Samsung အနေနဲ့ ပထဆုံး foldable display နဲ့စမတ်ဖုန်းကို ယခုနှစ် ပထမသုံးလပတ်လောက်က စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ ပြီးတာနဲ့ Galaxy Fold ဖုန်းနဲ့ပတ်သတ်ပြီး သုံးသပ်သူတွေဆီကနေကွဲအက်ခြင်းတွေ ဖြစ်ပေါ်တယ်လို့ သုံးသပ်ချက်တွေနဲ့အတူ ရောင်းချဖို့ နှောင့်နှေးခဲ့ရပါတယ်။အခုတော့ Samsung အနေနဲ့ အဲဒီပြဿနာတွေကို အကောင်းဆုံးဖြေရှင်း နိုင်ခဲ့ပါပြီ။
လာမယ့် ၈ ရက်နေ့မှာတော့ အဲဒီဖုန်းကို တရုတ်မှာ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ Galaxy Fold ဖုန်းကို အမေရိကန်နဲ့ တောင်ကိုရီးယားဈေးကွက်တွေမှာ ရရှိနိုင်ပြီ ဖြစ်ပေမယ့် တရုတ်ဈေးကွက်မှာတော့ အခုမှရမှာ ဖြစ်ပါတယ်။ Galaxy Fold ဖုန်းကို 14,999 ယွမ်နဲ့ရောင်းချမယ်လို့သတင်းတွေထွက်နေပေမယ့် ဈေးနှုန်းနဲ့ ပတ်သတ်လို့ တိကျတဲ့ အတည်ပြုချက်ကို မရသေးပါဘူး။ Image result for Galaxy Fold  china
chaebol ကလာတဲ့ သတင်းအရ Galaxy Fold ကိုတကမ္ဘာလုံးအတိုင်းအတာအရ အလုံးရေပေါင်း500,000 လောက်ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ Samsung ရဲ့ Galaxy W20 5G foldable flip ဖုန်းကိုလည်း မကြာခင်မှာ မိတ်ဆက်လာမယ်လို့ ခန့်မှန်းရပါတယ်။

++++

တရုတ်မှာ ယခုလ ၈ ရက်နေ့ရောင်းချလာမယ့် Galaxy Fold
