စမတ်ဖုန်းတွေအတွက် ကင်မရာပိုင်းမြင့်တင့်မှုတိုးတက်လာနိုင်စွမ်းဟာ အတော်အားကောင်းလာပြီလို့ သတ်မှတ်နိုင်မှာပါ။ အခုနောက်ဆုံးထွက်ဖုန်းတွေမှာဆိုရင် 64MP ဆင်ဆာတွေကိုတောင် သုံးလာခဲ့ပြီဖြစ်ပါတယ်။ Xiaomi ရဲ့ Redmi Note 8 Pro နဲ့အတူ Realme XT ၊ Vivo Nex 3 ဖုန်းတွေမှာ 64-megapixel Samsung GW1 sensor ကို သုံးလာကြပါတယ်။ 2019 ပထမနှစ်ဝက်လောက်တုန်းက 48-megapixel ဖုန်းကင်မရာတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာမယ်လို့ ထင်ခဲ့ပေမယ့် အခုတော့ 64MP အထိကို ခုန်တက်သွားခဲ့ပါပြီ။ 48-megapixel ဖုန်းတွေဟာ 12-megapixel ပုံတွေကို pixel-binned လုပ်ပေးပြီး 64-megapixel ဖုန်းတွေကတော့ 16-megapixel images တွေကို ထုတ်ပေးတာဖြစ်ပါတယ်။ Pixel ပေါင်းစပ် နိုင်စွမ်းမှာပိုကောင်းပြီး အသေးစိတ်ကျတဲ့ ဓာတ်ပုံတွေကို ရရှိသွားတယ်လို့ ပြောရင်ပိုမှန်ပါတယ်။

48MP resolution နဲ့ quad-pixel sensors ဟာ စျေးကွက်ပိုင်းအရ ဦးဆောင်နိုင်မယ်လို့ သတ်မှတ်ခံခဲ့ရပြီး 48MP ဆင်ဆာရွေးချယ်မှုအပိုင်းမှာတောင် Samsung ရဲ့ GM1 နဲ့ GM2(ထပ်တိုး) တို့ထက်စာရင် Sony ရဲ့ IMX586 ကို ရွေးချယ်မှုပိုများခဲ့ပါတယ်။ အခု 64MP ဆင်ဆာမှာတော့ Samsung ရဲ့အလှည့်လို့ ဆိုရမှာပါ ။ ဘာကြောင့်လဲဆိုရင် လက်ရှိ ထွက်ထားတဲ့ဖုန်းတွေမှာ သူ့ဆင်ဆာကို အသုံးပြုနေကြလို့ပါဘဲ။ ISOCELL Bright GW1 ဟာ အလင်းအားနည်းချိန်မှာ pixel 4 ခုကို တစ်ခုဖြစ်စေအောင် ပေါင်းစည်းပြီး 16MP ပုံတွေထုတ်ပေးပါတယ်။ ဒါကြောင့် ဒီတပတ်မှာတော့ 64-megapixel ဖုန်းတွေနဲ့ လက်ရှိကင်မရာကွာခြားချက်တွေအကြောင်း ဖော်ပြပေးလိုက်ပါတယ် . . .

64-megapixel camera: how it works

ISOCELL Bright GW1 ဟာ Samsung ကနေ ထုတ်ထားတဲ့ 48MP image sensor လိုပဲ 0.8 μm အရွယ် pixel တွေ သုံးနိုင်တဲ့ 64MP sensor ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အလင်းဖမ်းတဲ့နေရာမှာ ပိုပြီးအလင်းဝင်မှုမြင့်တဲ့ အကြီးစား sensor တစ်ခုဖြစ်ပါတယ်။ 48MP sensor ကတော့ 12MP ပုံတွေကို default အနေနဲ့ထုတ်ပေးနိုင်ပါတယ်။ Samsung ရဲ့ 64MP sensor မှာ tetracell binding နည်းပညာကို သုံးထားပါတယ်။ ဒါကြောင့် အလင်းရောင်နည်းတဲ့အချိန်မှာဆိုရင် tetracell binding နည်းပညာက pixel လေးခုကို တစ်ခုတည်းအဖြစ် ပြန်ချုံ့ပေးပြီး ကြည်လင်ပြတ်သားတဲ့ 16MP ပုံတွေကို ထုတ်ပေးမှာပါ။ တကယ်လို့ အလင်းရောင် လုံလုံလောက်လောက်ရှိတယ်ဆိုရင်တော့ 64MP အပြည့်ရှိတဲ့ ပုံရမှာဖြစ်ပါတယ်။ Autofocus ပိုကောင်းလာဖို့နဲ့ 480 fps full HD recording အတွက် high-performance phase detection လည်း ပါဝင်လာပါတယ်။ Real-time HDR ကိုလည်း support လုပ်မှာပါ။ 48 MP sensor မှာ သုံးထားတဲ့ 0.8μm pixel size ကိုပဲ 64 MP sensor မှာ ပြန်သုံးထားတဲ့အတွက် overall sensor size ကို 33% အထိ ပိုကြီးသွားစေပြီး 1/1.7” sensor လောက် ဖြစ်သွားစေပါတယ်။

Best phones with 64MP camera
64MP ISOCELL Bright GW1 sensor သုံးထားတဲ့ စမတ်ဖုန်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်
Realme XT

