာ ကျင်းပပါတယ်။ မနှစ်က Singles Day အွန်လိုင်းစျေးရောင်းပွဲတော်မှာ တရုတ်လူမျိုးများဟာ အလီဘာဘာတွင် 24 နာရီအတွင်း ဒေါ်လာ 25 ဘီလီယမ်ဖိုး ၀ယ်ယူခဲ့ပါတယ်။ 2017 မှာလည်း အထူးလျှော့စျေးများဖြင့် ရောင်းချပေးခဲ့ပါတယ်။ ဖျော်ဖြေပွဲများကိုလည်း ကျင်းပပေးပြီး တရုတ်လူမျိုးများဟာ ဒေါ်လာ 25.3 ဘီလီယမ် (168.2 ဘီလီယမ် ယွမ်) ဖိုး ၀ယ်ယူခဲ့ကြပြီး 2016 ကရရှိခဲ့တဲ့ 17.8 ဘီလီယမ်ထက် 40 ရာခိုင်နှုန်း ပိုမိုတိုးတက်လာခဲ့ပါတယ်။ ငွေလွှဲမှုပေါင်း 1.48 ဘီလီယမ်အကြိမ် ပြုလုပ်ခဲ့ကြပြီး တစ်စက္ကန့်လျှင် ငွေလွှဲမှု 256000 ရှိခဲ့ပါတယ်။

(7). Black Thursday

နှစ်ပေါင်းများစွာကြာအောင် အရောင်းဆိုင်များက Black Friday ပွဲကို စောသထက်စောအောင် ဖွင့်လှစ်ကြပါတယ်။ ကျေးဇူးတော်နေ့ရဲ့ ညသန်းခေါင်အချိန်မှာတောင် စတင် ရောင်းချကြပါတယ်။ 2009 ခုနှစ်မှာ Kmart က Black Friday လူစည်ကားမှုကို ရှောင်ရှားဖို့ ကျေးဇူးတော်နေ့ နံနက် 7 နာရီမှာ စတင် ရောင်းချပါတယ်။ 2 နှစ်အကြာမှာ အရောင်းဆိုင်များက ည 8 နာရီနဲ့ 9 နာရီမှာ ရောင်းချကြပါတယ်။ အဲဒီလိုနဲ့ Black Thursday ပေါ်ပေါက်လာပါတယ်။ နောက်နှစ်များမှာ အခြားအရောင်းဆိုင်များက ဒီနည်းကို ကျင့်သုံးခဲ့့ပြီး ကျေးဇူးတော်နေ့မှာ စောသထက်စောအောင် ရောင်းချခဲ့ပါတယ်။ အရောင်းဆိုင်အချို့နဲ့ မီဒီယာများက အဲဒီနေ့ကို Gray Thursday , Brown Thursday လို့ ခေါ်ကြပါတယ်။

(8). Cyber Week

Forbes ရဲ့ Entrepreneurs Column မှာ 2013 ခုနှစ် ဒီဇင်ဘာလ 3 ရက်နေ့က ဖော်ပြချက်အရ Black Friday ရဲ့ အွန်လိုင်းဗားရှင်း Cyber Monday ဟာ အလွန်လူကြိုက်များနေပြီး ရက်သတ္တပတ်တစ်ပတ်လုံး ရောင်းအားကောင်းနေပါတယ်။ CBS News ရဲ့ Travel Editor ဖြစ်သူ Peter Greenberg က “ Black Friday မှာ စျေးဝယ်ချင်ရင် မြေပြင်စျေးဆိုင်တွေကို ရှောင်ပါ။ Black Friday , Cyber Monday အားလုံးဟာ Cyber Week ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ် ” လို့ ပြောပါတယ်။

