A man holds a Samsung Galaxy Note 7 during a launch event at the Hammerstein Ballroom, August 2, 2016 in New York City.

မေး – ကျွန်တော်အခုလက်ရှိသုံးနေတဲ့ဖုန်းလေးက Samsung အမျိုးအစားလေးပါ။ OTG Stick ချိတ်တာ မရလို့ပါအစ်ကိုရေ။ အရင်ကတော့ ရပါတယ်။ အခု မရတော့လို့ပါ။ ဘာကြောင့်ပါလဲအစ်ကိုရေ။
ဖြေ – OTG Stick ချိတ်မရတာကတော့ အရင်ဆုံး Stick အသစ် လဲကြည့်လိုက်ပါ။ မရရင်တော့ USB Port ပတ်လမ်းတွေကို စစ်ကြည့်မှပဲ သိနိုင်မှာပါခင်ဗျာ။ Service ဆိုင်တွေမှာ စစ်ကြည့်လိုက်ရင် သိနိုင်ပါတယ်။

မေး – မင်္ဂလာပါခင်ဗျာ။ ကျွန်တော့်ဖုန်းက Sim Card ထည့်ထားပေမယ့်လည်း လိုင်းမတက်ဘူးဖြစ်နေလို့ပါခင်ဗျာ။ အဲ့ဒါ ဘာကြောင့်ပါလဲ။ ပြုပြင်လို့ရော ရနိုင်ပါသလားခင်ဗျာ။
ဖြေ – ဆင်းကတ်ထည့်ထားတာတောင် လိုင်းမတက်တဲ့ error ဖြစ်နေရင်တော့ Software ပိုင်းကို စစ်ကြည့်တာမျိုး (ဥပမာ-IMEI ရှိမရှိ စစ်ဆေးခြင်း) ၊ Hardware ပိုင်းကို စစ်ဆေးတာမျိုး (ဥပမာ-ဖုန်းဆားကစ်ပြား ပေါ်ကဆင်းကတ်လမ်းကြောင်းပိုင်းကို စစ်ဆေးပေးတာမျိုးတွေကို လုပ်ကြည့်မှ သိနိုင်မှာပါခင်ဗျာ။ ပြန်ပြုပြင်လို့ ရနိုင်ပါတယ်ခင်ဗျာ။

မေး – အစ်ကိုရေ Apple ID ကို မေ့သွားလို့ပါခင်ဗျာ။ ဘယ်လိုလုပ်ရင် ပြန်အဆင်ပြေနိုင်မလဲခင်ဗျာ။ ကူညီပေးပါဦး။
ဖြေ – Apple ID ကို မေ့နေရင်တော့ Service Center ကို သွားပြမှပဲ ပြန်အဆင်ပြေနိုင်ပါလိမ့်မယ် ညီလေးရေ။

မေး – မင်္ဂလာပါအစ်ကိုရေ။ ကျွန်တော့်ဖုန်းက Honor ဖုန်းအမျိုးအစားလေးပါခင်ဗျာ။ Game ကစားနေရင်းနဲ့ အပြင်ကို ထွက်ထွက်သွားလို့ပါ။ အဲ့ဒါက ဘာဖြစ်လို့ပါလဲခင်ဗျာ။
ဖြေ – ဘယ်ဖုန်းအမျိုးအစားပဲဖြစ်ဖြစ် မိမိအသုံးပြုနေတဲ့ Application တစ်ခုခု ဒါမှမဟုတ် Game တစ်ခုခုက အပြင်ကို ပြန်ပြန်ထွက်သွားတာမျိုးက Version မကိုက်တာမျိုးနဲ့ Software Update မဖြစ်တာမျိုးတွေကြောင့် ပါ။ Uninstall ပြန်လုပ်ပြီး Update ပြန်တင်ပေးပြီးမှပဲ သုံးကြည့်လိုက်ပါအစ်ကိုရေ။

