OnePlus ဟာ မကြာသေးမီတုန်းက OnePlus 7T စီးရီးကို ကြေညာခဲ့ပါတယ်။ ယခုအခါ ၎င်းတို့ဟာ နောက်ထပ် စမတ်ဖုန်းစီးရီးသစ်အဖြစ် OnePlus 8 နဲ့ OnePlus 8 Pro တို့ကို ထုတ်လုပ်ရောင်းချဖို့ လုပ်ဆောင်နေပါတယ်။ ယင်း စမတ်ဖုန်းနှစ်လုံးတို့ကို OnePlus 7 စီးရီးလိုဘဲ မေလမှာ ကြေညာလာဖို့ ရှိပါတယ်။

မကြာသေးမီတုန်းက Times of India နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ OnePlus CEO ပီတီလျူက စမတ်ဖုန်းနှစ်မျိုး စီထုတ်လုပ်တဲ့ ဗျူဟာကို ဆက်လက်ကျင့်သုံးသွားဦးမှာဖြစ်ကြောင်း၊ တစ်လုံးမှာ ဈေးနူန်းသက်သာပြီး တစ်လုံးမှာ တန်ဖိုးမြင့်ဗားရှင်းဖြစ်ကြောင်း ဆိုသွားပါတယ်။

OnePlusဟာ လက်ရှိအချိန်မှာ အိန္ဒိယအဆင့်မြင့် စမတ်ဖုန်းဈေးကွက်ကို ဦးဆောင်နေတဲ့ စမတ်ဖုန်းကုမ္ပဏီဖြစ် ပါတယ်။ ၎င်းတို့ဟာ အိန္ဒိယဈေးကွက်မှာ 42 ရာခိုင်နူန်းအထိ ရှယ်ယာ လွှမ်းမိုးထားကာ Samsung ၊ Apple တို့ကို ဦးဆောင်နေပါတယ်။

OnePlus 7T နဲ့ OnePlus 7T Pro Specifications

OnePlus 7T မှာ မျက်နှာပြင် 6.55 လက်မ Fluid AMOLED Full HD+ ရုပ်ထွက်သုံးထားကာ 90Hz Refresh Rate ပါဝင်ပါတယ်။ Snapdragon 855+ ၊ RAM8GB နဲ့ အထိုင်ချထားပြီး Storage 128GB ပါဝင်ပါတယ်။ ကျောဘက် ကင်မရာသုံးလုံးပါဝင်ပါတယ်။ အဓိကကင်မရာက 48MP Sony IMX586 Sensor ဖြစ်ပြီး ဒုတိယကင်မရာက 16MP Ultrawideနဲ့ တတိယကင်မရာက 12MP Telephoto တို့ ဖြစ်ပါတယ်။ ဘက်ထရီ 3800 mAhပါဝင်ကာ 30W Warp Charge ဖြင့် အားသွင်းနိုင်ပါမယ်။

OnePlus 7T Pro မှာ မျက်နှာပြင် 6.67 လက်မ Fluid AMOLED Full HD+ ရုပ်ထွက်နှင့် 90Hz Refresh Rate သုံးထားပါတယ်။ Snapdragon 855+ ၊ RAM8GB နဲ့ အထိုင်ချထားကာ Storage 256GB ပါဝင်ပါတယ်။ ကျော ဘက်ကင်မရာသုံးလုံးက 48MP+16MP Ultrawide+8MP Telephoto ဖြစ်ပါတယ်။ တတိယကင်မရာက 3x Optical Zoom သုံးနိုင်ပါမယ်။ ဘက်ထရီ 4085 mAhပါဝင်ကာ 30W Warp Charge ဖြင့် အားသွင်းနိုင်ပါမယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