(9). Cyber Monday : Monday, December 2

Cyber Monday စကားလုံးကို 2005 ခုနှစ်မှာ National Retail Federations ရဲ့ Shop.org က ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ Black Friday ပြီးနောက် တနင်္လာနေ့ကို Cyber Monday အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ကျေးဇူးတော်နေ့ အားလပ်ရက်များမှာ စျေးမဝယ်နိုင်လောက်အောင် အလုပ်များနေသူများ သို့မဟုတ် လိုချင်တဲ့ ပစ္စည်းကို ရှာမတွေ့သူများအတွက် တနင်္လာနေ့မှာ အွန်လိုင်းကနေ စျေးဝယ်နိုင်အောင် Cyber Monday ကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အဲဒီနေ့မှာ အိမ် သို့မဟုတ် အလုပ်ကနေ အွန်လိုင်းကနေတစ်ဆင့် စျေးဝယ်နိုင်ပါတယ်။ 2013 ခုနှစ်မှာ Cyber Monday ရဲ့ အွန်လိုင်းရောင်းအားဟာ ယခင်နှစ်ကထက် 18 ရာခိုင်နှုန်း ပိုမိုတိုးတက်လာပြီး 1.73 ဘီလီယမ်ဖိုး စံချိန်တင် ရောင်းချခဲ့ရပါတယ်။ လူတစ်ဦးလျှင် ပျမ်းမျှ ၀ယ်ယူမှုတန်ဖိုးမှာ 128 ဒေါ်လာ ဖြစ်ပါတယ်။ 2014 ခုနှစ်မှာ Cyber Monday ဟာ အဲဒီနှစ်အတွက် ရောင်းအားအကောင်းဆုံးဖြစ်ခဲ့ပြီး အွန်လိုင်းမှာ 2 ဘီလီယမ်ဖိုုး ရောင်းချခဲ့ရပါတယ်။ ယခင်နှစ်ကထက် 17 ရာခိုင်နှုန်း ပိုမိုတိုးတက်လာခဲ့တာ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Black Friday History : What To Expect And Where To Shop

Black Friday ဟာ အေမရိကန္မွာ ေက်းဇူးေတာ္ေန႔ၿပီးရင္ ေနာက္တစ္ေန႔မွာ က်ေရာက္ပါတယ္။ အတိအက်ေျပာရမယ္ဆိုရင္ ႏို၀င္ဘာလရဲ႕ ေလးပတ္ေျမာက္ ၾကာသပေတးေန႔ ျဖစ္ပါတယ္။ 1932 ခုႏွစ္ကတည္းက အေမရိကန္မွာ ခရစ္စမတ္ ေစ်း၀ယ္ရာသီအစအျဖစ္ အဲဒီေန႔ကို သတ္မွတ္ခဲ့တာျဖစ္ၿပီး 1961 ခုႏွစ္အထိ ဒီလိုသံုးႏႈန္းခဲ့ပါတယ္။ ႏွစ္ 20 ၾကာၿပီးေနာက္ အဲဒီစကားစုကို ပိုမိုအသံုးျပဳလာၾကပါတယ္။ ေစ်းဆိုင္မ်ားက အဲဒီေန႔ကို အက်ိဳးအျမတ္ရွာၾကတဲ့ေန႔အျဖစ္ သတ္မွတ္ခဲ့ပါတယ္။ ေစ်းဆုိင္မ်ားက အေစာႀကီး ဖြင့္လွစ္ၾကပါတယ္။ ဆိုင္ပိတ္ခ်ိန္ကိုလည္း တိုးျမႇင့္ေပးၾကပါတယ္။ ဒါ့အျပင္ အေရာင္းျမႇင့္တင္ျခင္း အစီအစဥ္မ်ားကိုလည္း ျပဳလုပ္ေပးၾကပါတယ္။ Black Friday ဟာ တရား၀င္အားလပ္ရက္ေတာ့ မဟုတ္ေပမယ့္ ကယ္လီဖိုးနီးယားနဲ႔ အခ်ိဳ႕ျပည္နယ္မ်ားမွာ အစိုးရ၀န္ထမ္းမ်ားကို အားလပ္ရက္အျဖစ္ သတ္မွတ္ေပးထားပါတယ္။