မေး – အစ်ကိုရေ ကျွန်တော့်ဖုန်းက အားမသွင်းဘဲနဲ့လည်း တစ်ခါတလေမှာ အားဝင်တဲ့ပုံကို ပြနေလို့ပါခင်ဗျာ။ အဲ့ဒါက ဘာဖြစ်လို့ပါလဲခင်ဗျာ။
ဖြေ – အားမသွင်းဘဲနဲ့လည်း အားသွင်းပုံပြနေတာကတော့ Hardware ပိုင်း၊ Charging လမ်းကြောင်းပိုင်းမှာ Error ဖြစ်နေလို့ပါခင်ဗျာ။ ပြုပြင်လို့ရပါတယ်ခင်ဗျာ။

မေး – မင်္ဂလာပါအစ်ကိုရေ။ ကျွန်တော့်ဖုန်းက OPPO ဖုန်းအမျိုးအစားလေးပါခင်ဗျာ။ Unicode ပြောင်းချင်လို့ပါ။ ဘယ်လိုလုပ်ဆောင်ရမလဲခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
ဖြေ – OPPO ဖုန်းတွေအတွက် Unicode ပြောင်းတဲ့ Software တွေ အလွယ်တကူ ဒေါင်းလို့ရနေပါပြီ။ တစ်ခုရှိတာက လူတိုင်း Unicode မပြောင်းသေးတဲ့အတွက် Facebook မှာတော့ စာလုံးတိုင်းကို မမှန်နိုင်ပါဘူးခင်ဗျာ။ လောလောဆယ်မှာတော့ Facebook က Auto Converse လုပ်ပေးထားတဲ့အတွက် အဆင်ပြေပါလိမ့်မယ်ခင်ဗျာ။

မေး – Software Update နဲ့ System Update က ဘယ်လိုကွာခြားပါသလဲ အစ်ကိုရေ။ ဖြေကြားပေးပါဦးခင်ဗျာ။
ဖြေ – Software Update ဆိုတာက မိမိသုံးနေတဲ့ Application တစ်ခုတည်းကို Update လုပ်ပေးရတာမျိုးပါ။ System Update ဆိုတာကတော့ ဖုန်းတစ်ခုလုံးရဲ့ System ပိုင်းတစ်ခုလုံးကို Update လုပ်ဆောင်ခြင်းပါ။ တချို့ဖုန်းတွေမှာ System Update လုပ်တာကို Software Update လို့ ရေးထားတတ်ပါတယ်။

မေး – ဖုန်းနဲ့ TV ကို ချိတ်ဆက်အသုံးပြုလို့ရတဲ့ Software တွေ ရှိပါသလားခင်ဗျာ။ ချိတ်ဆက်အသုံးပြုလို့ ရမရကိုလည်း ဖြေကြားပေးစေလိုပါတယ်ခင်ဗျာ။
ဖြေ – ဖုန်းနဲ့ TV ချိတ်ဆက်သုံးလို့ရတဲ့ Software တွေ ရှိပါတယ်။ Wifi နဲ့ ချိတ်ဆက်သုံးလို့ရသလို Streaming Apps, MHL, Cromecast စတဲ့ Software တွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

မေး – အစ်ကိုရေ ဖုန်းတွေမှာပါတဲ့ Snapdragon ဆိုတာက ဘာကိုပြောတာပါလဲခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
ဖြေ – Snapdragon ဆိုတာကတော့ ဖုန်းထဲမှာအသုံးပြုထားတဲ့ CPU အမျိုးအစားကို ပြောတာပါခင်ဗျာ။

Success Mobile Training Center (ဒေါပုံ) ဖုန်း-09-799277012 , 09-966729922 မှ ကူညီပံ့ပိုးပါသည်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

A man holds a Samsung Galaxy Note 7 during a launch event at the Hammerstein Ballroom, August 2, 2016 in New York City.

