ဒီတစ်ပတ်မှာတော့ လူကြိုက်များသော Brand တစ်ခုဖြစ်တဲ့ Samsung ကနေ 2019 နှစ်အစ ဇန်နဝါရီလမှာ ဘတ်ဂျက်စမတ်ဖုန်းစျေးကွက်ကို ယှဉ်ပြိုင်ဖို့မိတ်ဆက်ခဲ့တဲ့ ဖုန်းတွေကတော့ Galaxy M10 နဲ့ Galaxy M20 စမတ်ဖုန်းတို့ပဲ ဖြစ်ပါတယ်။ M10 မှာ Fingerprint Sensor မထည့်သွင်းပေးထားပါဘူး။ M20 မှာတော့ Fingerprint Sensor ကို ဖုန်းရဲ့နောက်ကျောဘက်မှာ ထည့်သွင်းပေးထားပါတယ်။ ကွန်ရက်ချိတ် ဆက်မှုတွေကတော့ ဖုန်းနှစ်ခုစလုံးမှာ အတူတူပဲ သုံးစွဲပေးထားပြီး Android Version အနေနဲ့ 8.1 (Oreo) ကို သုံးပေးထားတာခြင်းလည်း တူညီပါတယ်။ ဘက်ထရီစွမ်းအားအနေနဲ့ M20 မှာ ကြီးမားတဲ့ Non-removable 5000 mAh သုံးထားပြီး M10 တွင် Non-removable 3400 mAh ကို သုံးစွဲပေးထားတာ တွေ့ရပါတယ်။ တခြားစွမ်းဆောင်ရည်တွေအတွက် Galaxy M Series စမတ်ဖုန်းဖြစ်သော M10 နဲ့ M20 မှာပါ၀င်တဲ့ Feature တွေကို လေ့လာကြည့်ရအောင်။
(1). Design
Samsung Galaxy M10
Samsung Galaxy M10 ဟာ အခုခေတ်စားနေတဲ့ မျက်နှာပြင်ပြည့်ဒီဇိုင်းကို လှပစွာတည်ဆောက် ထားပြီး 155.6 x 75.6 x 7.7 mm အရွယ်အစားရှိကာ 163g လေးပါတယ်။ Ocean Blue, Charcoal Black ဆိုပြီး အရောင် 2 ရောင် ရွေးချယ်ဝယ်ယူရရှိနိုင်ပါတယ်။
Samsung Galaxy M20
Samsung Galaxy M20 ဟာ 156.4 x 74.5 x 8.8 mm အရွယ်အစားရှိကာ 186g အလေးချိန် ရှိပါတယ်။ အရောင်အနေနဲ့ Ocean Blue, Charcoal Black ဆိုပြီးရရှိနိုင်ပါတယ်။ Sensor အနေနဲ့ Fingerprint Sensor ကို နောက်ကျောဘက်အလယ်နားမှာ တပ်ဆင်ထားပါတယ်။
(2). Processor
Samsung Galaxy M10
Samsung Galaxy M10 မှာ Exynos 7870 Octa (14nm) ကို သုံးစွဲပေးထားပြီး Octa-core Processor ဖြစ်တဲ့ 1.6GHz Cortex-A53 က ပံ့ပိုးပေးထားပါတယ်။ ရုပ်ထွက်ပိုင်းအတွက်လည်း Mali-T830 MP1 ကို သုံးစွဲထားပါတယ်။
Samsung Galaxy M20
Galaxy M20 မှာ Exynos 7904 Octa (14nm) Octa-core Processor ကို သုံးထားပြီး 1.8GHz မြန်နှုန်းရှိ Kryo 260 Gold core 2 ခုနဲ့ 1.6GHz မြန်နှုန်းရှိ Kryo 260 Silver core 6 ခုကို သုုံးထားပါတယ်။ ဂရပ်ဖစ်က Mali-G71 MP2 ဖြစ်ပါတယ်။
(3). Display
Samsung Galaxy M10
မျက်နှာပြင်အနေနဲ့ 6.22 inch HD+ Infinity-V Display သုံးထားပြီး 720×1520 pixesl Resolution နဲ့ 19:9 ration ရှိပြီး PLS TFT အမျိုးအစား ဖြစ်ပါတယ်။ Screen-to-body အချိုးဟာ 82.1% ရှိပါတယ်။ Pixel Density 270 ppi ရှိပါတယ်။
Samsung Galaxy M20
M20 မှာလည်း 6.3 inch HD+ Infinity-V Display မျက်နှာပြင်ဖြစ်ပြီး 1080 x 2340 pixesl Resolution ရှိပြီး 19.5:9 ration ရှိပါတယ်။ Screen-to-body အချိုးဟာ 83.6% ရှိကာ Pixel Density 409 ppi ရှိပါတယ်။ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်အရည်အသွေးကို ပေးစွမ်းနိုင်မှာပါ။
(4). Verdict
Samsung Galaxy M10
M10 မှာ အဓိကကင်မရာဟာ Dual 13MP + 5MP ဖြစ်ပြီး Selfie အတွက် 5MP ကင်မရာ အရှေ့မှာ ပါ၀င်ပါတယ်။ နောက်ကင်မရာကို နောက်ကျောဘက်အပေါ်ထောင့်နားမှာ တပ်ဆင်ပေးထားပြီး Experience 9.5 အခြေခံထားတဲ့ Android 8.1 ကို သုံးထားပါတယ်။ Non-removable Li-Ion 3400 mAh ဘက်ထရီကို တပ်ဆင်ပေးထားပါတယ်။
Samsung Galaxy M20
Galaxy M20 မှာ အဓိကကင်မရာဟာ Dual 13MP + 5MP ဖြစ်ပြီး Selfie အတွက် 8MP ကင်မရာ အရှေ့မှာ ပါ၀င်ပါတယ်။ နောက်ကင်မရာကို နောက်ကျောဘက်အပေါ်ထောင့်နားမှာ တပ်ဆင်ပေးထားပြီး Experience 9.5 အခြေခံထားတဲ့ Android 8.1 ကို သုံးထားပါတယ်။ Non-removable Li-Po 5000 mAh ဘက်ထရီကို တပ်ဆင်ပေးထားပါတယ်။
NetGuide Journal (Every Wednesday)
—————————————————————————————
  • (Zawgyi Version)
Samsung Galaxy M10 VS Samsung Galaxy M20
(1). Design
Samsung Galaxy M10
 Samsung Galaxy M20
(2). Processor
Samsung Galaxy M10
Samsung Galaxy M20
(3). Display
Samsung Galaxy M10    
Samsung Galaxy M20
(4). Verdict
Samsung Galaxy M10
Samsung Galaxy M20