Realme XT ရဲ့ပါဝါစွမ်းအားပိုင်းအတွက် 10nm Snapdragon 712 chipset ကိုသုံးထားပြီး 4GB, 6GB (သို့) 8GB RAM သုံးထားပါတယ်။ အချက်အလက်သိုလှောင်မှု အပိုင်းမှာတော့ 64GB (သို့) 128GB ဖြစ်ပြီး UFS 2.1 storage နဲ့ပါ။ Realme XT ဖုန်းမှာလည်း Realme X လိုမျိုး 4,000mAh ဘက်ထရီစွမ်းအားကို သုံးထားပြီး 20W VOOC adapter ထည့်သွင်း ပေးထားကာ အားအပြည့်သွင်းနိုင်ဖို့ ကြာတဲ့အချိန်ဟာ မိနစ် 80 ဖြစ်မယ်လို့ သိရပါတယ်။ VOOC 3.0 fast charging နဲ့ပါ။ မျက်နှာပြင် 6.4-inch (2340 × 1080 pixels) နဲ့ဖြစ်ပြီး HD+ Super AMOLED display မှာ Corning Gorilla Glass 5 ကာကွယ်ပေးထားပါတယ်။ Android 9.0 (Pie) အခြေပြု ColorOS 6.0 ကို သုံးနိုင်မှာပါ။ အနောက်ဘက်မှာ 64MP အဓိကကင်မရာနဲ့အတူ 8MP 119-degree Ultrawide , 2MP Depth နဲ့ 2MP Macro တွေ ထည့်ထားပါတယ်။ အရှေ့ဘက် Selfie ကင်မရာကတော့ 16MP ဖြစ်ပါတယ်။ ကင်မရာတွေမှာ AI Scene Recognition တွေ ထည့်သွင်ပေးထားပြီး 3D curved glass panel နဲ့ ‘Hyperbola Light Streak’ effect ကို နောက်ကျောဘက်မှာတွေ့ရမှာပါ။

Xiaomi Redmi Note 8 Pro

Redmi Note 8 Pro ဖုန်းမှာတော့ ပါဝါစွမ်းအားအတွက် Helio G90T chipset ကို သုံးထားပါတယ်။ ပြီးတော့ Xiaomi ဖုန်းတွေထဲမှာ ပထမဆုံး 64MP သုံးထားတဲ့ ဖုန်းဆိုရင် ပိုမှန်ပါလိမ့်မယ်။ ဒီဖုန်းရဲ့ ကင်မရာပိုင်းတွေအနေနဲ့ quad-rear camera setup နဲ့ဖြစ်ပါတယ်။ အဓိက ကင်မရာကတော့ 64MP ကိုသုံးထားပါတယ်။ ဒုတိယကင်မရာငယ်ကတော့ 8MP ၊ နောက်ထပ်ကင်မရာ 2 လုံးကတော့ 2MP ဖြစ်ပြီး macro shots နဲ့ depth-effect တွေရိုက်ကူးနိုင်စေဖို့အတွက်ပါ။ ဖုန်းရဲ့အရှေ့ဘက်မှာတော့ 20MP ကင်မရာကို ထည့်ပေးထားပါတယ်။ မျက်နှာပြင်ဟာ 6.53-inch LCD screen ဖြစ်ပါတယ်။ Helio G90T chipset ဟာ ဂိမ်းမင်းပိုင်းကို အားစိုက်ထားတဲ့chipset ဖြစ်ပါတယ်။ RAM နဲ့ storage ရွေးချယ်မှုပိုင်းအတွက်ကတော့ 6GB + 64GB, 6GB + 128GB နဲ့ 8GB + 128GB တို့ဖြစ်ပါတယ်။ gaming အတွေ့အကြုံအတွက် HyperEngine tech ကိုထည့်ပေးထားလို့ပါ။ Android 9 Pie အခြေပြု MIUI 10 ကို သုံးနိုင်မှာ ဖြစ်ပါတယ်။ 4,500mAh battery အတွက် 18W fast charging support လုပ်ပါတယ်။

Vivo Nex 3 5G

Vivo NEX 3 5G ဟာ Waterfall Screen ပါတဲ့ ပထမဆုံး ဖုန်းဖြစ်ပါတယ်။ မျက်နှာပြင်က ဘယ်နဲ့ညာဘက်ရဲ့ ဘေး ဘက်အထိ ဖုံးအုပ်ထားပါတယ်။ Physical Buttons တွေ မပါတော့ဘဲ Touch Sense လို့ နာမည်ပေးထားတဲ့ ထိတွေ့သုံးရတဲ့ Virtual Buttons တွေ ထည့်ထားပါတယ်။ အရှေ့ဘက်ကင်မရာပိုင်းအတွက် 0.65 စက္ကန့်အတွင်းမှာ အထုတ်၊ အသွင်းလုပ်ပေးတဲ့ Pop-up Camera ပါပါတယ်။ နောက်ကျောဘက် ကင်မရာတွေအနေနဲ့ 64MP ကတော့ အဓိကပါ၊ ပြီးတော့ 13MP 120-degree ultra-wide lens, 13MP telephoto lens တို့ကိုသုံးထားပါတယ်။ အနောက် ကင်မရာတွေက 2x Optical Zoom နဲ့ 20x Digital Zoom တွေကို ထောက်ပံ့ပါတယ်။ Super Night View က ဓါတ်ပုံ 12 ပုံကနေ 16 ပုံအထိ တစ်ပြိုင်နက်ရိုက်ကူးပေးပြီး Noise ကို လျှော့ချပေးပါတယ်။ 4,500mAh ဖြစ်ပြီး 22.5W fast charging support လုပ်ပါတယ်။ ဒါ့အပြင် 44W Ultra-fast Flash Charge နဲ့ C-DRX Power-saving နည်းပညာပါပါတယ်။ Android 9.0 (Pie) အခြေပြု Funtouch OS 9.1 ကိုသုံးနိုင်မှာဖြစ်ပြီး Snapdragon 855 Plus 7nm ပရိုဆက်ဆာနဲ့ပါ။