အေမးမ်ားေသာ မိုဘိုင္းဖုန္းဆိုင္ရာျပႆနာမ်ား

ေမး – ကြၽန္ေတာ္အခုလက္ရွိသံုးေနတဲ့ဖုန္းေလးက Samsung အမ်ိဳးအစားေလးပါ။ OTG Stick ခ်ိတ္တာ မရလို႔ပါအစ္ကိုေရ။ အရင္ကေတာ့ ရပါတယ္။ အခု မရေတာ့လို႔ပါ။ ဘာေၾကာင့္ပါလဲအစ္ကိုေရ။
ေျဖ – OTG Stick ခ်ိတ္မရတာကေတာ့ အရင္ဆံုး Stick အသစ္ လဲၾကည့္လုိက္ပါ။ မရရင္ေတာ့ USB Port ပတ္လမ္းေတြကို စစ္ၾကည့္မွပဲ သိႏိုင္မွာပါခင္ဗ်ာ။ Service ဆိုင္ေတြမွာ စစ္ၾကည့္လုိက္ရင္ သိႏိုင္ပါတယ္။

ေမး – မဂၤလာပါခင္ဗ်ာ။ ကြၽန္ေတာ့္ဖုန္းက Sim Card ထည့္ထားေပမယ္႔လည္း လိုင္းမတက္ဘူးျဖစ္ေနလို႔ပါခင္ဗ်ာ။ အဲ့ဒါ ဘာေၾကာင့္ပါလဲ။ ျပဳျပင္လို႔ေရာ ရႏိုင္ပါသလားခင္ဗ်ာ။
ေျဖ – ဆင္းကတ္ထည့္ထားတာေတာင္ လိုင္းမတက္တဲ့ error ျဖစ္ေနရင္ေတာ့ Software ပိုင္းကို စစ္ၾကည့္တာမ်ဳိး (ဥပမာ-IMEI ရွိမရွိ စစ္ေဆးျခင္း) ၊ Hardware ပိုင္းကို စစ္ေဆးတာမ်ဳိး (ဥပမာ-ဖုန္းဆားကစ္ျပား ေပၚကဆင္းကတ္လမ္းေၾကာင္းပိုင္းကို စစ္ေဆးေပးတာမ်ဳိးေတြကို လုပ္ၾကည့္မွ သိႏိုင္မွာပါခင္ဗ်ာ။ ျပန္ျပဳျပင္လို႔ ရႏိုင္ပါတယ္ခင္ဗ်ာ။

ေမး – အစ္ကိုေရ Apple ID ကို ေမ့သြားလို႔ပါခင္ဗ်ာ။ ဘယ္လိုလုပ္ရင္ ျပန္အဆင္ေျပႏိုင္မလဲခင္ဗ်ာ။ ကူညီေပးပါဦး။
ေျဖ – Apple ID ကို ေမ့ေနရင္ေတာ့ Service Center ကို သြားျပမွပဲ ျပန္အဆင္ေျပႏိုင္ပါလိမ့္မယ္ ညီေလးေရ။

ေမး – မဂၤလာပါအစ္ကိုေရ။ ကြၽန္ေတာ့္ဖုန္းက Honor ဖုန္းအမ်ိဳးအစားေလးပါခင္ဗ်ာ။ Game ကစားေနရင္းနဲ႔ အျပင္ကို ထြက္ထြက္သြားလို႔ပါ။ အဲ့ဒါက ဘာျဖစ္လို႔ပါလဲခင္ဗ်ာ။
ေျဖ – ဘယ္ဖုန္းအမ်ဳိးအစားပဲျဖစ္ျဖစ္ မိမိအသံုးျပဳေနတဲ့ Application တစ္ခုခု ဒါမွမဟုတ္ Game တစ္ခုခုက အျပင္ကို ျပန္ျပန္ထြက္သြားတာမ်ဳိးက Version မကိုက္တာမ်ိဳးနဲ႔ Software Update မျဖစ္တာမ်ဳိးေတြေၾကာင့္ ပါ။ Uninstall ျပန္လုပ္ၿပီး Update ျပန္တင္ေပးၿပီးမွပဲ သံုးၾကည့္လိုက္ပါအစ္ကိုေရ။

