LG ဟာ LG G Pad 5 10.1 ကို ကြေညာလာပါတယ်။ LG G Pad 5 10.1 က 2017 ခုနှစ်ထွက် LG Pad 4 ရဲ့ ခြေရာကို ဆက်ခံတဲ့ Tablet ဖြစ်ပါတယ်။ LG G Pad 5 10.1 မှာ ကြီးမားတဲ့ မျက်နှာပြင်၊ Fast Charging ပါဝင်တဲ့ များပြားတဲ့ ဘက်ထရီ၊ လက်ဗွေရာစနစ်တို့ ပါဝင်ပါတယ်။

LG G Pad 5 10.1 မှာ မျက်နှာပြင် 10.1 လက်မ IPS LCD FHD+ ရုပ်ထွက်သုံးထားကာ 1920×1200 pixels Resolution သုံးထားပါတယ်။ 175 ဒီဂရီမြင်ကွင်းကျယ် ထောက်ပံ့ထားပါတယ်။ မျက်လုံးထိခိုက်မှုမရှိအောင် Blue Light Filter ထည့်သွင်းပေးထားပါတယ်။ အဖြူ/အမည်းရုပ်ထွက်လည်း ထောက်ပံ့ထားကာ စာအုပ်ဖတ်တဲ့အခါ မျက်လုံးထိခိုက်မှု ဖြစ်စေမှာ မဟုတ်ပါဘူး။

LG G Pad 5 10.1 ကို 2.3GHz Quad-core Snapdragon 821 SOC ၊ 4GB LPDDR4 RAM နဲ့ ပါဝါထောက်ပံ့ထားပြီး Storage 32GB ပါဝင်ပါတယ်။ microSD ကနေ 512GB အထိ ထပ်တိုးလို့ ရပါတယ်။

ကျောဘက်ကင်မရာ 8MP ဖြစ်ပြီး Autofocusပါဝင်ပါတယ်။ ရှေ့ကင်မရာက 5MP ဖြစ်ပါတယ်။ ဘက်ထရီ 8200 mAh ပါဝင်ပြီး Quick Charge 3.0 ဖြင့် အားသွင်းနိုင်ပါမယ်။ Android 9.0 Pie ပါဝင်ပါတယ်။ SIM Card ၊ Bluetooth v4.2 ၊ Wi-Fi 802.11 a/g/b/n/ac ၊ USB Type C ၊နားကြပ်ပေါက် ၊ GPS တို့ ပါဝင်ပါတယ်။ ဘောင်မှာ အသံအတိုးအချဲ့ခလုတ်များ၊ ပါဝါခလုတ်နဲ့ လက်ဗွေရာစနစ်တို့ကို ထည့်သွင်းထားပါတယ်။

LG G Pad 5 10.1 ရဲ့ အတိုင်းအတာက 247.2 x 150.7 x 8 မီလီမီတာရှိကာ အလေးချိန် 498 ဂရမ် ရှိပါတယ်။ ကိုယ်ထည်ကို သတ္တုနဲ့ တည်ဆောက်ထားတာဖြစ်လို့ တန်ဖိုးကြီးဒီဇိုင်းမျိုး ဖြစ်နေပါတယ်။

LG G Pad 5 10.1 ကို ငွေရောင်တစ်မျိုးတည်းနဲ့ဘဲ ရွေးချယ်နိုင်ပါမယ်။ ဈေးနှုန်းက ဒေါ်လာ 380 ဖြစ်ပါတယ်။ LG G Pad 5 10.1 ကို တောင်ကိုရီးယားမှာ စတင်ရောင်းချသွားပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

10.1 လက်မ မျက်နှာပြင် ၊ Snapdragon 821 SoC အသုံးပြုထားတဲ့ LG G Pad 5 10.1 ကို ကြေညာ