Samsung A70s

ပြောရမယ်ဆိုရင် ဒီဖုန်းဟာ Galaxy A70 ရဲ့ မျိုးဆက်သစ်လို့ ဆိုရမှာပါ။ အချက်အလက် အတော်များများလည်း Galaxy A70 နဲ့ ဆင်တူပါတယ်။ အကြမ်းမျဉ်းအားဖြင့် ဘယ်လိုအချက်အလက်တွေလဲဆိုရင် 6.7 လက်မ Full HD+ Infinity-U Super AMOLED Display ၊ Octa-core Snapdragon 675 SoC နဲ့အတူ Android 9.0 (Pie) အခြေပြု OneUI ဆိုတဲ့နေရာတွေမှာပါ။ A70s ရဲ့ကင်မရာပိုင်းတွေ အနေနဲ့ 64MP f/1.8 aperture နဲ့ 5MP depth sensor တို့ပါဝင်ပြီး တတိယကင်မရာကတော့ 8MP 123° ultra-wide angle ကင်မရာပဲ ဖြစ်ပါတယ်။ အရှေ့ဘက်ကင်မရာကတော့ 32MP ဖြစ်ပါ တယ်။ 4500mAh ဘက်ထရီနဲ့အတူ 5W super fast charging ထောက်ပံ့မှာဖြစ်ပါတယ်။ In-display Fingerprint sensor နဲ့အလုပ်လုပ်မှာပါ။

Realme X2 Pro

Realme ရဲ့ ပထမဆုံး စွမ်းရည်မြင့် စျေးအသက်သာဆုံး စမတ်ဖုန်းလို့တောင် သတ်မှတ်နိုင်မှာပါ။ အရွယ်သေး Notch ပါပြီး 90Hz Refresh Rate နဲ့ 135Hz Touch Sampling ပါတဲ့အတွက် ဖုန်းကို ထိတွေ့သုံးရင် အရမ်းကိုမြန်ပါတယ်။ နောက်ကျောဘက်မှာ 64MP အဓိကကင်မရာနဲ့အတူ 13MP Telephoto lens ၊ 8MP 115° 1/3.13″ ultra-wide angle lens နဲ့ 2MP depth sensor တို့ကိုထည့်ပေးထားပါတယ်။ ကင်မရာရဲ့ စွမ်းဆောင်ချက် အနေနဲ့ 20x hybrid zoom အထိရရှိမှာပါ။ အရှေ့ဘက်မှာတော့ 16MP ကင်မရာ ထည့်ပေးထားပြီး Sony IMX471 sensor ဖြစ်ပါတယ်။ In-display fingerprint sensor နဲ့သုံးနိုင်မှာပါ။ မျက်နှာပြင် 6.5-inch (2400 x 1080 pixels) ဖြစ်ပြီး Octa-Core Snapdragon 855 Plus ကို သုံးထားတဲ့ အဆင့်မြင့်ဖုန်းပါ။ ဘက်ထရီကတော့ 4000mAh ထည့်ပေးထားပြီး SuperVOOC fast charging ထောက်ပ့ံပါတယ်။ curved glass display မှာ 90Hz refresh rate ဖြစ်ပြီး HDR10+, 100% DCI -P3 color gamut ထောက်ပ့ံပါတယ်။

OPPO K5

နောက်ကျောဘက်မှာ ကင်မရာ 4လုံး တပ်ဆင်ထားတဲ့ အလယ်အလတ်ဆင့် စမတ်ဖုန်းလို့ ဆိုရမှာပါ။ မျက်နှာပြင် 6.4-inch (2340 × 1080 pixels) ဖြစ်ပြီး ခပ်သေးသေး Notch နဲ့ဖြစ်ပါတယ်။ ဖုန်းရဲ့ အချက်အလက်ပိုင်းအနေနဲ့ Snapdragon 730G ပရိုဆက်ဆာကို သုံးထားပြီး Adreno 618 GPU တွဲဘက်ပါတယ်။ OS ပိုင်းမှာ Android 9.0 (Pie) အခြေပြု ColorOS 6.1 နဲ့သုံးနိုင်မှာပါ။ 64MP အဓိကဆင်ဆာအတွက် Samsung GW1 ကိုသုံးထားပါတယ်။ 8MP 119° ultra-wide angle lens ၊ 2MP depth sensor နဲ့ 2MP မိုက်ကရိုတို့ဖြစ်ပါတယ်။ အရှေ့ဘက် notch ထဲမှာ 32MP f/2.0 aperture နဲ့သုံးနိုင်မှာပါ။ ဘက်ထရီကတော့ 4000mAh ဖြစ်ပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ 4000mAh ဘက်ထရီနဲ့အတူ မိနစ် 30 အတွင်းမှာ 67 ရာခိုင်နှုန်းအားသွင်းပေးတဲ့ 30W VOOC 4.0 Fast Charging ပါပါတယ်။ အရှေ့ဘက်မှာတော့ 32MP f/2.0 aperture ကင်မရာကို သုံးထားပါတယ်။

