ဒီအချိန်မှာတော့ 2019 flagships ဖုန်းတွေ အားလုံးနီးပါးလောက် ထွက်သွားပါပြီ။ ဒါကြောင့် 2020 အတွက် flagships တွေကို စောင့်မျှော်ကြည့်ရမယ့် အချိန်ပါ။ ဒီနေ့မှာတော့ 2020 မှာထွက်လာမယ့် စမတ်ဖုန်းသစ် တမျိုးအတွက် အချက်အလက် ၁ခုထွက်လာပါတယ်။ အဲ့ဒါကတော့ Galaxy S11 စီးရီးဖုန်းသစ်တွေ အတွက်ဖြစ်ပြီး S11 family ဖုန်းတွေမှာ Snapdragon 865 နဲ့ Exynos 9830 တွေကို ဈေးကွက် အနေအထားပေါ် မူတည်ပြီး အသုံးပြုလာကြမယ် ဆိုတာပါ။


Snapdragon 865 ကိုတော့ တရုတ်နဲ့ အမေရိကန် ဈေးကွက်အတွက် သုံးနိုင်ပြီး Exynos 9830 ကိုတော့ နိုင်ငံတကာ စမတ်ဖုန်း ဈေးကွက်အတွက် အသုံးပြုလာနိုင်ပါတယ်။ Samsung အနေနဲ့ One UI 2.0ကိုလည်း အဆင့်မြင့်တင် ထုတ်ပေးသွားမှာ ဖြစ်ပြီး face unlock feature ကပိုကောင်းလာပါလိမ့်မယ်။

Image result for Samsung Galaxy S11
အတည်ပြုလို မရသေးတဲ့ သတင်းတွေအရ selfie camera ကိုတော့ punch hole design သာသုံးလာနိုင်ပြီးနောက်ကျောဘက်အတွက် အဓိက ကင်မရာဟာ 64MP ဖြစ်နိုင်ပါတယ်။နောက်ထပ်သတင်းတွေ အရေတော LPDDR5 memory, UFS 3.0 storage နဲ့အတူ 5G support လုပ်လာမယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဖုန်းမော်ဒယ်တွေကို 4G နဲ့ 5G ဆိုပြီး ခွဲခြားထုတ်ပေးမှာပါ။

zawgyi

Exynos 9830/SD 865 သုံးလာမယ့် Samsung Galaxy S11 စီးရီးသစ်