ေစ်းဆိုင္မဟုတ္တဲ့ ၀န္ထမ္းမ်ားနဲ႔ ေက်ာင္းသားမ်ားကိုလည္း အ့ဲဒီေန႔မွာ ပိတ္ေပးၾကပါတယ္။ ေက်းဇူးေတာ္ေန႔နဲ႔ စေန၊ တနဂၤေႏြ အပါအ၀င္ ေလးရက္ၾကာ အနားရတဲ့အခ်ိန္ ျဖစ္ပါတယ္။ အဲဒီအတြက္ ေစ်း၀ယ္သူ မ်ားျပားတဲ့ အခ်ိန္လည္း ျဖစ္ပါတယ္။ 2005 ခုႏွစ္ကတည္းက ႏွစ္စဥ္ ေစ်း၀ယ္ယူမႈ အမ်ားဆံုးအခ်ိန္ ျဖစ္ခဲ့ပါတယ္။ ႏွစ္တစ္ႏွစ္အတြင္းမွာ ရက္ၾကာၾကာ ေစ်း၀ယ္ယူမႈ အမ်ားဆံုးအခ်ိန္ ျဖစ္ပါတယ္။ ဒီႏွစ္ 2019 အတြက္ က်ေရာက္တဲ့ BLACK FRIDAY ေန႔ရက္ကေတာ့ ႏိုဝင္ဘာေနာက္ဆုံးပတ္ ေသာၾကာေန႔ျဖစ္တဲ့ Friday, November 29 ပါ။ ဒါေၾကာင့္ ဒီတပတ္မွာေတာ့ BLACK FRIDAY အေၾကာင္း သိမွတ္ဖြယ္ရာအခ်ိဳ႕၊ 2019 BLACK FRIDAY မွာေရာ ဘယ္လိုေစ်းဝယ္ျခင္းေတြ ျပဳလုပ္ႏိုင္မလဲ။ BLACK FRIDAY လိုမ်ိဳး အျခားေစ်းဝယ္ရက္ေတြ အေၾကာင္းကို စုစည္းေဖာ္ျပေပးလိုက္ပါတယ္။

(1). သမိုင္းေၾကာင္း

ေက်းဇူးေတာ္ေန႔ အၿပီးေနာက္တစ္ေန႔ဟာ အားလပ္ရက္ ေစ်း၀ယ္ရာသီျဖစ္ရတဲ့ အေၾကာင္းအရင္းမွာ ဆန္တာကေလာ့စ္နဲ႔ ပတ္သက္ေနပါတယ္။ ခရစ္စမတ္ဟာ ေက်းဇူးေတာ္ေန႔ ၿပီးေနာက္ အဓိက အားလပ္ရက္ ရာသီျဖစ္ေနလို႔ ျဖစ္ပါတယ္။ 19 ရာစုနဲ႔ 20 ရာစု ေႏွာင္းပိုင္းမွာ ေက်းဇူးေတာ္ေန႔နဲ႔ ဆန္တာကေလာ့စ္ပြဲမ်ားကို ေစ်းဆိုင္မ်ားက က်င္းပခဲ့ၾကပါတယ္။ အဲဒီအထဲမွာ Eatorn’s , Macy’s Thanksgiving Day Parade တို႔က ပံ့ပိုးကူညီမႈျဖင့္ ကေနဒါရွိ Toronto Santa Claus Parade ပါ၀င္ပါတယ္။ ေက်းဇူးေတာ္ေန႔နဲ႔ ခရစ္စမတ္ ေစ်း၀ယ္ရာသီဟာ 1930 ခုနွစ္မွာ အျငင္းပြားဖြယ္ရာ ျဖစ္ခဲ့ပါတယ္။ ေစ်းဆိုင္မ်ားက ေစ်းေရာင္းကာလကို ပိုမို ၾကာေစခ်င္ပါတယ္။ ဒါေပမယ့္ ဓေလ့ထံုးစံကိုလည္း မပယ္ဖ်က္ခ်င္ၾကပါဘူး။ အဲဒီအတြက္ 1939 ခုႏွစ္မွာ သမၼတ ဖရန္ကလင္ ဒီရုစဗဲ့က ႏို၀င္ဘာလ ေနာက္ဆံုးအပတ္ရဲ႕ ၾကာသာပေတးအစား ေလးပတ္ေျမာက္ ၾကာသာပေတးေန႔ကို ေက်းဇူးေတာ္ေန႔အျဖစ္ တရား၀င္ျပဌာန္းခဲ့ပါတယ္။ အဲဒီအတြက္ ေစ်း၀ယ္ရာသီ ပိုမိုၾကာျမင့္ခဲ့ပါတယ္။ လူအမ်ားစုက သမၼတရဲ႕ ေျပာင္းလဲမႈကို ႏွစ္သက္ခဲ့ပါတယ္။ 2015 ခုနွစ္မွာ Amazon က ဇူလိုင္လမွာ Prime Day ကို က်င္းပခဲ့ၿပီး Black Friday ထက္ ပိုမို ေလွ်ာ့ေစ်းနဲ႔ ရမယ္လို႔ ေျပာခဲ့ပါတယ္။ အျခား ကုမၸဏီမ်ားကလည္း ဇူလိုင္လမွာ ပါ၀င္ဆင္ႏႊဲခဲ့ပါတယ္။

