question marks on sheet of paper

မေး – မင်္ဂလာပါအစ်ကိုရေ။ ကျွန်တော့်ဖုန်းရဲ့ SIM 2 က တစ်ခါတစ်လေမှာ လိုင်းပျောက်နေတတ်ပါတယ် ခင်ဗျာ။ Restart ချလိုက်ရင်တော့ ပြန်တက်လာပါတယ်။ အဲ့ဒါက ဘာကြောင့်ပါလဲခင်ဗျာ။
ဖြေ – SIM အိမ်က ချောင်နေတာမျိုး ဒါမှမဟုတ် Software ပိုင်းမှာ ချို့ယွင်းနေတာမျိုးတွေကြောင့်လည်း ဖြစ် တတ်ပါတယ်ခင်ဗျာ။ လိုအပ်ရင်တော့ လိုင်းတက်ဖို့အတွက်က IMEI ပြန်ရေးပေးရင် အဆင်ပြေပါလိမ့်မယ် အစ်ကို။

မေး – အစ်ကိုရေ ကျွန်တော့်ဖုန်းက ကျကွဲသွားလို့ Power ဖွင့်လို့မရတော့ပါဘူး။ အဲ့ဒါအထဲက Data တွေကို ပြန်ယူဖို့လွယ်ကူပါသလားခင်ဗျာ။ ဖြေကြားပေးပါဦးဗျာ။
ဖြေ – ရနိုင်ပါတယ်ခင်ဗျာ။ ကျွမ်းကျင်တဲ့ Service ပညာရှင်တွေဆီမှာ Data တွေကို ပြန်ယူလို့ရနိုင်ပါတယ်။

မေး – ကျွန်တော့်ဖုန်းရဲ့ Battery လေးက နည်းနည်းဖောင်းနေလို့ပါခင်ဗျာ။ Battery ကလည်း အသေဖြစ်နေပါ တယ်။ အဲ့ဒါကို ဆက်သုံးနေရင် အန္တရာယ်ရှိနိုင်ပါသလားခင်ဗျာ။ Battery အသေကရော လဲလို့ရနိုင်ပါသလား ခင်ဗျာ။
ဖြေ – Battery ဖောင်းနေရင်တော့ လဲပေးလိုက်တာက ပိုကောင်းပါလိမ့်တယ်။ အသစ်လဲပေးလို့ရပါတယ် ခင်ဗျာ။

မေး – မင်္ဂလာပါအစ်ကိုရေ။ ဖုန်းတွေမှာပါတဲ့ CPU ဆိုတာက ဘာကိုပြောတာပါသလဲခင်ဗျာ။ သူက ဘယ်လို အလုပ်လုပ်တာပါလဲ။
ဖြေ – CPU ဆိုတာက Central Procession Unit ကို အတိုကောက်ခေါ်တာပါ။ ဖုန်းတစ်လုံးရဲ့ မှတ်ဉာဏ်လို့ပြောလည်း ရပါတယ်ခင်ဗျာ။

မေး – ကျွန်တော့်ဖုန်းက Samsung J7 ပါ။ ကွန်ပျူတာနဲ့ချိတ်ရင် ကွန်ပျူတာမှာ Device မတွေ့ဘူး ဖြစ်နေပါ တယ်။ အဲ့ဒါက ဘာမှားနေလို့ပါသလဲခင်ဗျာ။
ဖြေ – ဖုန်းနဲ့ ကွန်ပျူတာချိတ်ဆက်အသုံးပြုဖို့အတွက်က Driver လိုပါတယ်ခင်ဗျာ။ Samsung ဆို Samsung Driver ပေါ့။ Huawei ဆို Huawei Driver သွင်းပေးမှ ချိတ်ဆက်အသုံးပြုနိုင်မှာပါခင်ဗျာ။