စမတ္ဖုန္းႏွစ္မ်ိဳးစီ ထုတ္လုပ္ေရာင္းခ်တဲ့ဗ်ဴဟာကို OnePlus ဆက္သုံးသြားမည္

OnePlus ဟာ မၾကာေသးမီတုန္းက OnePlus 7T စီးရီးကို ေၾကညာခဲ့ပါတယ္။ ယခုအခါ ၎တို႔ဟာ ေနာက္ထပ္ စမတ္ဖုန္းစီးရီးသစ္အျဖစ္ OnePlus 8 နဲ႔ OnePlus 8 Pro တို႔ကို ထုတ္လုပ္ေရာင္းခ်ဖို႔ လုပ္ေဆာင္ေနပါတယ္။ ယင္း စမတ္ဖုန္းႏွစ္လုံးတို႔ကို OnePlus 7 စီးရီးလိုဘဲ ေမလမွာ ေၾကညာလာဖို႔ ရွိပါတယ္။

မၾကာေသးမီတုန္းက Times of India နဲ႔ ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာ OnePlus CEO ပီတီလ်ဴက စမတ္ဖုန္းႏွစ္မ်ိဳး စီထုတ္လုပ္တဲ့ ဗ်ဴဟာကို ဆက္လက္က်င့္သုံးသြားဦးမွာျဖစ္ေၾကာင္း၊ တစ္လုံးမွာ ေဈးႏူန္းသက္သာၿပီး တစ္လုံးမွာ တန္ဖိုးျမင့္ဗားရွင္းျဖစ္ေၾကာင္း ဆိုသြားပါတယ္။

OnePlusဟာ လက္ရွိအခ်ိန္မွာ အိႏၵိယအဆင့္ျမင့္ စမတ္ဖုန္းေဈးကြက္ကို ဦးေဆာင္ေနတဲ့ စမတ္ဖုန္းကုမၸဏီျဖစ္ ပါတယ္။ ၎တို႔ဟာ အိႏၵိယေဈးကြက္မွာ 42 ရာခိုင္ႏူန္းအထိ ရွယ္ယာ လႊမ္းမိုးထားကာ Samsung ၊ Apple တို႔ကို ဦးေဆာင္ေနပါတယ္။

OnePlus 7T နဲ႔ OnePlus 7T Pro Specifications

OnePlus 7T မွာ မ်က္ႏွာျပင္ 6.55 လက္မ Fluid AMOLED Full HD+ ႐ုပ္ထြက္သုံးထားကာ 90Hz Refresh Rate ပါဝင္ပါတယ္။ Snapdragon 855+ ၊ RAM8GB နဲ႔ အထိုင္ခ်ထားၿပီး Storage 128GB ပါဝင္ပါတယ္။ ေက်ာဘက္ ကင္မရာသုံးလုံးပါဝင္ပါတယ္။ အဓိကကင္မရာက 48MP Sony IMX586 Sensor ျဖစ္ၿပီး ဒုတိယကင္မရာက 16MP Ultrawideနဲ႔ တတိယကင္မရာက 12MP Telephoto တို႔ ျဖစ္ပါတယ္။ ဘက္ထရီ 3800 mAhပါဝင္ကာ 30W Warp Charge ျဖင့္ အားသြင္းနိုင္ပါမယ္။

OnePlus 7T Pro မွာ မ်က္ႏွာျပင္ 6.67 လက္မ Fluid AMOLED Full HD+ ႐ုပ္ထြက္ႏွင့္ 90Hz Refresh Rate သုံးထားပါတယ္။ Snapdragon 855+ ၊ RAM8GB နဲ႔ အထိုင္ခ်ထားကာ Storage 256GB ပါဝင္ပါတယ္။ ေက်ာ ဘက္ကင္မရာသုံးလုံးက 48MP+16MP Ultrawide+8MP Telephoto ျဖစ္ပါတယ္။ တတိယကင္မရာက 3x Optical Zoom သုံးနိုင္ပါမယ္။ ဘက္ထရီ 4085 mAhပါဝင္ကာ 30W Warp Charge ျဖင့္ အားသြင္းနိုင္ပါမယ္။

NetGuide Journal (Every Wednesday)