Nikon D5600 ကတော့ DSLR တစ်လုံးဖြစ်ကာ multimedia imaging capabilities တွေကို wireless technology ဖြင့် ပေါင်းစပ်ပေးထားပါတယ်။ 24.2MP DX-format CMOS sensor နှင့် EXPEED 4 image processor တို့ကို ထည့်သွင်းထားပြီး ကင်မရာဟာ sensitivity range ကို ISO 100 ကနေ 25600 အထိ ထောက်ပ့ံပေးထားတာကြောင့် အလင်းရောင်အားနည်းတဲ့ အနေအထားတွေမှာ ရိုက်ကူးဖို့အတွက် အဆင်ပြေစေပါတယ်။
Sensor နှင့် processor တို့ ပေါင်းစပ်မှုကြောင့် continuous shooting ကို 5 fps အထိ ပြုလုပ်နိုင်မှာပါ။ Full HD 1080p video recording ကိုလည်း 60 fps အထိ ရိုက်ကူးနိုင်မှာဖြစ်ပြီး time-lapse movies တွေကိုလည်း ဖန်တီးနိုင်ပါတယ်။ D5600 မှာ ကြီးမားတဲ့ 3.2″ 1.037m-dot rear LCD touchscreen ပါဝင်ပြီး မတူညီတဲ့ အနိမ့်အမြင့်ဒေါင့်ချိုးတွေကနေ အလုပ်လုပ်တဲ့အခါ အဆင်ပြေစေရန် vari-angle design ဖြင့် ဖန်တီးပေးထားပါတယ်။
Features တွေ စုံလင်စွာပါဝင်တဲ့အပြင် Scene modes မှာတော့ Portrait, Landscape, Child, Sports, Close-Up, Night Portrait, Night Landscape, Party / Indoor, Beach / Snow, Sunset, Dusk / Dawn, Pet Portrait, Candlelight, Blossom, Autumn Colors and Food အစရှိသဖြင့် စုံလင်စွာပါဝင်ပြီး Special effects modes အနေနဲ့ Night Vision, Super Vivid, Pop, Photo Illustration, Toy Camera Effect, Miniature Effect, Selective Color, Silhouette, High Key and Low Key အစရှိတာတွေ ပါဝင်ပါသေးတယ်။
ဒါ့အပြင် Picture Control modes တွေအနေနဲ့ Standard, Neutral, Vivid, Monochrome, Portrait, Landscape, Flat and Custom အစရှိတာတွေကို ထည့်သွင်းပေးထားကာ Active D-Lighting ကတော့ backlit lighting လိုမျိုး contrast-rich scenarios တွေမှာ အလုပ်လုပ်တဲ့အခါ highlight နှင့် shadow details တွေကို ကာကွယ်ပေးပါတယ်။ တန်ဖိုးကတော့ USD 560 ကျသင့်မှာဖြစ်ပြီး Nikon Showroom, Ph : 01-200138 တွင် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Nikon D5600 (Body Only)

Nikon D5600 ကေတာ့ DSLR တစ္လုံးျဖစ္ကာ multimedia imaging capabilities ေတြကို wireless technology ျဖင့္ ေပါင္းစပ္ေပးထားပါတယ္။ 24.2MP DX-format CMOS sensor ႏွင့္ EXPEED 4 image processor တို႔ကို ထည့္သြင္းထားၿပီး ကင္မရာဟာ sensitivity range ကို ISO 100 ကေန 25600 အထိ ေထာက္ပ့ံေပးထားတာေၾကာင့္ အလင္းေရာင္အားနည္းတဲ့ အေနအထားေတြမွာ ရိုက္ကူးဖို႔အတြက္ အဆင္ေျပေစပါတယ္။

Sensor ႏွင့္ processor တို႔ ေပါင္းစပ္မွုေၾကာင့္ continuous shooting ကို 5 fps အထိ ျပဳလုပ္နိုင္မွာပါ။ Full HD 1080p video recording ကိုလည္း 60 fps အထိ ရိုက္ကူးနိုင္မွာျဖစ္ၿပီး time-lapse movies ေတြကိုလည္း ဖန္တီးနိုင္ပါတယ္။ D5600 မွာ ႀကီးမားတဲ့ 3.2″ 1.037m-dot rear LCD touchscreen ပါဝင္ၿပီး မတူညီတဲ့ အနိမ့္အျမင့္ေဒါင့္ခ်ိဳးေတြကေန အလုပ္လုပ္တဲ့အခါ အဆင္ေျပေစရန္ vari-angle design ျဖင့္ ဖန္တီးေပးထားပါတယ္။

Features ေတြ စုံလင္စြာပါဝင္တဲ့အျပင္ Scene modes မွာေတာ့ Portrait, Landscape, Child, Sports, Close-Up, Night Portrait, Night Landscape, Party / Indoor, Beach / Snow, Sunset, Dusk / Dawn, Pet Portrait, Candlelight, Blossom, Autumn Colors and Food အစရွိသျဖင့္ စုံလင္စြာပါဝင္ၿပီး Special effects modes အေနနဲ႔ Night Vision, Super Vivid, Pop, Photo Illustration, Toy Camera Effect, Miniature Effect, Selective Color, Silhouette, High Key and Low Key အစရွိတာေတြ ပါဝင္ပါေသးတယ္။

ဒါ့အျပင္ Picture Control modes ေတြအေနနဲ႔ Standard, Neutral, Vivid, Monochrome, Portrait, Landscape, Flat and Custom အစရွိတာေတြကို ထည့္သြင္းေပးထားကာ Active D-Lighting ကေတာ့ backlit lighting လိုမ်ိဳး contrast-rich scenarios ေတြမွာ အလုပ္လုပ္တဲ့အခါ highlight ႏွင့္ shadow details ေတြကို ကာကြယ္ေပးပါတယ္။ တန္ဖိုးကေတာ့ USD 560 က်သင့္မွာျဖစ္ၿပီး Nikon Showroom, Ph : 01-200138 တြင္ ဝယ္ယူနိုင္မွာ ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)