Vehicular Combat စတိုင်ဆော့ကစားရတဲ့ဂိမ်းတွေထဲမှာမှ Multipayer သီးသန့်ဖြစ်တဲ့ နာမည်ကျော် MechWarrior စီးရီးရဲ့ နောက်ဆုံးထွက် MechWarrior 5: Mercenaries ဟာ မကြာမီဒီဇင်ဘာအတွင်းမှာ စျေးကွက်အတွင်းကို ဖြန့်ချိပေးတော့မှာဖြစ်ပါတယ်။

ဒီဂိမ်းလေးကို ရေးဆွဲဖန်တီးပေးထားတဲ့ Developer ကတော့ Piranha Games အုပ်စုဖြစ်ပြီး Mercenaries ဟာ 2002 ခုနှစ်ကတည်းက စတင်ခဲ့တဲ့ MechWarrior စီးရီးရဲ့ ပထမဆုံး Single Player ဖန်တီးမှုလည်း ဖြစ်ပါတယ်။

ပလက်ဖောင်းကန့်သတ်ချက်အနေနဲ့ကတော့ Microsoft Windows တစ်ခုတည်းမှာပဲ ကစားခွင့်ရနိုင်မှာပါ။

နောက်ခံကာလကိုတော့ အနာဂတ်လွန်သက္ကရာဇ် 3000 ကျော်ကို ဖန်တီးပေးထားတာ မြင်တွေ့ရမှာဖြစ်ပြီး Inner Sphere က တတိယကြယ်တာရာစစ်ပွဲတွေကို ဆင်နွှဲမယ့် ရာစုသစ်ရော့ကီးပိုင်းလော့တစ်ဦးအနေနဲ့ ဆော့ကစားရမှာ ဖြစ်ပါတယ်။

ရွေးချယ်ထိန်းချုပ်ခွင့်ရမယ့် Mechs ကဏ္ဍပိုင်းမှာ Light, Medium, Heavy, Assault ဆိုပြီး အုပ်စုလိုက်ခွဲခြားထားမှာပါ။

Light ကဏ္ဍမှာ Commando, Firestarter, Flea, Javelin, Jenner, Locust, Panther, Raven, Spider, UrbanMech, Wolfhound၊ Medium ကဏ္ဍမှာတော့ Assassin, Blackjack, Centurion, Cicada, Crab, Dervish, Enforcer, Griffin, Hunchback, Kintaro, Phoenix Hawk, Shadow Hawk, Trebuchet, Vindicator, Vulcan, Wolverine၊ Heavy ကဏ္ဍပိုင်းမှာ Archer, Black Knight, Cataphract, Catapult, Champion, Dragon, Grasshopper, JagerMech, Marauder, Orion, Quickdraw, Rifleman, Roughneck, Thunderbolt, Warhammer ဆိုပြီး ဖန်တီးပေးထားမှာ ဖြစ်ပါတယ်။

Assault Mech တွေအဖြစ် Annihilator, Atlas, Awesome, Banshee, BattleMaster, Charger, Corsair, Cyclops, Hatamoto-Chi, Highlander, King Crab, Marauder II, Mauler, Nightstar, Stalker, Victor, Zeus တို့ပါ၀င်မှာဖြစ်ပြီး Vehicle တွေအဖြစ် လတ်တလောမှာ Manticore, Scorpion, Warrior တို့ကို ထည့်သွင်းပေးထားမှာပါ။

တိုက်ခိုက်ရေးယာဉ်ပျံတွေအဖြစ် Leopard နဲ့ Union တို့ ဖန်တီးပေးထားမှာဖြစ်ပြီး အဓိကဇာတ်ကောင်တွေနေရာမှာတော့ Major Ryana Campbell, Lt. Arthur Willoughby, Sgt. Emiko Hayashi, Pfc. Adil Saio, Cyrus Howell တို့ကို မြင်တွေ့ခွင့်ရမှာ ဖြစ်ပါတယ်။

ဒီဂိမ်းလေးရဲ့ ဂရပ်ဖစ်လှုပ်ရှားမှုတွေအတွက် နာမည်ကျော် Unreal Engine 4 ဂိမ်းအင်ဂျင်ကို အသုံးပြုဖန်တီးပေးထားပြီး ဆော့ကစားမယ်ဆိုရင်တော့ OS : Windows 7, Windows 8.1 or Windows 10 (64-bit versions) , CPU : Intel Core i3-7100, RAM : 4 GB, NVIDIA GeForce GTX 770 2GB, HDD : 80 GB အနည်းဆုံး လိုအပ်မှာပါ။

Release လုပ်မှာကတော့ ဒီဇင်ဘာလဒုတိယပတ်အတွင်းမှာဖြစ်တဲ့အကြောင်း သတင်းကောင်းလေး ပေးလိုက်ရပါတယ်။

စာရေးသူ : GT (Excellent)

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

MechWarrior 5 : Mercenaries (PC)

Vehicular Combat စတိုင်ဆော့ကစားရတဲ့ဂိမ်းတွေထဲမှာမှ Multipayer သီးသန့်ဖြစ်တဲ့ နာမည်ကျော် MechWarrior စီးရီးရဲ့ နောက်ဆုံးထွက် MechWarrior 5: Mercenaries ဟာ မကြာမီဒီဇင်ဘာအတွင်းမှာ ဈေးကွက်အတွင်းကို ဖြန့်ချိပေးတော့မှာဖြစ်ပါတယ်။
စာရေးသူ : GT (Excellent)