Realme X2 / Realme XT730G

Realme X2 ဖုန်းကတော့ Realme စမတ်ဖုန်းတွေထဲမှာ 8nm Snapdragon 730G အသုံးပြုထားတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ ကျောဘက်ကင်မရာလေးလုံးနဲ့ ဖြစ်ပါတယ်။ အဓိကကင်မရာက 64MP f/1.8 Samsung GW1 Sensor ဖြစ်ပါတယ်။ ကျန်တဲ့ကင်မရာတွေကတော့ 119 ဒီဂရီမြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ 8MP f/2.25 ၊ 2MP Macro နဲ့ 2MP Depth Sensor တို့ ဖြစ်ပါတယ်။

Realme XT730G ဖုန်းကလည်း 64MP ကင်မရာနဲ့ ဖုန်းဖြစ်ပါတယ်။ သူရဲ့ features ပိုင်းတွေကတော့ XT နဲ့ဆင်တူပြီး Snapdragon 730G processor ပြောင်းလဲသုံးစွဲလာမှာပါ။ 4,000mAh ဘက်ထရီနဲ့အတူ Android 9 Pie-based ColorOS 6 ကိုတပါတည်း သုံးရမှာပါ။ 30W VOOC fast charge support လုပ်ပါတယ်။ Hyperbola 3D glass ဒီဇိုင်းနဲ့ဖြစ်ပြီး in-display fingerprint sensor ကိုလည်း ထည့်ပေးထားပါတယ်။

Samsung Galaxy A81

ကိုရီးယားကုမ္ပဏီအနေနဲ့ 2019 မှာ စမတ်ဖုန်းစျေးကွက်အတွင်း ပိုမိုခြေလှမ်းသွက်လာတာကို တွေ့ရပါတယ်။ စမတ်ဖုန်းတွေ ကို ဘက်ပေါင်းစုံအတွက် ထုတ်လုပ်ပေးလာလို့ပါ။ ပြီးတော့ ကင်မရာတွေကိုလည်း တဖြည်းဖြည်းအဆင့်မြင့်လာပါတယ်။ အခု သူတို့ရဲ့ကိုယ်ပိုင်ဆင်ဆာကို သုံးလာမယ့် A စီးရီးဖုန်း တလုံးရှိနေပါတယ်။ အဲ့ဒီဖုန်းကတော့ Galaxy A81 ဖြစ်ပြီး လာမယ့်နှစ်မှာ မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ upper mid-range ဖုန်းအမျိုးအစားဖြစ်ပြီး ကင်မရာ 4 လုံးကိုနောက်ကျော ဘက်မှာ တပ်ဆင်လာမှာပါ။ လက်ရှိခန့်မှန်းချက်တွေအရ Samsung GW1 sensor ကို အဓိကထားပြီး16MP wide-angle lens, 12MP telephoto lens with 2x or 5x optical zoom နဲ့ ToF (သို့) Time-of-Flight sensor တွေကို စနစ်တကျ သုံးလာဖို့ များပါတယ်။

Nokia 8.2

HMD Global အနေနဲ့ စမတ်ဖုန်းသစ် လမ်းကြောင်းကို တဖြည်းဖြည်းဝင်ရောက်လာတဲ့အချိန်မှာ Triple Rear Cameras ပါတဲ့ Nokia 7.2 ကို ရောင်းချထားပါပြီ။ စွမ်းရည်သင့် Android One စမတ်ဖုန်းဖြစ်တဲ့အဲ့ဒီဖုန်းမှာ 48MP Quad Pixel rear camera ကို သုံးထားပါတယ်။ အခုနောက်ထပ် စျေးကွက်ထဲကို မိတ်ဆက်နိုင်ဖို့ ပြင်ဆင်နေတဲ့ ဖုန်းကတော့ Nokia 8.2 ဖြစ်ပါတယ်။ သတင်းတွေအရ လာမယ့်နှစ်မှာ ကျင်းပမယ့် MWC 2020 မှာ မိတ်ဆက်သွားဖို့ရှိတယ်လို့ သိရပါတယ်။ ကင်မရာကတော့ 64MP သုံးလာမှာပါ။ ကင်မရာ 4 လုံးကို စက်ဝိုင်းပုံစံ ဒီဇိုင်းနဲ့ထွက်လာနိုင်ပါတယ်။ 5G အတွက်ကိုလည်း Snapdragon 700 series chipset သုံးလာဖို့ရှိနေပါတယ်။ စျေးနှုန်းကတော့ ဒေါ်လာ 500 ဝန်းကျင်လောက် ကျသင့်နိုင် တယ်လို့ သိရပါတယ်။ 8 GB RAM / 256 GB internal storage သီးသန့်ဖြစ်လာနိုင်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Do 64-megapixel phone cameras really make a difference?

စမတ္ဖုန္းေတြအတြက္ ကင္မရာပိုင္းျမင့္တင့္မႈတိုးတက္လာႏုိင္စြမ္းဟာ အေတာ္အားေကာင္းလာၿပီလို႔ သတ္မွတ္ႏိုင္မွာပါ။ အခုေနာက္ဆုံးထြက္ဖုန္းေတြမွာဆိုရင္ 64MP ဆင္ဆာေတြကိုေတာင္ သုံးလာခဲ့ၿပီျဖစ္ပါတယ္။ Xiaomi ရဲ႕ Redmi Note 8 Pro နဲ႔အတူ Realme XT ၊ Vivo Nex 3 ဖုန္းေတြမွာ 64-megapixel Samsung GW1 sensor ကို သုံးလာၾကပါတယ္။ 2019 ပထမႏွစ္ဝက္ေလာက္တုန္းက 48-megapixel ဖုန္းကင္မရာေတြ က်ယ္က်ယ္ျပန္႔ျပန္႔ျဖစ္လာမယ္လို႔ ထင္ခဲ့ေပမယ့္ အခုေတာ့ 64MP အထိကို ခုန္တက္သြားခဲ့ပါၿပီ။ 48-megapixel ဖုန္းေတြဟာ 12-megapixel ပုံေတြကို pixel-binned လုပ္ေပးၿပီး 64-megapixel ဖုန္းေတြကေတာ့ 16-megapixel images ေတြကို ထုတ္ေပးတာျဖစ္ပါတယ္။ Pixel ေပါင္းစပ္ ႏုိင္စြမ္းမွာပိုေကာင္းၿပီး အေသးစိတ္က်တဲ့ ဓာတ္ပုံေတြကို ရရွိသြားတယ္လို႔ ေျပာရင္ပိုမွန္ပါတယ္။