(2). Black Friday စကားလံုးရဲ႕ ဇာစ္ျမစ္

Black Friday စကားလံုးကုိ 1975 ခုႏွစ္ ႏို၀င္ဘာလ 29 ရက္ေန႔မွာ The New York Times က စတင္သံုးစြဲခဲ့ပါတယ္။ သူရည္ညႊန္းတာက ဖီလာဒယ္ဖီးယားမွာ တစ္ႏွစ္တာအတြက္ အစည္ကားဆံုး ေစ်း၀ယ္ျခင္းနဲ႔ လမ္းပိတ္ဆို႔မႈ ျဖစ္ပါတယ္။ အဲဒီစကားလံုးကို 1980 ခုႏွစ္မွာ တစ္ႏုိင္ငံလံုးက သိလာၾကပါတယ္။ ကုန္သည္မ်ားက အဲဒီစကားလံုးကို အသံုးျပဳၿပီး အေရာင္းျမႇင့္တင္ခဲ့ၾကပါတယ္။ ေက်းဇူးေတာ္ေန႔ အၿပီးေနာက္တစ္ရက္မွာ အျမတ္မ်ားစြာရဖို႔ ႀကိဳးစားခဲ့ၾကပါတယ္။ 2013 ခုႏွစ္မွာ ျပည္တြင္းစစ္မျဖစ္မီ ေတာင္အေမရိကန္မွာ အဲဒီစကားလံုး စတင္ေပါက္ဖြားလာတယ္လို႔ သတင္းေတြထြက္ခဲ့ပါတယ္။ ဒါကို 2015 ခုႏွစ္မွာ Snopes.com ကေန ျငင္းဆိုခဲ့ပါတယ္။ George Washington လက္ထက္ကတည္းက ေက်းဇူးေတာ္ေန႔ကို အမ်ိဳးသားေန႔အျဖစ္ သတ္မွတ္ခဲ့ေပမယ့္ သမၼတ လင္ကြန္းလက္ထက္မွသာ အားလပ္ရက္အျဖစ္ သတ္မွတ္ခဲ့တာ ျဖစ္ပါတယ္။

(3). ဘယ္လိုအခ်ိန္ေတြမွာ ေရာင္းခ်ေလ့ရွိလဲ

BLACK FRIDAY ေန႔ရက္မွာေတာ့ အေရာင္းဆိုင္ေတြဟာ နံနက္ 6 နာရီကတည္းက ဖြင့္လွစ္ေရာင္းခ်ေနတာ ႏွစ္ေပါင္းမ်ားစြာ ၾကာပါၿပီ။ ဒါေပမယ့္ 2000 ခုႏွစ္ေႏွာင္းပိုင္းမွာ နံနက္ 4 နာရီ ၊ 5 နာရီကတည္းက ေရာင္းခ်ၾကပါတယ္။ 2011 မွာေတာ့ Target, Kohl’s, Macy’s, Best Buy, Bealls အပါအ၀င္ ဆိုင္ေတာ္ေတာ္မ်ားမ်ားက ညသန္းေခါင္အခ်ိန္မွာ စတင္ဖြင့္လွစ္ ေရာင္းခ်လာၾကပါတယ္။ 2012 ခုႏွစ္မွာ Walmart နဲ႔ ဆိုင္ေတာ္ေတာ္မ်ားမ်ားက ေက်းဇူးေတာ္ေန႔မွာ ည 8 နာရီမွာ စတင္ ေရာင္းခ်မယ္လို႔ ေၾကညာခဲ့ပါတယ္။ 2014 ခုႏွစ္မွာ JCPenney, Best Buy, Radio Shack တို႔လို အေရာင္းဆိုင္မ်ားက ေက်းဇူးေတာ္ေန႔မွာ ညေန 5 နာရီမွာ စတင္ေရာင္းခ်ေပးၿပီး Target, Walmart, Belk, Sears တို႔က ညေန 6 နာရီမွာ စတင္ေရာင္းခ်ခဲ့ၾကပါတယ္။ Rhode Island, Maine နဲ႔ Massachusetts ျပည္နယ္သံုးခုက Blue Laws အရ ေက်းဇူးေတာ္ေန႔မွာ စူပါမားကတ္မ်ားနဲ႔ ေစ်းဆိုင္မ်ားကို ေရာင္းခ်ခြင့္ ပိတ္ခဲ့ပါတယ္။

