The Powerpuff Girls : Monkey Mania ဟာ Cartoon Network series The Powerpuff Girls ပေါ် အခြေ ခံထားတဲ့ဂိမ်းဖြစ်ပြီး ကစားသူအနေနဲ့ ကာတွန်းဇာတ်လမ်းထဲက စူပါဟီးရိုးညီအစ်မသုံးဖော်ရဲ့နေရာကနေ ကစားရမှာပါ။ Powerpuff Girls တွေရဲ့ပါဝါတွေကိုခိုးယူပြီး ဆိုးသွမ်းတဲ့ မျောက်တပ်ဖွဲ့ဖွဲ့စည်းဖို့ကြိုးစားနေတဲ့ Mojo Jojo နဲ့ အပေါင်းပါတွေကိုတားဆီးရမယ့် ဂိမ်းပုံစံကို ကစားရမှာဖြစ်ပါတယ်။ Mojo Jojo ကို တားဆီးဖို့ အတွက် သူ့ထက်ရှေ့ကိုရောက်အောင်သွားရမှာဖြစ်ပြီး လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ ဆိုးသွမ်းမျောက် တွေပေါ်ကနေ ခုန်ပေါက်ရင်း ရှေ့ကိုရောက်နိုင်သမျှရောက်အောင် သွားရမှာဖြစ်ပါတယ်။ ဇာတ်ကောင်ကို တာကနေစလွှတ်ပြီးတာနဲ့ လေထဲဝဲပျံကာ လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့မျောက်တွေကို ဆောင့်နင်းရင်း ထွက်လာတဲ့ပြန်ကန်အားကိုသုံးကာ ရှေ့ကိုရောက်အောင်လုပ်ရမှာပါ။ မျောက်တွေပေါ်တည့်တည့်ခုန်ချနိုင်လေ အဲဒီကနေရတဲ့တွန်းကန်အားနဲ့ ရှေ့ကိုပိုရောက်နိုင်လေဖြစ်လို့ မျောက်တွေပေါ်ကိုတည့် မတ်စွာခုန်ချနိုင်ဖို့လိုပါ တယ်။ screen ရဲ့ဘယ်ဘက်အောက်ထောင့်မှာရှိတဲ့ speed ကုန်သွားရင် သင့်ရဲ့ run ကုန်သွားမှာဖြစ်လို့ အစကပြန်စရမှာဖြစ်တဲ့အတွက် Speed ကို စစ်ကြည့်နေဖို့လိုပါတယ်။ ကစားဖို့အတွက် Android 5.0 နဲ့အထက် လိုအပ်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

The Powerpuff Girls : Monkey Mania

The Powerpuff Girls : Monkey Mania ဟာ Cartoon Network series The Powerpuff Girls ေပၚ အေျခ ခံထားတဲ့ဂိမ္းျဖစ္ၿပီး ကစားသူအေနနဲ႔ ကာတြန္းဇာတ္လမ္းထဲက စူပါဟီး႐ိုးညီအစ္မသံုးေဖာ္ရဲ႕ေနရာကေန ကစားရမွာပါ။ Powerpuff Girls ေတြရဲ႕ပါဝါေတြကိုခိုးယူၿပီး ဆိုးသြမ္းတဲ့ ေမ်ာက္တပ္ဖြဲ႕ဖြဲ႕စည္းဖုိ႔ႀကိဳးစားေနတဲ့ Mojo Jojo နဲ႔ အေပါင္းပါေတြကိုတားဆီးရမယ့္ ဂိမ္းပံုစံကို ကစားရမွာျဖစ္ပါတယ္။ Mojo Jojo ကို တားဆီးဖုိ႔ အတြက္ သူ႕ထက္ေရွ႕ကိုေရာက္ေအာင္သြားရမွာျဖစ္ၿပီး လမ္းေၾကာင္းတစ္ေလွ်ာက္မွာရွိတဲ့ ဆိုးသြမ္းေမ်ာက္ ေတြေပၚကေန ခုန္ေပါက္ရင္း ေရွ႕ကိုေရာက္ႏိုင္သမွ်ေရာက္ေအာင္ သြားရမွာျဖစ္ပါတယ္။ ဇာတ္ေကာင္ကို တာကေနစလႊတ္ၿပီးတာနဲ႔ ေလထဲဝဲပ်ံကာ လမ္းေၾကာင္းတစ္ေလွ်ာက္မွာရွိတဲ့ေမ်ာက္ေတြကို ေဆာင့္နင္းရင္း ထြက္လာတဲ့ျပန္ကန္အားကိုသံုးကာ ေရွ႕ကိုေရာက္ေအာင္လုပ္ရမွာပါ။ ေမ်ာက္ေတြေပၚတည့္တည့္ခုန္ခ်ႏိုင္ေလ အဲဒီကေနရတဲ့တြန္းကန္အားနဲ႔ ေရွ႕ကို ပိုေရာက္ႏိုင္ေလျဖစ္လုိ႔ ေမ်ာက္ေတြေပၚကိုတည့္ မတ္စြာခုန္ခ်ႏိုင္ဖုိ႔လိုပါ တယ္။ screen ရဲ႕ ဘယ္ဘက္ေအာက္ေထာင့္ မွာရွိတဲ့ speed ကုန္သြားရင္ သင့္ရဲ႕ run ကုန္သြားမွာျဖစ္လုိ႔ အစကျပန္စရမွာျဖစ္တဲ့အတြက္ Speed ကို စစ္ၾကည့္ေနဖုိ႔လိုပါတယ္။ ကစားဖုိ႔အတြက္ Android 5.0 နဲ႔အထက္ လုိအပ္ပါတယ္။

NetGuide Journal (Every Wednesday)