အောက်တိုဘာ ၃၁ရက်နေ့က တရုတ်ဆက်သွယ်ရေး ကုမ္ပဏီ ၃ခုက 5G ကွန်ရက်ကို နိုင်ငံအတွင်း ရရှိနိုင်ပြီလို့ တရားဝင်ကြေညာခဲ့ပါတယ်။ နောက်တစ်ရက်ဖြစ်တဲ့ နိုဝင်ဘာ ၁ ရက်နေ့မှာတော့Huawei Mate 30 series 5G စမတ်ဖုန်းကို ပရီအော်ဒါတင်ထားသူတွေဟာ နောက်ဆုံးလက်ကျန်ငွေသွင်းပြီးတာနဲ့ ကိုင်ဆောင်နိုင်ကြပြီ ဖြစ်ပါတယ်။ ကြိုတင်မှာယူထားခြင်း မရှိတဲ့သူတွေ အနေနဲ့လည်း၁ ရက်နေ့ကစလို့ ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။ Image result for huawei mate 30 5g
Huawei အနေနဲ့ ပထမဆုံးဝယ်ယူသူ အယောက် ၁သောင်းကို Huawei Band 4e လက်ဆောင်ပေးခဲ့ပါတယ်။ ဈေးနှုန်းတွေကတော့ ပရိုနဲ့ပုံမှန် ဈေးကွာခြားနိုင်ပြီး
Mate 30 5G (8 GB + 128 GB): ယွမ် 4,999 ($ 710)
Mate 30 5G (8 GB + 256 GB): ယွမ် 5,499 ($ 780)
Mate 30 Pro 5G (8 GB + 256 GB): ယွမ် 6,899 ($ 980)
Mate 30 5G (8 GB + 512 GB): ယွမ် 7,899 ($ 1,120)
တွေနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။
Huawei အနေနဲ့ သုံးစွဲသူတွေ အဆင်ပြေစေဖို့ တရုတ်ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ၆လအရစ်ကျ ပုံစံနဲ့ ဝယ်ယူနိုင်အောင်လည်း တရုတ်မှာ ပြုလုပ်ပေးထားပါတယ်။ ဝယ်ယူနိုင်တဲ့ ဘဏ်တွေကတော့ Agricultural Bank of China, China Merchants Bank, Industrial and Commercial Bank of China, China Ping An, Guangfa Card, Shanghai Pudong Development Bank, Bank of China, China Construction Bank, Shanghai Bank bank တို့နဲ့ဖြစ်ပါတယ်။

++++

5G အမျိုးအစား Huawei Mate 30 စီးရီးတွေ ကိုတရုတ်မှာ ရောင်းပြီ