48MP resolution နဲ႔ quad-pixel sensors ဟာ ေစ်းကြက္ပိုင္းအရ ဦးေဆာင္ႏုိင္မယ္လို႔ သတ္မွတ္ခံခဲ့ရၿပီး 48MP ဆင္ဆာေရြးခ်ယ္မႈအပိုင္းမွာေတာင္ Samsung ရဲ႕ GM1 နဲ႔ GM2(ထပ္တိုး) တို႔ထက္စာရင္ Sony ရဲ႕ IMX586 ကို ေရြးခ်ယ္မႈပိုမ်ားခဲ့ပါတယ္။ အခု 64MP ဆင္ဆာမွာေတာ့ Samsung ရဲ႕အလွည့္လို႔ ဆိုရမွာပါ ။ ဘာေၾကာင့္လဲဆိုရင္ လက္ရွိ ထြက္ထားတဲ့ဖုန္းေတြမွာ သူ႕ဆင္ဆာကို အသုံးျပဳေနၾကလုိ႔ပါဘဲ။ ISOCELL Bright GW1 ဟာ အလင္းအားနည္းခ်ိန္မွာ pixel 4 ခုကို တစ္ခုျဖစ္ေစေအာင္ ေပါင္းစည္းၿပီး 16MP ပုံေတြထုတ္ေပးပါတယ္။ ဒါေၾကာင့္ ဒီတပတ္မွာေတာ့ 64-megapixel ဖုန္းေတြနဲ႔ လက္ရွိကင္မရာကြာျခားခ်က္ေတြအေၾကာင္း ေဖာ္ျပေပးလိုက္ပါတယ္ . . .
64-megapixel camera: how it works

ISOCELL Bright GW1 ဟာ Samsung ကေန ထုတ္ထားတဲ့ 48MP image sensor လိုပဲ 0.8 μm အ႐ြယ္ pixel ေတြ သုံးႏိုင္တဲ့ 64MP sensor ျဖစ္ပါတယ္။ တစ္နည္းအားျဖင့္ အလင္းဖမ္းတဲ့ေနရာမွာ ပိုၿပီးအလင္းဝင္မႈျမင့္တဲ့ အႀကီးစား sensor တစ္ခုျဖစ္ပါတယ္။ 48MP sensor ကေတာ့ 12MP ပုံေတြကို default အေနနဲ႔ထုတ္ေပးႏိုင္ပါတယ္။ Samsung ရဲ႕ 64MP sensor မွာ tetracell binding နည္းပညာကို သံုးထားပါတယ္။ ဒါေၾကာင့္ အလင္းေရာင္နည္းတဲ့အခ်ိန္မွာဆိုရင္ tetracell binding နည္းပညာက pixel ေလးခုကို တစ္ခုတည္းအျဖစ္ ျပန္ခ်ံဳ႕ေပးၿပီး ၾကည္လင္ျပတ္သားတဲ့ 16MP ပံုေတြကို ထုတ္ေပးမွာပါ။ တကယ္လို႔ အလင္းေရာင္ လံုလံုေလာက္ေလာက္ရွိတယ္ဆိုရင္ေတာ့ 64MP အျပည့္ရွိတဲ့ ပံုရမွာျဖစ္ပါတယ္။ Autofocus ပိုေကာင္းလာဖို႔နဲ႔ 480 fps full HD recording အတြက္ high-performance phase detection လည္း ပါဝင္လာပါတယ္။ Real-time HDR ကိုလည္း support လုပ္မွာပါ။ 48 MP sensor မွာ သုံးထားတဲ့ 0.8μm pixel size ကိုပဲ 64 MP sensor မွာ ျပန္သုံးထားတဲ့အတြက္ overall sensor size ကို 33% အထိ ပိုႀကီးသြားေစၿပီး 1/1.7” sensor ေလာက္ ျဖစ္သြားေစပါတယ္။

Best phones with 64MP camera
64MP ISOCELL Bright GW1 sensor သုံးထားတဲ့ စမတ္ဖုန္းေတြကေတာ့ ေအာက္ပါအတိုင္းျဖစ္ပါတယ္
Realme XT