Confident brunette leaning against the wall and texting

(4). BLACK FRIDAY အတြက္ မွတ္သားထားစရာ အေရာင္းဆုိင္မ်ား

Black Friday ေန႔ရက္မွာေတာ့ ဖုန္းအေရာင္းဆိုင္ႀကီးေတြနဲ႔ ကြန္ရက္ဆိုင္ရာ ဝန္ေဆာင္မႈေပးသူေတြဟာ ေစ်းႏႈန္းေလ်ာ့ခ်ျခင္း၊ အံ့ၾသေလာက္စရာ ကမ္းလွမ္းခ်က္ေတြနဲ႔ သူတို႔ရဲ႕ သုံးစြဲသူေတြကို ဆြဲေဆာင္ၾကပါတယ္။ တကယ္လို႔ သင့္အေနနဲ႔ Black Friday ေစ်းဝယ္ရက္ကို အေကာင္းဆုံး ျဖတ္သန္းခ်င္တယ္ဆိုရင္ေတာ့ ဒီေနရာေတြကို မွတ္သားထားဖို႔ လိုပါတယ္။ သူတို႔ကေတာ့ Amazon ၊ Walmart၊ Currys Black ၊ Argos ၊ John Lewis ၊ AO.com နဲ႔ Best Buy တို႔ပဲ ျဖစ္ပါတယ္။ အြန္လိုင္းဖုန္းစတိုးဆိုင္ေတြအေနနဲ႔ဆိုရင္ Carphone Warehouse, Phones.co.uk, Mobiles.co.uk နဲ႔ Fonehouse.co.uk. တို႔ပါ။ ယခုႏွစ္အတြက္ ေစ်းေလ်ာ့ေရာင္းခ်ႏိုင္တဲ့ဖုန္းေတြကေတာ့ Huawei P30 နဲ႔ P30 Pro ၊ OnePlus 7 ၊ OnePlus 7 Pro ၊ iPhone 11 ၊ XR လိုဖုန္းမ်ိဳးေတြပဲ ျဖစ္ပါတယ္။

(5). Target Black Friday 2019 : Expected Sales

BLACK FRIDAY ရဲ႕ သမိုင္းေၾကာင္းေတြအရ ႏွစ္တိုင္းမွာ အၿပိဳင္အဆိုင္ ေစ်းေလ်ာ့ေရာင္းခ်မႈေတြကို ႀကဳံေတြ႕ပါတယ္။ ေျပာရမယ္ဆိုရင္ Cyber Monday လိုအေရာင္းပြဲထက္ေတာင္ ပိုေရာင္းေကာင္းေစဖို႔ ၾကိဳးပမ္းၾကပါတယ္။ ဒါေၾကာင့္ ဒီေရာင္းခ်မႈမွာ ၿပိဳင္ဘက္အေရာင္းဆိုင္ေတြရဲ႕ အၿပိဳင္အဆိုင္ေရာင္းခ်မႈေတြကို ေတြ႕ရမွာ ျဖစ္ပါတယ္။ 2019 အတြက္ သုံးစြဲသူေတြကုိ အေကာင္းဆုံး ပစ္မွတ္ထားေရာင္းခ်ဖို႔ ျပင္ေနတဲ့အေရာင္းဆိုင္ေတြ ရွိေနပါတယ္။ သူတို႔ေတြ႕ကေတာ့ Walmart အေနနဲ႔ Apple iPhone 11, iPhone 11 Pro, iPhone 11 Pro Max ဖုန္းေတြ အရစ္က်ဝယ္ယူတဲ့ သူေတြကို ေဒၚလာ 300 တန္ လက္ေဆာင္ကတ္ေတြေပးဖို႔ စီစဥ္ထားတာပါ။ ဘာေၾကာင့္လဲဆိုရင္ မႏွစ္က 2018 Walmart ရဲ႕ Best Black Friday အေရာင္းပြဲေတာ္ရက္မွာ iPhone XS, iPhone XS Max (သို႔) iPhone XR ဝယ္ယူသူေတြကို $300 gift card ေပးခဲ့ၿပီး PlayStation 4 GranTurismo Sport VR Bundle ဝယ္သူေတြကေတာ့ ေဒၚလာ 100 သက္သာခဲ့ပါတယ္။ Microsoft Xbox One X 1TB Console ဝယ္သူေတြလည္း ထိုနည္းလည္းေကာင္း 100 ေလာက္ သက္သာခဲ့ပါတယ္။ Samsung Galaxy S10, S10+, Note 10 ဝယ္ယူသူေတြအတြက္လည္း $300 Gift Card ေပးဖုိ႔ ရွိပါတယ္။ ဒါကေတာ့ Best Buy က ဝယ္သူေတြအတြက္ပါ။ Costco ရဲ႕ Black Friday အစီအစဥ္ေတြမွာေတာ့ Samsung Galaxy Note 10+, Galaxy S10 (သုိ႔) Galaxy S10+ ဝယ္သူေတြဟာ စံခ်ိန္မွီ Costco Shop Card ၊ 10.1-inch ရိွတဲ့ Samsung Galaxy Tab A 128GB ကို ေဒၚလာ 100 ေလ်ာ့ေစ်းနဲ႔ ဝယ္ႏိုင္မယ္။

