Website
myanmarmillionaire.com/
https://myanmarmillionaire.com ဟာ စီးပွားရေးနဲ့ပတ်သက်တဲ့ Business Education တွေ၊ Personal Development အသိပညာတွေနဲ့ ဝင်ငွေရှာနည်းအမျိုးမျိုး၊ စီးပွားလုပ်နည်းအမျိုးမျိုးကို မြန်မာဘာသာနဲ့ ရေးသားဖော်ပြပေးနေတဲ့ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ စီးပွားရေးနည်းဗျူဟာတွေ၊ Digital Marketing နဲ့ Social Media Marketing Strategy တွေ၊ Internet Business နဲ့ နည်းပညာများ၊ စီးပွားရေးလုပ်ငန်းတွေအတွက် tip တွေ၊ trick တွေနဲ့ အသုံးဝင်တဲ့ Enterprise Tool တွေကို review လုပ်ပေးတာ စသဖြင့် လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။
www.mmphotoshop.net/home/
www.mmphotoshop.net/home ဟာ photoshop ကို လေ့လာနေတဲ့ မြန်မာလူငယ်တွေအတွက် photoshop သင်ခန်းစာတွေ အများကြီးကို ဝင်ရောက်လေ့လာနိုင်မယ့်ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ Photoshop ကို အခြေခံသင်ယူထားပြီးသားသူတွေအတွက် အဓိကရည်ရွယ်တာဖြစ်ပြီး မြန်မာဘာသာနဲ့ ရှင်းရှင်းလင်းလင်း လေ့လာနိုင်တာဖြစ်လို့ အလွန်အဆင်ပြေပါတယ်။ Basic Concept, Applied PS, Special Effect, Text Effect, Animation, Miscellany စတဲ့ သင်ခန်းစာတွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။
www.mm-homedecor.com/
http://www.mm-homedecor.com ဟာ မြန်မာနိုင်ငံမှာ ပထမဆုံးသော အိမ်ဒီဇိုင်းနဲ့ အိမ်အလှဆင်မဂ္ဂဇင်း Myanmar Home & Decor Magazine ရဲ့ တရားဝင်ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ စာဖတ်သူတွေအတွက် အိမ်အလှဆင်ခြင်းနဲ့ပတ်သက်လို့ ဗဟုသုတတွေ အများကြီးပေးစွမ်းနိုင်ပြီး မိမိရဲ့အိမ်ကလေးကို အလှဆင်ဖို့အတွက် ဗဟုသုတလေးတွေ ရှာဖွေနိုင်မှာပါ။ မိမိရဲ့အိမ်ကို ဘယ်လိုအလှဆင်နိုင်မလဲ နောက်ဆုံးပေါ်နည်းပညာနဲ့ ထုတ်ကုန်တွေနဲ့အတူ အခြားဆက်စပ်အကြောင်းအရာများစွာကိုပါ ဖတ်ရှုရမှာပါ။
Facebook
www.facebook.com/CyberBayKin/
Cyberbaykin ဟာ မြန်မာနိုင်ငံမှာ ဆိုင်ဘာအန္တရာယ်နဲ့ ဘေးကင်းရေးအသိအမြင် ပြန့်ပွားရေးအတွက် ရည်ရွယ်လှုပ်ရှားနေတဲ့ မြန်မာဆိုင်ဘာလုံခြုံရေး သိမြင်နိုးကြားမှု အစီအစဉ်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ဖြစ်ပါတယ်။ မြန်ဆန်စွာကြီးထွားလာတဲ့ မိုဘိုင်းစျေးကွက်တစ်ခုဖြစ်ပေမယ့် ဆိုင်ဘာလုံခြံုရေးနဲ့ပတ်သက်လို့ အကျွမ်းဝင်မှုအားနည်းသေးတဲ့ မြန်မာနိုင်ငံက အင်တာနက်အသုံးပြုသူတွေအတွက် ဆိုင်ဘာအသိပညာတွေ တိုးတက်လာအောင် ဒီ page ကို like လုပ်ပြီး ဆိုင်ဘာလုံခြံုရေးနဲ့ပတ်သက်လို့ လေ့လာနိုင်မှာပါ။
www.facebook.com/fashiondatiknow/
ကျွန်တော်သိတဲ့ ဖက်ရှင်ဟာ ဖက်ရှင်နဲ့ပတ်သက်တာတွေကို sharing လုပ်ပေးနေတဲ့ page ဖြစ်ပြီး တစ်ခြား lifestyle တို့၊ Beauty တို့လို အရာတွေမပါဝင်ဘဲ ဖက်ရှင်ကိုပဲ သီးသန့် focus လုပ်ထားတာဖြစ်လို့ ဖက်ရှင်စစ်စစ်တွေကိုပဲ ဖတ်ရှုလေ့လာရမှာ ဖြစ်ပါတယ်။ ဒီ page မှာ အဓိကအားဖြင့် Street fashion, Streetwear တွေနဲ့ ပတ်သက်တာတွေကို မျှဝေပေးနေသလို ဖက်ရှင်ကျကျ ဝတ်စားပြင်ဆင်တတ်ဖို့အတွက် How2Wear Tips လေးတွေကိုလည်း မျှဝေပေးနေပါတယ်။
www.facebook.com/promoinmyanmar/
In Myanmar ဖေ့စ်ဘွတ်စာမျက်နှာဟာ မြန်မာနိုင်ငံအတွင်း ဘယ်နေရာမှာ ဘာတွေ promotion ပေးနေပြီး ဘယ်လောက်ထိ discount တွေ ချနေပြီဆိုတာလိုမျိုး information တွေကို update တင်ဆက်ပေးနေတဲ့ စာမျက်နှာ ဖြစ်ပါတယ်။ အစားအသောက်၊ အလှအပ၊ လည်ပတ်စရာနေရာကနေ သင်တန်းတွေအထိ ဘယ်လိုမျိုး promotion တွေ ပေးနေတယ်ဆိုတာတွေကို သိရှိရအောင် ဒီ page ကို like လုပ်ထားသင့်ပါတယ်။ မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ promotion တွေ၊ discount တွေနဲ့ ပွဲတွေအကြောင်း တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။
NetGuide Journal (Every Wednesday)
——————————————————————————————————–
(Zawgyi Version)
Websites & Facebook စာမျက်နှာများ
Website
www.mm-homedecor.com/
Facebook