မကြာခင်အချိန်မှာ ထွက်ရှိတော့မယ့် Moto ဖုန်းအသစ်ဖြစ်တဲ့ Motorola Razr 2019 နဲ့ပတ်သတ်တဲ့ သတင်းအချက်လက်တွေဟာ အွန်လိုင်းမှာ ပေါက်ကြားထွက်ရှိလျက် ရှိပါတယ်။ ဒီနေ့မှာလည်း ဒီဖုန်းကို ကိုင်ဆောင်အသုံးပြုနေတဲ့ ဓာတ်ပုံထွက်ရှိလာပါတယ်။ Motorola Razr 2019 ဖုန်းကို ယခုလ 13 ရက်နေ့မှာ မိတ်ဆက်မယ်လို့ သတင်းထွက်နေပါတယ်။
Motorola Razr ဟာ ဟိုးအရင်က ခေါက်ဖုန်းတွေ ပုံစံအတိုင်း Display ကို ဒေါင်လိုက် ချိုးချနိုင်မယ့် ဒီဇိုင်းဖြစ်တာ တွေ့ရပါတယ်။ ဒါပေမယ့် ခေါက်ချိုးနိုင်တဲ့ မျက်နှာပြင် ပါလာမှာပါ။ ဈေးကတော့ ယူရို ၁၅၀၀ ပါ။ သူ့ရဲ့ အပြင်ဘက်မှာ မျက်နှာပြင်ငယ် ၁ ခု ပါပြီး Notifications နဲ့ Status Icon တွေကို ပြသပေးပါတယ်။
Snapdragon 710 ပရိုဆက်ဆာနဲ့အတူ 4/6GB RAM တမျိုး၊ 64/128GB Storage များ ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ ဘက်ထရီကတော့ 2730mAh ကိုသာသုံးထားမယ်လို့ ဆိုတာကြောင့် အားနည်းတယ်လို့ ဆိုရမှာပါ။ ပင်မ မျက်နှာပြင်အကြီးဟာ ၆.၂ လက်မ ဖြစ်ပြီး 876x2142p Resolution ရှိပါတယ်။ အပြင်ဘက်မှာ မျက်နှာပြင်ငယ် အပိုပါပြီး 600×800 Resolution ဖြစ်ပါတယ်။ အနက်၊ အဖြူနဲ့ ရွှေရောင်တွေ ထုတ်လုပ်ထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ ပါလာနိုင်ပါတယ်။ ကင်မရာ ၁ လုံးသာ ထည့်သွင်းထားနိုင်ပါတယ်။
++++
Motorola Razr 2019 ကိုအသုံးပြုနေတဲ့ ဓာတ်ပုံထွက်ရှိလာ