ေမး – အစ္ကိုေရ ကြၽန္ေတာ့္ဖုန္းက အားမသြင္းဘဲနဲ႔လည္း တစ္ခါတေလမွာ အားဝင္တဲ့ပံုကို ျပေနလို႔ပါခင္ဗ်ာ။ အဲ့ဒါက ဘာျဖစ္လို႔ပါလဲခင္ဗ်ာ။
ေျဖ – အားမသြင္းဘဲနဲ႔လည္း အားသြင္းပံုျပေနတာကေတာ့ Hardware ပိုင္း၊ Charging လမ္းေၾကာင္းပိုင္းမွာ Error ျဖစ္ေနလို႔ပါခင္ဗ်ာ။ ျပဳျပင္လို႔ရပါတယ္ခင္ဗ်ာ။

ေမး – မဂၤလာပါအစ္ကိုေရ။ ကြၽန္ေတာ့္ဖုန္းက OPPO ဖုန္းအမ်ိဳးအစားေလးပါခင္ဗ်ာ။ Unicode ေျပာင္းခ်င္လို႔ပါ။ ဘယ္လိုလုပ္ေဆာင္ရမလဲခင္ဗ်ာ။ ေက်းဇူးတင္ပါတယ္။
ေျဖ – OPPO ဖုန္းေတြအတြက္ Unicode ေျပာင္းတဲ့ Software ေတြ အလြယ္တကူ ေဒါင္းလို႔ရေနပါၿပီ။ တစ္ခုရွိတာက လူတိုင္း Unicode မေျပာင္းေသးတဲ့အတြက္ Facebook မွာေတာ့ စာလံုးတိုင္းကို မမွန္ႏိုင္ပါဘူးခင္ဗ်ာ။ ေလာေလာဆယ္မွာေတာ့ Facebook က Auto Converse လုပ္ေပးထားတဲ့အတြက္ အဆင္ေျပပါလိမ့္မယ္ခင္ဗ်ာ။

ေမး – Software Update နဲ႔ System Update က ဘယ္လိုကြာျခားပါသလဲ အစ္ကိုေရ။ ေျဖၾကားေပးပါဦးခင္ဗ်ာ။
ေျဖ – Software Update ဆိုတာက မိမိသံုးေနတဲ့ Application တစ္ခုတည္းကို Update လုပ္ေပးရတာမ်ိဳးပါ။ System Update ဆိုတာကေတာ့ ဖုန္းတစ္ခုလံုးရဲ႕ System ပိုင္းတစ္ခုလံုးကို Update လုပ္ေဆာင္ျခင္းပါ။ တခ်ဳိ႕ဖုန္းေတြမွာ System Update လုပ္တာကို Software Update လို႔ ေရးထားတတ္ပါတယ္။

ေမး – ဖုန္းနဲ႔ TV ကို ခ်ိတ္ဆက္အသံုးျပဳလို႔ရတဲ့ Software ေတြ ရွိပါသလားခင္ဗ်ာ။ ခ်ိတ္ဆက္အသံုးျပဳလို႔ ရမရကိုလည္း ေျဖၾကားေပးေစလိုပါတယ္ခင္ဗ်ာ။
ေျဖ – ဖုန္းနဲ႔ TV ခ်ိတ္ဆက္သံုးလို႔ရတဲ့ Software ေတြ ရွိပါတယ္။ Wifi နဲ႔ ခ်ိတ္ဆက္သံုးလို႔ရသလို Streaming Apps, MHL, Cromecast စတဲ့ Software ေတြနဲ႔ ခ်ိတ္ဆက္အသံုးျပဳႏိုင္ပါတယ္။

ေမး – အစ္ကိုေရ ဖုန္းေတြမွာပါတဲ့ Snapdragon ဆိုတာက ဘာကိုေျပာတာပါလဲခင္ဗ်ာ။ ေက်းဇူးတင္ပါတယ္။
ေျဖ – Snapdragon ဆိုတာကေတာ့ ဖုန္းထဲမွာအသံုးျပဳထားတဲ့ CPU အမ်ဳိးအစားကို ေျပာတာပါခင္ဗ်ာ။

Success Mobile Training Center (ေဒါပံု) ဖုန္း-09-799277012 , 09-966729922 မွ ကူညီပံ့ပိုးပါသည္။

NetGuide Journal (Every Wednesday)