Xiaomi အနေနဲ့ အသစ်ထွက်လာမယ့် Mi CC9 Pro စမတ်ဖုန်းကို လာမယ့် နိုဝင်ဘာ ၅ ရက်နေ့မှာ တရားဝင်မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ ဒီဖုန်းမှာ 108 MP sensor ကို ကင်မရာအတွက် အဓိကထား အသုံးပြုလာမယ်လို့ သိရပါတယ်။ ဒီနေ့မှာ အဲ့ဖုန်းနဲ့ ပတ်သတ်တဲ့ သတင်းထွက်လာပါတယ်။ TENAA မှာထွက်ရှိလာတာဖြစ်ပြီး မော်ဒယ်နံပါတ် M1910F4E ဖြစ်ပါတယ်။ အဲ့ဒီဖုန်းမှာ ဘက်ထရီအတွက် 5,170 mAh စွမ်းအားကို သုံးလာမယ်လို့ သိရပါတယ်။


ပြောရမယ်ဆိုရင် Mi CC9 Pro ဆိုတဲ့ နာမည်ဟာ တရုတ်နိုင်ငံအတွက် သီးသန့်သတ်မှတ်ထားတာပါ။ နိုင်ငံတကာ ဈေးကွက်အတွက်တော့ အခြားနာမည်တခုနဲ့ ထုတ်ပေးပါလိမ့်မယ်။ ဒီနေ့ Facebook page မှာတွေ့လိုက်ရတဲ့ ပုံအရ Xiaomi Mi Note 10 ကို ကင်မရာ ၅ လုံးနဲ့ မိတ်ဆက်လာမယ့်လို့ ပြသထားပါတယ်။ Mi CC9 Pro မှာလည်း ကင်မရာ ၅လုံး သုံးထားမှာပါ။ လက်ရှိပုံစံအရ အဲ့ဒီ ဖုန်း၂ မျိုးဟာ တူညီနိုင်ပါတယ်။

Image result for Mi CC9 Pro

Mi CC9 Pro/Mi Note 10 စမတ်ဖုန်းမှာ RAM ရွေးချယ်မှု အပိုင်းအတွက် ၃ မျိုးရှိပါမယ်။ 6/8/12 GB RAM ဆိုပြီးဖြစ်မှာပါ။ အချက်အလက်သိုလှောင်မှု အပိုင်းမှာလည်း 64/128/256 GB ဆိုပြီးရွေးနိုင်ပါလိမ့်မယ်။ပြီးတော့ အဲ့ဒီဖုန်းရဲ့ကင်မရာတွေဟာ 108 MP ဆင်ဆာသုံးလာမယ့် ဖုန်းတွေဖြစ်လာမှာပါ။ optical zoom အတွက်လည်း ၅ဆချဲ့နိုင်မယ်လို့ သိရပါတယ်။ CPU clock speed အတွက်ကတော့ 2.2 GHz ရှိမယ့်Snapdragon 730G ကိုသုံးလာမှာ ဖြစ်ပါတယ်။ ကင်မရာ ၅လုံးကို ဒေါင်လိုက်အနေအထားနဲ့ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

zawgyi

တရုတ္ႏုိင္ငံျပင္ပေစ်းကြက္မွာ Mi Note 10 အေနနဲ႔ေရာင္းခ်လာမယ့္ Mi CC9 Pro

Xiaomi အေနနဲ႔ အသစ္ထြက္လာမယ့္ Mi CC9 Pro စမတ္ဖုန္းကို လာမယ့္ ႏိုဝင္ဘာ ၅ ရက္ေန႔မွာ တရားဝင္မိတ္ဆက္ေပးေတာ့မွာ ျဖစ္ပါတယ္။ ဒီဖုန္းမွာ 108 MP sensor ကို ကင္မရာအတြက္ အဓိကထား အသုံးျပဳလာမယ္လို႔ သိရပါတယ္။ ဒီေန႔မွာ အဲ့ဖုန္းနဲ႔ ပတ္သတ္တဲ့ သတင္းထြက္လာပါတယ္။ TENAA မွာထြက္ရွိလာတာျဖစ္ၿပီး ေမာ္ဒယ္နံပါတ္ M1910F4E ျဖစ္ပါတယ္။ အဲ့ဒီဖုန္းမွာ ဘက္ထရီအတြက္ 5,170 mAh စြမ္းအားကို သုံးလာမယ္လို႔ သိရပါတယ္။


ေျပာရမယ္ဆိုရင္ Mi CC9 Pro ဆိုတဲ့ နာမည္ဟာ တရုတ္ႏိုင္ငံအတြက္ သီးသန္႔သတ္မွတ္ထားတာပါ။ ႏိုင္ငံတကာ ေစ်းကြက္အတြက္ေတာ့ အျခားနာမည္တခုနဲ႔ ထုတ္ေပးပါလိမ့္မယ္။ ဒီေန႔ Facebook page မွာေတြ႕လိုက္ရတဲ့ ပုံအရ Xiaomi Mi Note 10 ကို ကင္မရာ ၅ လုံးနဲ႔ မိတ္ဆက္လာမယ့္လို႔ ျပသထားပါတယ္။ Mi CC9 Pro မွာလည္း ကင္မရာ ၅လုံး သုံးထားမွာပါ။ လက္ရွိပုံစံအရ အဲ့ဒီ ဖုန္း၂ မ်ိဳးဟာ တူညီႏိုင္ပါတယ္။

Image result for Mi CC9 Pro
Mi CC9 Pro/Mi Note 10 စမတ္ဖုန္းမွာ RAM ေရြးခ်ယ္မႈ အပိုင္းအတြက္ ၃ မ်ိဳးရွိပါမယ္။ 6/8/12 GB RAM ဆိုၿပီးျဖစ္မွာပါ။ အခ်က္အလက္သိုေလွာင္မႈ အပိုင္းမွာလည္း 64/128/256 GB ဆိုၿပီးေရြးႏိုင္ပါလိမ့္မယ္။ၿပီးေတာ့ အဲ့ဒီဖုန္းရဲ႕ကင္မရာေတြဟာ 108 MP ဆင္ဆာသုံးလာမယ့္ ဖုန္းေတြျဖစ္လာမွာပါ။ optical zoom အတြက္လည္း ၅ဆခ်ဲ႕ႏိုင္မယ္လို႔ သိရပါတယ္။ CPU clock speed အတြက္ကေတာ့ 2.2 GHz ရွိမယ့္Snapdragon 730G ကိုသုံးလာမွာ ျဖစ္ပါတယ္။ ကင္မရာ ၅လုံးကို ေဒါင္လိုက္အေနအထားနဲ႔ တပ္ဆင္ထားမွာ ျဖစ္ပါတယ္။