Realme XT ရဲ႕ပါဝါစြမ္းအားပိုင္းအတြက္ 10nm Snapdragon 712 chipset ကိုသုံးထားၿပီး 4GB, 6GB (သို႔) 8GB RAM သံုးထားပါတယ္။ အခ်က္အလက္သုိေလွာင္မႈ အပိုင္းမွာေတာ့ 64GB (သို႔) 128GB ျဖစ္ၿပီး UFS 2.1 storage နဲ႔ပါ။ Realme XT ဖုန္းမွာလည္း Realme X လိုမ်ိဳး 4,000mAh ဘက္ထရီစြမ္းအားကို သံုးထားၿပီး 20W VOOC adapter ထည့္သြင္း ေပးထားကာ အားအျပည့္သြင္းႏုိင္ဖုိ႔ ၾကာတဲ့အခ်ိန္ဟာ မိနစ္ 80 ျဖစ္မယ္လို႔ သိရပါတယ္။ VOOC 3.0 fast charging နဲ႔ပါ။ မ်က္ႏွာျပင္ 6.4-inch (2340 × 1080 pixels) နဲ႔ျဖစ္ၿပီး HD+ Super AMOLED display မွာ Corning Gorilla Glass 5 ကာကြယ္ေပးထားပါတယ္။ Android 9.0 (Pie) အေျချပဳ ColorOS 6.0 ကို သုံးႏုိင္မွာပါ။ အေနာက္ဘက္မွာ 64MP အဓိကကင္မရာနဲ႔အတူ 8MP 119-degree Ultrawide , 2MP Depth နဲ႔ 2MP Macro ေတြ ထည့္ထားပါတယ္။ အေရွ႕ဘက္ Selfie ကင္မရာကေတာ့ 16MP ျဖစ္ပါတယ္။ ကင္မရာေတြမွာ AI Scene Recognition ေတြ ထည့္သြင္ေပးထားၿပီး 3D curved glass panel နဲ႔ ‘Hyperbola Light Streak’ effect ကို ေနာက္ေက်ာဘက္မွာေတြ႕ရမွာပါ။

Xiaomi Redmi Note 8 Pro

Redmi Note 8 Pro ဖုန္းမွာေတာ့ ပါဝါစြမ္းအားအတြက္ Helio G90T chipset ကို သုံးထားပါတယ္။ ၿပီးေတာ့ Xiaomi ဖုန္းေတြထဲမွာ ပထမဆုံး 64MP သုံးထားတဲ့ ဖုန္းဆိုရင္ ပိုမွန္ပါလိမ့္မယ္။ ဒီဖုန္းရဲ႕ ကင္မရာပိုင္းေတြအေနနဲ႔ quad-rear camera setup နဲ႔ျဖစ္ပါတယ္။ အဓိက ကင္မရာကေတာ့ 64MP ကိုသုံးထားပါတယ္။ ဒုတိယကင္မရာငယ္ကေတာ့ 8MP ၊ ေနာက္ထပ္ကင္မရာ 2 လုံးကေတာ့ 2MP ျဖစ္ၿပီး macro shots နဲ႔ depth-effect ေတြရုိက္ကူးႏုိင္ေစဖို႔အတြက္ပါ။ ဖုန္းရဲ႕အေရွ႕ဘက္မွာေတာ့ 20MP ကင္မရာကို ထည့္ေပးထားပါတယ္။ မ်က္ႏွာျပင္ဟာ 6.53-inch LCD screen ျဖစ္ပါတယ္။ Helio G90T chipset ဟာ ဂိမ္းမင္းပိုင္းကို အားစိုက္ထားတဲ့chipset ျဖစ္ပါတယ္။ RAM နဲ႔ storage ေရြးခ်ယ္မႈပိုင္းအတြက္ကေတာ့ 6GB + 64GB, 6GB + 128GB နဲ႔ 8GB + 128GB တို႔ျဖစ္ပါတယ္။ gaming အေတြ႕အႀကဳံအတြက္ HyperEngine tech ကိုထည့္ေပးထားလို႔ပါ။ Android 9 Pie အေျချပဳ MIUI 10 ကို သုံးႏုိင္မွာ ျဖစ္ပါတယ္။ 4,500mAh battery အတြက္ 18W fast charging support လုပ္ပါတယ္။

Vivo Nex 3 5G

Vivo NEX 3 5G ဟာ Waterfall Screen ပါတဲ့ ပထမဆံုး ဖုန္းျဖစ္ပါတယ္။ မ်က္ႏွာျပင္က ဘယ္နဲ႔ညာဘက္ရဲ႕ ေဘး ဘက္အထိ ဖံုးအုပ္ထားပါတယ္။ Physical Buttons ေတြ မပါေတာ့ဘဲ Touch Sense လို႔ နာမည္ေပးထားတဲ့ ထိေတြ႕သံုးရတဲ့ Virtual Buttons ေတြ ထည့္ထားပါတယ္။ အေရွ႕ဘက္ကင္မရာပိုင္းအတြက္ 0.65 စကၠန္႔အတြင္းမွာ အထုတ္၊ အသြင္းလုပ္ေပးတဲ့ Pop-up Camera ပါပါတယ္။ ေနာက္ေက်ာဘက္ ကင္မရာေတြအေနနဲ႔ 64MP ကေတာ့ အဓိကပါ၊ ၿပီးေတာ့ 13MP 120-degree ultra-wide lens, 13MP telephoto lens တို႔ကိုသုံးထားပါတယ္။ အေနာက္ ကင္မရာေတြက 2x Optical Zoom နဲ႔ 20x Digital Zoom ေတြကို ေထာက္ပံ့ပါတယ္။ Super Night View က ဓါတ္ပံု 12 ပံုကေန 16 ပံုအထိ တစ္ၿပိဳင္နက္ရိုက္ကူးေပးၿပီး Noise ကို ေလွ်ာ့ခ်ေပးပါတယ္။ 4,500mAh ျဖစ္ၿပီး 22.5W fast charging support လုပ္ပါတယ္။ ဒါ့အျပင္ 44W Ultra-fast Flash Charge နဲ႔ C-DRX Power-saving နည္းပညာပါပါတယ္။ Android 9.0 (Pie) အေျချပဳ Funtouch OS 9.1 ကိုသုံးႏုိင္မွာျဖစ္ၿပီး Snapdragon 855 Plus 7nm ပရိုဆက္ဆာနဲ႔ပါ။

