LG အနေနဲ့ နည်းပညာမြင့် စမတ်ဖုန်းလို့ ဆိုရမယ့် G8X ThinQ စမတ်ဖုန်းကို အမေရိကန်ဈေးကွက်အတွက် ရောင်းချပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီဖုန်းရဲ့ စွမ်းဆောင်ချက် အနေနဲ့ အပို မျက်နှာပြင် ၁ ခုနဲ့ ချိတ်ဆက်သုံးနိုင်မှာပါ။LG Dual Screen လို့ နာမည်ပေးထားတဲ့ အပိုမျက်နှာပြင် ၁ ခုနဲ့ ချိတ်ဆက်သုံးနိုင်တာပါ။ ၃၆၀ ဒီဂရီ ခေါက်ချိုးနိုင်တဲ့အတွက်ကြောင့် မြင်ကွင်းတွေကိုစိတ်ကြိုက်ကြည့်နိုင်ပါလိမ့်မယ်။ Image result for LG G8X ThinQ
Dual Screen ကိုသီးသန့် ဖွင့်စရာ မလိုဘဲ နေ့စွဲနဲ့အခြားအရေးကြီးတဲ့ Notifications တွေကို ပြသပေးတဲ့ Mono Cover Display ကြောင့်ပါ။ ဒီဖုန်းရဲ့ အချက်အလက်တွေ အနေနဲ့ 6.4-inch (2340 x 1080 pixels) ဖြစ်ပြီး FHD+ FullVision OLED Display သုံးထားပါတယ်။ ပါဝါစွမ်းအားပိုင်းအတွက် Snapdragon 855 7nm ဖြစ်ပြီး Adreno 640 GPU ထောက်ပံ့မှာပါ။
ကင်မရာတွေကတော့ နောက်ကျောဘက်မှာ 12MP rear camera with f/1.8 aperture, 1.4µm pixel size, 78° lens, 13MP ultra wide camera with f/2.4 aperture, 1.0µm pixel size, 136° lens, LED flash တွေနဲ့ဖြစ်ပြီး အရှေ့ဘက်မှာတော့ 32MP front camera, f/1.9 aperture, 0.8μm pixel size, 79° lens ထည့်ပေးထားပါတယ်။ In-display fingerprint sensor သုံးနိုင်မှာပါ။ ဘက်ထရီကတော့ 4,000mAh ဖြစ်ပြီး Quick Charge 3.0 အားသွင်းမှုထောက်ပံ့ပါတယ်။

++

LG G8X ThinQ ကို အမေရိကန်ဈေးကွက်မှာ ရောင်းပြီ
