Huawei အနေနဲ့ ဇွန်လလောက်က Nova 5 series စမတ်ဖုန်းတွေဖြစ်တဲ့ Nova 5, Nova 5 Pro နဲ့ Nova 5i တို့ကို ပွဲထုတ်ခဲ့ပါတယ်။ တရုတ်စမတ်ဖုန်း ထုတ်လုပ်သူ အနေနဲ့ Nova 5i ကိုပြည်တွင်းဈေးကွက် အတွက် 6 GB နဲ့ 8 GB RAM အမျိုးအစား ၂ ခုကိုသာ ရောင်းချပေးခဲ့ပါတယ်။ အခု TENAA စာရင်းမှာ GLK-LXU1 ဆိုပြီး ထွက်လာပါတယ်။ မော်ဒယ်နံပတ် Nova 5i စမတ်ဖုန်းဖြစ်ပြီး 4 GB RAM အမျိုးအစားသစ်ထွက်လာမှာပါ။
Nova 5i ကိုလက်ရှိရနိုင်တဲ့ အမျိုးအစားတွေက 6 GB RAM + 128 GB storage နဲ့ 8 GB RAM + 128 GB storage တွေဖြစ်ပြီး ဈေးနှုန်းတွေက $285 နဲ့ $313 အသီးသီးရှိပါတယ်။ တကယ်လို့ 4 GB RAM ဗားရှင်းထွက်လာမယ်ဆိုရင်တော့ 1,399 ယွမ်($199) နဲ့ရောင်းချလာနိုင်ပါတယ်။ 4 GB RAM edition ကိုတရုတ်မှာ 64 GB ၊128 GB storage တွေနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။Related image
Huawei Nova 5i ကို အနက်၊ အပြာနဲ့ အနီရောင်များ ထုတ်လုပ်ထားပါတယ်။ သူ့မှာ ၆.၄ လက်မ Full HD+ Display ထည့်သွင်းထားပြီး မျက်နှာပြင် အချိုးမှာ ၉၀.၈ ရာခိုင်နှုန်း ဖြစ်ပါတယ်။ 24MP In-screen Camera ပါပါတယ်။ အနောက်ဘက်ဟာ အရောင်ပြောင်း ဒီဇိုင်း ဖြစ်ပြီး S ပုံသဏ္ဍာန်ကို ရေးထွင်းထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။

++++

4 GB RAM ဗားရွင္းနဲ႔ ထြက္လာအုံးမယ့္ Huawei Nova 5i

Huawei အေနနဲ႔ ဇြန္လေလာက္က Nova 5 series စမတ္ဖုန္းေတြျဖစ္တဲ့ Nova 5, Nova 5 Pro နဲ႔ Nova 5i တို႔ကို ပြဲထုတ္ခဲ့ပါတယ္။ တ႐ုတ္စမတ္ဖုန္း ထုတ္လုပ္သူ အေနနဲ႔ Nova 5i ကိုျပည္တြင္းေဈးကြက္ အတြက္ 6 GB နဲ႔ 8 GB RAM အမ်ိဳးအစား ၂ ခုကိုသာ ေရာင္းခ်ေပးခဲ့ပါတယ္။ အခု TENAA စာရင္းမွာ GLK-LXU1 ဆိုၿပီး ထြက္လာပါတယ္။ ေမာ္ဒယ္နံပတ္ Nova 5i စမတ္ဖုန္းျဖစ္ၿပီး 4 GB RAM အမ်ိဳးအစားသစ္ထြက္လာမွာပါ။
Nova 5i ကိုလက္ရွိရႏိုင္တဲ့ အမ်ိဳးအစားေတြက 6 GB RAM + 128 GB storage နဲ႔ 8 GB RAM + 128 GB storage ေတြျဖစ္ၿပီး ေဈးႏႈန္းေတြက $285 နဲ႔ $313 အသီးသီးရွိပါတယ္။ တကယ္လို႔ 4 GB RAM ဗားရွင္းထြက္လာမယ္ဆိုရင္ေတာ့ 1,399 ယြမ္($199) နဲ႔ေရာင္းခ်လာႏိုင္ပါတယ္။ 4 GB RAM edition ကိုတ႐ုတ္မွာ 64 GB ၊128 GB storage ေတြနဲ႔ ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။Related image
Huawei Nova 5i ကို အနက္၊ အျပာနဲ႔ အနီေရာင္မ်ား ထုတ္လုပ္ထားပါတယ္။ သူ႔မွာ ၆.၄ လက္မ Full HD+ Display ထည့္သြင္းထားၿပီး မ်က္ႏွာျပင္ အခ်ိဳးမွာ ၉၀.၈ ရာခိုင္ႏႈန္း ျဖစ္ပါတယ္။ 24MP In-screen Camera ပါပါတယ္။ အေနာက္ဘက္ဟာ အေရာင္ေျပာင္း ဒီဇိုင္း ျဖစ္ၿပီး S ပုံသ႑ာန္ကို ေရးထြင္းထားပါတယ္။ အေနာက္ဘက္မွာ လက္ေဗြရာ အာ႐ုံခံ ကိရိယာ ပါပါတယ္။