မေး – မင်္ဂလာပါအစ်ကိုရေ။ ဖုန်းတစ်လုံးက Game ဆော့ရင် အဆင်ပြေမပြေကို သိချင်ရင် RAM ကိုကြည့်ပြီး တော့ ဆုံးဖြတ်လို့ရပါသလားခင်ဗျာ။ RAM ကရော ဘယ်အရာတွေကို ထောက်ပံ့ပေးပါသလဲ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဦးအစ်ကိုရေ။ ကျေးဇူးတင်ပါခင်ဗျာ။
ဖြေ – RAM ကို အလွယ်တကူနားလည်အောင်ပြောရရင် ဖုန်းတစ်လုံးကို သွက်သွက်လက်လက်အသုံးပြုနိုင်ဖို့ အတွက်က အရေးပါတဲ့အစိတ်အပိုင်းပါ။ RAM နည်းနေရင်တော့ အသုံးပြုရတာ လေးနေပါလိမ့်မယ်။ RAM များ နေရင်တော့ အသုံးပြုရတာက မြန်ဆန်ပါလိမ့်တယ်။ မိမိကစားမယ့်ဂိမ်းက နပ်ဝက်ချိန်ဆက်ပြီး ကစားရတဲ့ဂိမ်း ဆိုရင်တော့ RAM များဖို့လိုအပ်သလို Memory များဖို့ကလည်းလိုအပ်ပါတယ်ခင်ဗျာ။

မေး – ကျွန်တော်ဖုန်းပြောရင် ဟိုဘက်ကပြောတာကို သိပ်မကြားရပါဘူးခင်ဗျာ။ နားနဲ့အရမ်းကပ်နားထောင်မှ တိုးတိုးလေးကြားရတာက ဘာလို့ပါလဲခင်ဗျာ။
ဖြေ – Ear Speaker လွတ်နေတာမျိုးနှင့် မကောင်းတာမျိုးကြောင့်ဆိုရင်လည်း ဖြစ်တတ်ပါတယ်ခင်ဗျာ။ အသစ် လဲလှယ်ပေးရပါမယ်။

မေး – အစ်ကိုရေ ကျွန်တော့်ဖုန်းရဲ့ iPhone Password ကို မေ့သွားလို့ပါခင်ဗျာ။ ဘာတွေလုပ်ဆောင်ရမလဲ ဆိုတာကိုလည်း ပြောပြပေးပါဦးခင်ဗျာ။
ဖြေ – ဘယ်ဖုန်းကိုမဆို Password မေ့သွားရင်တော့ Service ဆိုင်မှာ သွားပြတာကပဲ ပိုကောင်းပါလိမ့်မယ်။ ကိုယ့်ဘာသာကိုယ်လုပ်မယ်ဆိုရင် မလိုလားအပ်တဲ့ နောက်ဆက်တွဲတွေ ဖြစ်နေပါလိမ့်မယ်။

မေး – ကျွန်တော့်ရဲ့ Honor 20 Lite ဖုန်းလေးပြုတ်ကျပြီး ဘာမှမပေါ်တော့လို့အစ်ကိုရေ။ ဖုန်းလာတာတို့ဆိုရင် တော့ အသံမြည်ပါတယ်။ ကူညီပေးပါဦးခင်ဗျာ။
ဖြေ – ပြုတ်ကျတဲ့ဖုန်းတွေက LCD ထိသွားရင် ပါဝါလာနေပေမယ့် ဘာမှမပေါ်တာမျိုးကို ဖြစ်တတ်ပါတယ်။ ဆော့ကပ်လွတ်သွားတာကြောင့်လည်း ဖြစ်တတ်ပေမယ့် ပြုတ်ကျတဲ့ဖုန်းတွေမှာတော့ LCD ထိသွားတာက ပိုများပါတယ်ခင်ဗျာ။ အသစ်လဲပေးမှပဲ အဆင်ပြေပါလိမ့်မယ်ခင်ဗျာ။

Success Mobile Training Center (ဒေါပုံ) ဖုန်း-09-799277012 , 09-966729922 မှ ကူညီပံ့ပိုးပါသည်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

“အေမးမ်ားေသာ မိုဘိုင္းဖုန္းဆိုင္ရာ ျပႆနာမ်ား”