Samsung A70s

ေျပာရမယ္ဆိုရင္ ဒီဖုန္းဟာ Galaxy A70 ရဲ႕ မ်ဳိးဆက္သစ္လို႔ ဆိုရမွာပါ။ အခ်က္အလက္ အေတာ္မ်ားမ်ားလည္း Galaxy A70 နဲ႔ ဆင္တူပါတယ္။ အၾကမ္းမ်ဥ္းအားျဖင့္ ဘယ္လိုအခ်က္အလက္ေတြလဲဆိုရင္ 6.7 လက္မ Full HD+ Infinity-U Super AMOLED Display ၊ Octa-core Snapdragon 675 SoC နဲ႔အတူ Android 9.0 (Pie) အေျချပဳ OneUI ဆိုတဲ့ေနရာေတြမွာပါ။ A70s ရဲ႕ကင္မရာပိုင္းေတြ အေနနဲ႔ 64MP f/1.8 aperture နဲ႔ 5MP depth sensor တို႔ပါဝင္ၿပီး တတိယကင္မရာကေတာ့ 8MP 123° ultra-wide angle ကင္မရာပဲ ျဖစ္ပါတယ္။ အေရွ႕ဘက္ကင္မရာကေတာ့ 32MP ျဖစ္ပါ တယ္။ 4500mAh ဘက္ထရီနဲ႔အတူ 5W super fast charging ေထာက္ပံ့မွာျဖစ္ပါတယ္။ In-display Fingerprint sensor နဲ႔အလုပ္လုပ္မွာပါ။

Realme X2 Pro

Realme ရဲ႕ ပထမဆံုး စြမ္းရည္ျမင့္ ေစ်းအသက္သာဆုံး စမတ္ဖုန္းလို႔ေတာင္ သတ္မွတ္ႏိုင္မွာပါ။ အရြယ္ေသး Notch ပါၿပီး 90Hz Refresh Rate နဲ႔ 135Hz Touch Sampling ပါတဲ့အတြက္ ဖုန္းကို ထိေတြ႕သံုးရင္ အရမ္းကိုျမန္ပါတယ္။ ေနာက္ေက်ာဘက္မွာ 64MP အဓိကကင္မရာနဲ႔အတူ 13MP Telephoto lens ၊ 8MP 115° 1/3.13″ ultra-wide angle lens နဲ႔ 2MP depth sensor တို႔ကိုထည့္ေပးထားပါတယ္။ ကင္မရာရဲ႕ စြမ္းေဆာင္ခ်က္ အေနနဲ႔ 20x hybrid zoom အထိရရွိမွာပါ။ အေရွ႕ဘက္မွာေတာ့ 16MP ကင္မရာ ထည့္ေပးထားၿပီး Sony IMX471 sensor ျဖစ္ပါတယ္။ In-display fingerprint sensor နဲ႔သုံးႏိုင္မွာပါ။ မ်က္ႏွာျပင္ 6.5-inch (2400 x 1080 pixels) ျဖစ္ၿပီး Octa-Core Snapdragon 855 Plus ကို သုံးထားတဲ့ အဆင့္ျမင့္ဖုန္းပါ။ ဘက္ထရီကေတာ့ 4000mAh ထည့္ေပးထားၿပီး SuperVOOC fast charging ေထာက္ပ့ံပါတယ္။ curved glass display မွာ 90Hz refresh rate ျဖစ္ၿပီး HDR10+, 100% DCI -P3 color gamut ေထာက္ပ့ံပါတယ္။

OPPO K5

ေနာက္ေက်ာဘက္မွာ ကင္မရာ 4လုံး တပ္ဆင္ထားတဲ့ အလယ္အလတ္ဆင့္ စမတ္ဖုန္းလို႔ဆိုရမွာပါ။ မ်က္ႏွာျပင္ 6.4-inch (2340 × 1080 pixels) ျဖစ္ၿပီး ခပ္ေသးေသး Notch နဲ႔ျဖစ္ပါတယ္။ ဖုန္းရဲ႕ အခ်က္အလက္ပိုင္းအေနနဲ႔ Snapdragon 730G ပရိုဆက္ဆာကို သုံးထားၿပီး Adreno 618 GPU တြဲဘက္ပါတယ္။ OS ပိုင္းမွာ Android 9.0 (Pie) အေျချပဳ ColorOS 6.1 နဲ႔သုံးႏုိင္မွာပါ။ 64MP အဓိကဆင္ဆာအတြက္ Samsung GW1 ကိုသုံးထားပါတယ္။ 8MP 119° ultra-wide angle lens ၊ 2MP depth sensor နဲ႔ 2MP မိုက္ကရိုတို႔ျဖစ္ပါတယ္။ အေရွ႕ဘက္ notch ထဲမွာ 32MP f/2.0 aperture နဲ႔သံုးႏိုင္မွာပါ။ ဘက္ထရီကေတာ့ 4000mAh ျဖစ္ပါတယ္။ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ျမွပ္ႏွံထားပါတယ္။ 4000mAh ဘက္ထရီနဲ႔အတူ မိနစ္ 30 အတြင္းမွာ 67 ရာခုိင္ႏႈန္းအားသြင္းေပးတဲ့ 30W VOOC 4.0 Fast Charging ပါပါတယ္။ အေရွ႕ဘက္မွာေတာ့ 32MP f/2.0 aperture ကင္မရာကို သံုးထားပါတယ္။

