File to PDF Converter ဟာ Adobe Illustrator (Ai) ?Adobe Photoshop(PSD) extension နဲ့ Adobe Encapsulated Postscript(EPS) တို့လို extension တွေနဲ့ PNG , JPEG/JPG , BMP နဲ့ Camera raw file format (nef, nrw, dng, srf) တွေကို PDF format အဖြစ် ပြောင်းပေးနိုင်တဲ့ file converter app တစ်ခုဖြစ် ပါတယ်။ Format ပြောင်းချင်တဲ့ file ကို ဘယ် server ပေါ်ကိုမှ upload လုပ်နေစရာမလိုဘဲ ပြောင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီ application က support ပေးထားတဲ့ file format အများစုကို convert လုပ်နိုင်ဖို့အတွက် အင်တာနက်ဖွင့်စရာလည်း မလိုအပ်ပါဘူး။ Adobe Illustrator(Ai) , Adobe Photoshop(PSD) extension , Adobe Encapsulated Postscript (EPS) , PNG , JPEG/JPG , BMP နဲ့ Camera raw file format (Sony, Nikon, Samsung, Kodak, Canon, Etc) စတဲ့ file extension တွေကို ရွေးပေးလိုက်တာနဲ့ သင်ရွေး ပေးထားတဲ့ extension နဲ့ကိုက်ညီမှုရှိတဲ့ သင့်ဖုန်းထဲက file အားလုံးကို ဒီ app က list လုပ်ကာ ဖော်ပြပေး မှာဖြစ်ပါတယ်။ အသုံးပြုသူအနေနဲ့ အဲဒီ list ထဲကနေမှ မိမိ format ပြောင်းချင်တဲ့ file ပေါ်မှာ tap လုပ်ပြီး တော့ လိုချင်တဲ့ PDF format သို့ အလွယ်တကူပြောင်းနိုင်မှာပဲဖြစ်ပါတယ်။ ဒီ app ကိုအသုံးပြုဖို့အတွက် Android 5. 0 နဲ့အထက် လိုအပ်ပါတယ်။

 

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

File to PDF Converter (Ai, PSD, EPS, PNG, BMP, Etc)