ေမး – မဂၤလာပါအစ္ကိုေရ။ ကြၽန္ေတာ့္ဖုန္းရဲ႕ SIM 2 က တစ္ခါတစ္ေလမွာ လိုင္းေပ်ာက္ေနတတ္ပါတယ္ ခင္ဗ်ာ။ Restart ခ်လိုက္ရင္ေတာ့ ျပန္တက္လာပါတယ္။ အဲ့ဒါက ဘာေၾကာင့္ပါလဲခင္ဗ်ာ။
ေျဖ – SIM အိမ္က ေခ်ာင္ေနတာမ်ိဳး ဒါမွမဟုတ္ Software ပိုင္းမွာ ခ်ိဳ႕ယြင္းေနတာမ်ိဳးေတြေၾကာင့္လည္း ျဖစ္ တတ္ပါတယ္ခင္ဗ်ာ။ လိုအပ္ရင္ေတာ့ လိုင္းတက္ဖို႔အတြက္က IMEI ျပန္ေရးေပးရင္ အဆင္ေျပပါလိမ့္မယ္ အစ္ကို။

ေမး – အစ္ကုိေရ ကြၽန္ေတာ့္ဖုန္းက က်ကြဲသြားလို႔ Power ဖြင့္လို႔မရေတာ့ပါဘူး။ အဲ့ဒါအထဲက Data ေတြကို ျပန္ယူဖို႔လြယ္ကူပါသလားခင္ဗ်ာ။ ေျဖၾကားေပးပါဦးဗ်ာ။
ေျဖ – ရႏိုင္ပါတယ္ခင္ဗ်ာ။ ကြၽမ္းက်င္တဲ့ Service ပညာရွင္ေတြဆီမွာ Data ေတြကို ျပန္ယူလို႔ရႏိုင္ပါတယ္။

ေမး – ကြၽန္ေတာ့္ဖုန္းရဲ႕ Battery ေလးက နည္းနည္းေဖာင္းေနလို႔ပါခင္ဗ်ာ။ Battery ကလည္း အေသျဖစ္ေနပါ တယ္။ အဲ့ဒါကို ဆက္သံုးေနရင္ အႏၲရာယ္ရွိႏိုင္ပါသလားခင္ဗ်ာ။ Battery အေသကေရာ လဲလို႔ရႏုိင္ပါသလား ခင္ဗ်ာ။
ေျဖ – Battery ေဖာင္းေနရင္ေတာ့ လဲေပးလိုက္တာက ပိုေကာင္းပါလိမ့္တယ္။ အသစ္လဲေပးလို႔ရပါတယ္ ခင္ဗ်ာ။

ေမး – မဂၤလာပါအစ္ကိုေရ။ ဖုန္းေတြမွာပါတဲ့ CPU ဆိုတာက ဘာကိုေျပာတာပါသလဲခင္ဗ်ာ။ သူက ဘယ္လို အလုပ္လုပ္တာပါလဲ။
ေျဖ – CPU ဆိုတာက Central Procession Unit ကို အတိုေကာက္ေခၚတာပါ။ ဖုန္းတစ္လံုးရဲ႕ မွတ္ဥာဏ္လို႔ေျပာလည္း ရပါတယ္ခင္ဗ်ာ။

ေမး – ကြၽန္ေတာ့္ဖုန္းက Samsung J7 ပါ။ ကြန္ပ်ဴတာနဲ႔ခ်ိတ္ရင္ ကြန္ပ်ဴတာမွာ Device မေတြ႕ဘူး ျဖစ္ေနပါ တယ္။ အဲ့ဒါက ဘာမွားေနလို႔ပါသလဲခင္ဗ်ာ။
ေျဖ – ဖုန္းနဲ႔ ကြန္ပ်ဴတာခ်ိတ္ဆက္အသံုးျပဳဖို႔အတြက္က Driver လိုပါတယ္ခင္ဗ်ာ။ Samsung ဆို Samsung Driver ေပါ့။ Huawei ဆို Huawei Driver သြင္းေပးမွ ခ်ိတ္ဆက္အသံုးျပဳႏိုင္မွာပါခင္ဗ်ာ။