(6). BLACK FRIDAY လိုမ်ိဳး အျခားေစ်းဝယ္ရက္ေတြ Singles Day : Monday, November 11

Singles Day ကို အလီဘာဘာက က်င္းပခဲ့တာ 9 ႏွစ္ရွိၿပီ ျဖစ္ပါတယ္။ အလီဘာဘာဟာ Amazon ရဲ႕ အႀကီးမားဆံုး ၿပိဳင္ဖက္လည္း ျဖစ္ပါတယ္။ Singles Day ဟာ Valentine’s Day ကို ဆန္႔က်င္တဲ့အေနနဲ႔ ေပၚထြက္လာျခင္းျဖစ္ၿပီး ခ်စ္သူ ရည္းစား မရွိသူမ်ား ေစ်း၀ယ္ျခင္းျဖင့္ ေပ်ာ္ရႊင္ရေအာင္ က်င္းပေပးျခင္း ျဖစ္ပါတယ္။ Singles Day ကို ႏွစ္စဥ္ ႏုိ၀င္ဘာလ 11 ရက္ေန႔မွာ က်င္းပပါတယ္။ မႏွစ္က Singles Day အြန္လိုင္းေစ်းေရာင္းပြဲေတာ္မွာ တရုတ္လူမ်ိဳးမ်ားဟာ အလီဘာဘာတြင္ 24 နာရီအတြင္း ေဒၚလာ 25 ဘီလီယမ္ဖိုး ၀ယ္ယူခဲ့ပါတယ္။ 2017 မွာလည္း အထူးေလွ်ာ့ေစ်းမ်ားျဖင့္ ေရာင္းခ်ေပးခဲ့ပါတယ္။ ေဖ်ာ္ေျဖပြဲမ်ားကိုလည္း က်င္းပေပးၿပီး တရုတ္လူမ်ိဳးမ်ားဟာ ေဒၚလာ 25.3 ဘီလီယမ္ (168.2 ဘီလီယမ္ ယြမ္) ဖိုး ၀ယ္ယူခဲ့ၾကၿပီး 2016 ကရရွိခဲ့တဲ့ 17.8 ဘီလီယမ္ထက္ 40 ရာခုိင္ႏႈန္း ပိုမိုတိုးတက္လာခဲ့ပါတယ္။ ေငြလႊဲမႈေပါင္း 1.48 ဘီလီယမ္အႀကိမ္ ျပဳလုပ္ခဲ့ၾကၿပီး တစ္စကၠန္႔လွ်င္ ေငြလႊဲမႈ 256000 ရွိခဲ့ပါတယ္။