Realme X2 / Realme XT730G

Realme X2 ဖုန္းကေတာ့ Realme စမတ္ဖုန္းေတြထဲမွာ 8nm Snapdragon 730G အသံုးျပဳထားတဲ့ ပထမဆံုး စမတ္ဖုန္း ျဖစ္ပါတယ္။ ေက်ာဘက္ကင္မရာေလးလံုးနဲ႔ ျဖစ္ပါတယ္။ အဓိကကင္မရာက 64MP f/1.8 Samsung GW1 Sensor ျဖစ္ပါတယ္။ က်န္တဲ့ကင္မရာေတြကေတာ့ 119 ဒီဂရီျမင္ကြင္းက်ယ္ ႐ုိက္ကူးႏုိင္တဲ့ 8MP f/2.25 ၊ 2MP Macro နဲ႔ 2MP Depth Sensor တို႔ ျဖစ္ပါတယ္။

Realme XT730G ဖုန္းကလည္း 64MP ကင္မရာနဲ႔ ဖုန္းျဖစ္ပါတယ္။ သူရဲ႕ features ပိုင္းေတြကေတာ့ XT နဲ႔ဆင္တူၿပီး Snapdragon 730G processor ေျပာင္းလဲသုံးစြဲလာမွာပါ။ 4,000mAh ဘက္ထရီနဲ႔အတူ Android 9 Pie-based ColorOS 6 ကိုတပါတည္း သုံးရမွာပါ။ 30W VOOC fast charge support လုပ္ပါတယ္။ Hyperbola 3D glass ဒီဇုိင္းနဲ႔ျဖစ္ၿပီး in-display fingerprint sensor ကိုလည္း ထည့္ေပးထားပါတယ္။

Samsung Galaxy A81

ကိုရီးယားကုမၸဏီအေနနဲ႔ 2019 မွာ စမတ္ဖုန္းေစ်းကြက္အတြင္း ပိုမိုေျခလွမ္းသြက္လာတာကို ေတြ႕ရပါတယ္။ စမတ္ဖုန္းေတြ ကို ဘက္ေပါင္းစုံအတြက္ ထုတ္လုပ္ေပးလာလို႔ပါ။ ၿပီးေတာ့ ကင္မရာေတြကိုလည္း တျဖည္းျဖည္းအဆင့္ျမင့္လာပါတယ္။ အခု သူတို႔ရဲ႕ကိုယ္ပိုင္ဆင္ဆာကို သုံးလာမယ့္ A စီးရီးဖုန္း တလုံးရွိေနပါတယ္။ အဲ့ဒီဖုန္းကေတာ့ Galaxy A81 ျဖစ္ၿပီး လာမယ့္ႏွစ္မွာ မိတ္ဆက္ေပးမွာျဖစ္ပါတယ္။ upper mid-range ဖုန္းအမ်ိဳးအစားျဖစ္ၿပီး ကင္မရာ 4 လုံးကိုေနာက္ေက်ာ ဘက္မွာ တပ္ဆင္လာမွာပါ။ လက္ရွိခန္႔မွန္းခ်က္ေတြအရ Samsung GW1 sensor ကို အဓိကထားၿပီး16MP wide-angle lens, 12MP telephoto lens with 2x or 5x optical zoom နဲ႔ ToF (သို႔) Time-of-Flight sensor ေတြကို စနစ္တက် သုံးလာဖုိ႔ မ်ားပါတယ္။

Nokia 8.2

HMD Global အေနနဲ႔ စမတ္ဖုန္းသစ္ လမ္းေၾကာင္းကို တျဖည္းျဖည္းဝင္ေရာက္လာတဲ့အခ်ိန္မွာ Triple Rear Cameras ပါတဲ့ Nokia 7.2 ကို ေရာင္းခ်ထားပါၿပီ။ စြမ္းရည္သင့္ Android One စမတ္ဖုန္းျဖစ္တဲ့အဲ့ဒီဖုန္းမွာ 48MP Quad Pixel rear camera ကို သံုးထားပါတယ္။ အခုေနာက္ထပ္ ေစ်းကြက္ထဲကို မိတ္ဆက္ႏုိင္ဖုိ႔ ျပင္ဆင္ေနတဲ့ ဖုန္းကေတာ့ Nokia 8.2 ျဖစ္ပါတယ္။ သတင္းေတြအရ လာမယ့္ႏွစ္မွာ က်င္းပမယ့္ MWC 2020 မွာ မိတ္ဆက္သြားဖုိ႔ရွိတယ္လို႔ သိရပါတယ္။ ကင္မရာကေတာ့ 64MP သုံးလာမွာပါ။ ကင္မရာ 4 လုံးကို စက္ဝိုင္းပုံစံ ဒီဇုိင္းနဲ႔ထြက္လာႏုိင္ပါတယ္။ 5G အတြက္ကိုလည္း Snapdragon 700 series chipset သုံးလာဖို႔ရွိေနပါတယ္။ ေစ်းႏႈန္းကေတာ့ ေဒၚလာ 500 ဝန္းက်င္ေလာက္ က်သင့္ႏုိင္တယ္လို႔ သိရပါတယ္။ 8 GB RAM / 256 GB internal storage သီးသန္႔ျဖစ္လာႏုိင္ပါတယ္။

NetGuide Journal (Every Wednesday)