ေမး – မဂၤလာပါအစ္ကိုေရ။ ဖုန္းတစ္လံုးက Game ေဆာ့ရင္ အဆင္ေျပမေျပကို သိခ်င္ရင္ RAM ကိုၾကည့္ၿပီး ေတာ့ ဆံုးျဖတ္လို႔ရပါသလားခင္ဗ်ာ။ RAM ကေရာ ဘယ္အရာေတြကို ေထာက္ပံ့ေပးပါသလဲ။ ေက်းဇူးျပဳၿပီး ေျဖၾကားေပးပါဦးအစ္ကိုေရ။ ေက်းဇူးတင္ပါခင္ဗ်ာ။
ေျဖ – RAM ကို အလြယ္တကူနားလည္ေအာင္ေျပာရရင္ ဖုန္းတစ္လံုးကို သြက္သြက္လက္လက္အသံုးျပဳႏိုင္ဖို႔ အတြက္က အေရးပါတဲ့အစိတ္အပိုင္းပါ။ RAM နည္းေနရင္ေတာ့ အသံုးျပဳရတာ ေလးေနပါလိမ့္မယ္။ RAM မ်ား ေနရင္ေတာ့ အသံုးျပဳရတာက ျမန္ဆန္ပါလိမ့္တယ္။ မိမိကစားမယ့္ဂိမ္းက နပ္ဝက္ခ်ိန္ဆက္ၿပီး ကစားရတဲ့ဂိမ္း ဆိုရင္ေတာ့ RAM မ်ားဖို႔လိုအပ္သလို Memory မ်ားဖို႔ကလည္းလိုအပ္ပါတယ္ခင္ဗ်ာ။

ေမး – ကြၽန္ေတာ္ဖုန္းေျပာရင္ ဟိုဘက္ကေျပာတာကို သိပ္မၾကားရပါဘူးခင္ဗ်ာ။ နားနဲ႔အရမ္းကပ္နားေထာင္မွ တိုးတိုးေလးၾကားရတာက ဘာလို႔ပါလဲခင္ဗ်ာ။
ေျဖ – Ear Speaker လြတ္ေနတာမ်ိဳးႏွင့္ မေကာင္းတာမ်ိဳးေၾကာင့္ဆိုရင္လည္း ျဖစ္တတ္ပါတယ္ခင္ဗ်ာ။ အသစ္ လဲလွယ္ေပးရပါမယ္။

ေမး – အစ္ကိုေရ ကြၽန္ေတာ့္ဖုန္းရဲ႕ iPhone Password ကို ေမ့သြားလို႔ပါခင္ဗ်ာ။ ဘာေတြလုပ္ေဆာင္ရမလဲ ဆိုတာကိုလည္း ေျပာျပေပးပါဦးခင္ဗ်ာ။
ေျဖ – ဘယ္ဖုန္းကိုမဆို Password ေမ့သြားရင္ေတာ့ Service ဆိုင္မွာ သြားျပတာကပဲ ပိုေကာင္းပါလိမ့္မယ္။ ကိုယ့္ဘာသာကိုယ္လုပ္မယ္ဆိုရင္ မလိုလားအပ္တဲ့ ေနာက္ဆက္တြဲေတြ ျဖစ္ေနပါလိမ့္မယ္။

ေမး – ကြၽန္ေတာ့္ရဲ႕ Honor 20 Lite ဖုန္းေလးျပဳတ္က်ၿပီး ဘာမွမေပၚေတာ့လို႔အစ္ကိုေရ။ ဖုန္းလာတာတို႔ဆိုရင္ ေတာ့ အသံျမည္ပါတယ္။ ကူညီေပးပါဦးခင္ဗ်ာ။
ေျဖ – ျပဳတ္က်တဲ့ဖုန္းေတြက LCD ထိသြားရင္ ပါဝါလာေနေပမယ့္ ဘာမွမေပၚတာမ်ိဳးကို ျဖစ္တတ္ပါတယ္။ ေဆာ့ကပ္လြတ္သြားတာေၾကာင့္လည္း ျဖစ္တတ္ေပမယ့္ ျပဳတ္က်တဲ့ဖုန္းေတြမွာေတာ့ LCD ထိသြားတာက ပိုမ်ားပါတယ္ခင္ဗ်ာ။ အသစ္လဲေပးမွပဲ အဆင္ေျပပါလိမ့္မယ္ခင္ဗ်ာ။

Success Mobile Training Center (ေဒါပံု) ဖုန္း-09-799277012 , 09-966729922 မွ ကူညီပံ့ပိုးပါသည္။

NetGuide Journal (Every Wednesday)