တရုတ်ထိပ်သီး နည်းပညာကုမ္ပဏီ Huawei ဟာ လျှပ်စစ်ကားထုတ်လုပ်ရောင်းချဖို့ လုပ်ဆောင်နေတယ်လို့ သတင်းထွက်ထားတာ ကြာပါပြီ။ ဒါပေမယ့် Huawei ရဲ့ အလှည့်ကျ ဥက္ကဌ Xu Zhijun က ကားထုတ်လုပ်ကာ ကားဈေးကွက်သို့ ဝင်ရောက်ရန် Huawei အစီအစဉ်မရှိကြောင်း ဖွင့်ဟပြောကြားလာပါတယ်။ Huawei ဟာ ကိုယ်တိုင်ကားများ ထုတ်လုပ်ရောင်းချခြင်းထက် ကားထုတ်လုပ်ရေးကုမ္ပဏီများ စမတ်ကားများ ထုတ်လုပ်နိုင်ရေးအတွက် ဆော့ဖ်ဝဲပိုင်းတော့ ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ကားဈေးကွက်မှာ ကားထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီအမြောက်အမြားရှိနေတာကြောင့် ကုမ္ပဏီများဟာ အမြတ်များကို ခွဲဝေရရှိနေတဲ့ သဘောမှာ ရှိနေပါတယ်။ ဒါကြောင့်လည်း Huawei ဟာ ကိုယ်တိုင်ကားထုတ်လုပ်ခြင်းထက် ကားကုမ္ပဏီများအတွက် ဆော့ဖ်ဝဲနည်းပညာများ ထုတ်လုပ်ပေးခြင်းက အကောင်းဆုံးအကျိုးအမြတ်တွေ ရရှိနိုင်မယ်လို့ ယုံကြည်နေပါတယ်။

Huawei ဟာ စမတ်ဖုန်းကို အသုံးပြုပြီး ကားတစ်စီးလုံးနီးပါးကို ထိန်းချုပ်အသုံးပြုနိုင်တဲ့ Huawei Car ကို ဖန်တီးထားပြီး ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

ကိုယ္တိုင္လၽွပ္စစ္ကား တည္ေဆာက္မွာမဟုတ္ေပမယ့္ ကားကုမၸဏီမ်ားကို ေဆာ့ဖ္ဝဲပိုင္း ကူညီသြားမယ့္ Huawei

တ႐ုတ္ထိပ္သီး နည္းပညာကုမၸဏီ Huawei ဟာ လၽွပ္စစ္ကားထုတ္လုပ္ေရာင္းခ်ဖို႔ လုပ္ေဆာင္ေနတယ္လို႔ သတင္းထြက္ထားတာ ၾကာပါၿပီ။ ဒါေပမယ့္ Huawei ရဲ့ အလွည့္က် ဥကၠဌ Xu Zhijun က ကားထုတ္လုပ္ကာ ကားေဈးကြက္သို႔ ဝင္ေရာက္ရန္ Huawei အစီအစဥ္မရွိေၾကာင္း ဖြင့္ဟေျပာၾကားလာပါတယ္။ Huawei ဟာ ကိုယ္တိုင္ကားမ်ား ထုတ္လုပ္ေရာင္းခ်ျခင္းထက္ ကားထုတ္လုပ္ေရးကုမၸဏီမ်ား စမတ္ကားမ်ား ထုတ္လုပ္နိုင္ေရးအတြက္ ေဆာ့ဖ္ဝဲပိုင္းေတာ့ ေထာက္ပံ့သြားမွာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ ကားေဈးကြက္မွာ ကားထုတ္လုပ္ေရာင္းခ်တဲ့ ကုမၸဏီအေျမာက္အျမားရွိေနတာေၾကာင့္ ကုမၸဏီမ်ားဟာ အျမတ္မ်ားကို ခြဲေဝရရွိေနတဲ့ သေဘာမွာ ရွိေနပါတယ္။ ဒါေၾကာင့္လည္း Huawei ဟာ ကိုယ္တိုင္ကားထုတ္လုပ္ျခင္းထက္ ကားကုမၸဏီမ်ားအတြက္ ေဆာ့ဖ္ဝဲနည္းပညာမ်ား ထုတ္လုပ္ေပးျခင္းက အေကာင္းဆုံးအက်ိဳးအျမတ္ေတြ ရရွိနိုင္မယ္လို႔ ယုံၾကည္ေနပါတယ္။

Huawei ဟာ စမတ္ဖုန္းကို အသုံးျပဳၿပီး ကားတစ္စီးလုံးနီးပါးကို ထိန္းခ်ဳပ္အသုံးျပဳနိုင္တဲ့ Huawei Car ကို ဖန္တီးထားၿပီး ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)