Honor V30 ဖုန်းကတော့ Honor ရဲ့ အသစ်ထွက်လာမယ့် စမတ်ဖုန်းပဲ ဖြစ်ပါတယ်။ အခုအဲ့ဒီဖုန်းရဲ့ အရှေ့ဘက်ဒီဇိုင်းဟာ လူမူကွန်ရက် ဝီဘိုမှာထွက်ရှိလာခဲ့ပါတယ်။ အရှေ့ဘက်မျက်နှာပြင်ကိုထင်ရှားစွာ တွေ့လိုက်ရပြီး hole-punch camera တပ်ထားပါတယ်။ V30 ပရိုဗားရှင်းပါ ထွက်လာမှာဖြစ်ပြီး အဲ့ဒီဖုန်းရဲ့ အရှေ့ဘက်မှာတော့ ကင်မရာ ၂လုံး ထည့်ပေးထားမှာ ဖြစ်ပါတယ်။
V30 စမတ်ဖုန်းရဲ့ ကင်မရာပိုင်းအတွက် 60MP primary sensor နဲ့အတူ 16MP super wide-angle ၊ 2MP macro lens နဲ့ ToF camera တို့ထည့်ထားမှာ ဖြစ်ပါတယ်။ Pro version မှာတော့ 60MP primary ကင်မရာနဲ့ ဆိုပေမယ့် macro lens နေရာမှာ 8MP telephoto ကင်မရာကို ထည့်ထားပါလိမ့်မယ်။ ပြီးတော့ နောက်ထပ် အဆင့်မြင့်တင်မှုဖြစ်တဲ့ 20MP wide-angle ကင်မရာလည်း ပါအုံးမှာပါ။ Image result for Honor V30 front panel leaks
Honor V30 အတွက် ဘက်ထရီက 4000mAh နဲ V30 Pro မှာ 4200mAh သုံးထားမှာဖြစ်ကာ အမျိုးအစားပေါ် မူတည်ပြီး40W fast charge နဲ့ 22.5W fast charging ထောက်ပံ့ပါလိမ့်မယ်။ ဈေးနှုန်းကတော့ ခန့်မှန်းချက်တွေအရ ဒေါ်လာ 420 ဝန်းကျင်လောက် ကျသင့်နိုင်ပါတယ်။ Honor V30 မိတ်ဆက်ပွဲကိုတော့ ယခုလအတွင်းမှာ ကျင်းပနိုင်ပါတယ်။

++++

Honor V30 ဖုန်းရဲ့ အရှေ့ဘက်မျက်နှာပြင် ပုံစံပေါက်ကြားလာ