(7). Black Thursday

ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ အေရာင္းဆိုင္မ်ားက Black Friday ပြဲကို ေစာသထက္ေစာေအာင္ ဖြင့္လွစ္ၾကပါတယ္။ ေက်းဇူးေတာ္ေန႔ရဲ႕ ညသန္းေခါင္အခ်ိန္မွာေတာင္ စတင္ ေရာင္းခ်ၾကပါတယ္။ 2009 ခုႏွစ္မွာ Kmart က Black Friday လူစည္ကားမႈကို ေရွာင္ရွားဖို႔ ေက်းဇူးေတာ္ေန႔ နံနက္ 7 နာရီမွာ စတင္ ေရာင္းခ်ပါတယ္။ 2 ႏွစ္အၾကာမွာ အေရာင္းဆိုင္မ်ားက ည 8 နာရီနဲ႔ 9 နာရီမွာ ေရာင္းခ်ၾကပါတယ္။ အဲဒီလိုနဲ႔ Black Thursday ေပၚေပါက္လာပါတယ္။ ေနာက္ႏွစ္မ်ားမွာ အျခားအေရာင္းဆိုင္မ်ားက ဒီနည္းကို က်င့္သံုးခဲ့့ၿပီး ေက်းဇူးေတာ္ေန႔မွာ ေစာသထက္ေစာေအာင္ ေရာင္းခ်ခဲ့ပါတယ္။ အေရာင္းဆိုင္အခ်ိဳ႕နဲ႔ မီဒီယာမ်ားက အဲဒီေန႔ကို Gray Thursday , Brown Thursday လို႔ ေခၚၾကပါတယ္။

(8). Cyber Week

Forbes ရဲ႕ Entrepreneurs Column မွာ 2013 ခုႏွစ္ ဒီဇင္ဘာလ 3 ရက္ေန႔က ေဖာ္ျပခ်က္အရ Black Friday ရဲ႕ အြန္လိုင္းဗားရွင္း Cyber Monday ဟာ အလြန္လူႀကိဳက္မ်ားေနၿပီး ရက္သတၱပတ္တစ္ပတ္လံုး ေရာင္းအားေကာင္းေနပါတယ္။ CBS News ရဲ႕ Travel Editor ျဖစ္သူ Peter Greenberg က “ Black Friday မွာ ေစ်း၀ယ္ခ်င္ရင္ ေျမျပင္ေစ်းဆုိင္ေတြကို ေရွာင္ပါ။ Black Friday , Cyber Monday အားလံုးဟာ Cyber Week ရဲ႕ တစ္စိတ္တစ္ပိုင္း ျဖစ္ပါတယ္ ” လို႔ ေျပာပါတယ္။

(9). Cyber Monday : Monday, December 2

Cyber Monday စကားလံုးကို 2005 ခုႏွစ္မွာ National Retail Federations ရဲ႕ Shop.org က ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ Black Friday ၿပီးေနာက္ တနလၤာေန႔ကို Cyber Monday အျဖစ္ သတ္မွတ္ခဲ့ၾကပါတယ္။ ေက်းဇူးေတာ္ေန႔ အားလပ္ရက္မ်ားမွာ ေစ်းမ၀ယ္ႏုိင္ေလာက္ေအာင္ အလုပ္မ်ားေနသူမ်ား သို႔မဟုတ္ လိုခ်င္တဲ့ ပစၥည္းကို ရွာမေတြ႕သူမ်ားအတြက္ တနလၤာေန႔မွာ အြန္လိုင္းကေန ေစ်း၀ယ္ႏုိင္ေအာင္ Cyber Monday ကို ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ အဲဒီေန႔မွာ အိမ္ သို႔မဟုတ္ အလုပ္ကေန အြန္လိုင္းကေနတစ္ဆင့္ ေစ်း၀ယ္ႏုိင္ပါတယ္။ 2013 ခုႏွစ္မွာ Cyber Monday ရဲ႕ အြန္လုိင္းေရာင္းအားဟာ ယခင္ႏွစ္ကထက္ 18 ရာခိုင္ႏႈန္း ပိုမိုတိုးတက္လာၿပီး 1.73 ဘီလီယမ္ဖိုး စံခ်ိန္တင္ ေရာင္းခ်ခဲ့ရပါတယ္။ လူတစ္ဦးလွ်င္ ပ်မ္းမွ် ၀ယ္ယူမႈတန္ဖိုးမွာ 128 ေဒၚလာ ျဖစ္ပါတယ္။ 2014 ခုႏွစ္မွာ Cyber Monday ဟာ အဲဒီႏွစ္အတြက္ ေရာင္းအားအေကာင္းဆံုးျဖစ္ခဲ့ၿပီး အြန္လိုင္းမွာ 2 ဘီလီယမ္ဖိုုး ေရာင္းခ်ခဲ့ရပါတယ္။ ယခင္ႏွစ္ကထက္ 17 ရာခိုင္ႏႈန္း ပိုမိုတိုးတက္လာခဲ့တာ ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)