ယခုနှစ်အစောပိုင်းတုန်းက U.S Commerce Department ဟာ Huawei ကို Blacklist ထဲမှာ ထည့်သွင်းပြီး အမေရိကန်ကုမ္ပဏီများနဲ့ ကုန်သွယ်မှုပိတ်ပင်ခဲ့ပါတယ်။ Huawei ကို အသုံးပြုသူများရဲ့ အချက်အလက်များကိုရယူပြီး တရုတ်အစိုးရထံသို့ လွဲပြောင်းနေတယ်ဆိုပြီး စွပ်စွဲကာ ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ အမေရိကန်အစိုးရဟာ သူတို့ရဲ့ Huawei အပေါ် စွပ်စွဲမှုနဲ့ပတ်သက်ပြီး သက်သေအထောက်အထား တစ်စုံတစ်ရာပြဿနာနိုင်ခြင်းမရှိပေမယ့်လည်း နိုင်ငံတော်လုံခြုံရေးခြိမ်းခြောက်နေတယ်ဆိုပြီး ခေါင်းစဉ်တပ်ထားတာလည်း ဖြစ်ပါတယ်။

အမေရိကန်ဟာ အစိုးရဌာနများနဲ့ တယ်လီကွန်းကုမ္ပဏီများကို Huawei ထံမှ ဆက်သွယ်ရေးပစ္စည်းများ ဝယ်ယူမှုပိတ်ပင်ထားသလို မဟာမိတ်နိုင်ငံများကိုလည်း မဝယ်ယူဖို့ တိုက်တွန်းခဲ့ပါတယ်။ Huawei ဟာ အမေရိကန်ရဲ့ပိတ်ပင်မှုကြောင့် တယ်လီကွန်းပစ္စည်းရောင်းချရမှုအပိုင်းမှာ ထိခိုက်ခဲ့သလို Google ဝန်ဆောင်မှုများမရရှိမှုကြောင့် စမတ်ဖုန်းရောင်းအားမှာလည်း နစ်နာနေရပါတယ်။

အံ့ဩစရာကောင်းတာကတော့ Huawei ရဲ့ 2019 ခုနှစ် ပထမကိုးလဝင်ငွေက ယမန်နှစ် ပထမကိုးလဝင်ငွေနဲ့ နှိုင်းယှဉ်ရင် 24.4 ရာခိုင်နူန်းအထိ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း Huawei CEO Ren Zhenfei က အမေရိကန်ရဲ့ပိတ်ပင်မှုက ကုမ္ပဏီအတွက် အပေါင်းလက္ခဏပြလာစေကြောင်း ဆိုသွားပါတယ်။

ပြောရမယ်ဆိုရင် Huawei မှ ဝန်ထမ်းများဟာ ကုမ္ပဏီအဆုံးသတ်သွားမှာကိုစိုးရိမ်ကာ ယခင်က များစွာအလုပ်ကြိုးစားလုပ်မှုကြောင့် ခက်ခဲတဲ့ကာလမှာတောင် ဝင်ငွေမြင့်မားလာခဲ့တာလည်း ဖြစ်ပါတယ်။

အထူးသဖြင့် Huawei ဟာ အမေရိကန်ရဲ့ပိတ်ပင်မှုခံရပြီးနောက် မိခင်နိုင်ငံတရုတ်မှာ စမတ်ဖုန်းရောင်းအား အထူးကောင်းမွန်လာတာ တွေ့ရပါတယ်။ တရုတ်ပြည်သူများဟာ Huawei ကို အမျိုးသားစိတ်ဓာတ်ဖြင့် ဝယ်ယူအားပေးလာခဲ့ကြတာလည်း ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

အေမရိကန္ရဲ႕ပိတ္ပင္မႈက ကုမၸဏီအတြက္ မ်ားစြာအက်ိဳးရွိလာေစေၾကာင္း Huawei CEO ေျပာၾကားလာ

ယခုႏွစ္အေစာပိုင္းတုန္းက U.S Commerce Department ဟာ Huawei ကို Blacklist ထဲမွာ ထည့္သြင္းၿပီး အေမရိကန္ကုမၸဏီမ်ားနဲ႔ ကုန္သြယ္မႈပိတ္ပင္ခဲ့ပါတယ္။ Huawei ကို အသုံးျပဳသူမ်ားရဲ႕ အခ်က္အလက္မ်ားကိုရယူၿပီး တ႐ုတ္အစိုးရထံသို႔ လြဲေျပာင္းေနတယ္ဆိုၿပီး စြပ္စြဲကာ ပိတ္ပင္ခဲ့တာ ျဖစ္ပါတယ္။ တကယ္ေတာ့ အေမရိကန္အစိုးရဟာ သူတို႔ရဲ့ Huawei အေပၚ စြပ္စြဲမႈနဲ႔ပတ္သက္ၿပီး သက္ေသအေထာက္အထား တစ္စုံတစ္ရာျပႆနာနိုင္ျခင္းမရွိေပမယ့္လည္း နိုင္ငံေတာ္လုံျခဳံေရးၿခိမ္းေျခာက္ေနတယ္ဆိုၿပီး ေခါင္းစဥ္တပ္ထားတာလည္း ျဖစ္ပါတယ္။

အေမရိကန္ဟာ အစိုးရဌာနမ်ားနဲ႔ တယ္လီကြန္းကုမၸဏီမ်ားကို Huawei ထံမွ ဆက္သြယ္ေရးပစၥည္းမ်ား ဝယ္ယူမႈပိတ္ပင္ထားသလို မဟာမိတ္နိုင္ငံမ်ားကိုလည္း မဝယ္ယူဖို႔ တိုက္တြန္းခဲ့ပါတယ္။ Huawei ဟာ အေမရိကန္ရဲ႕ပိတ္ပင္မႈေၾကာင့္ တယ္လီကြန္းပစၥည္းေရာင္းခ်ရမႈအပိုင္းမွာ ထိခိုက္ခဲ့သလို Google ဝန္ေဆာင္မႈမ်ားမရရွိမႈေၾကာင့္ စမတ္ဖုန္းေရာင္းအားမွာလည္း နစ္နာေနရပါတယ္။

အံ့ဩစရာေကာင္းတာကေတာ့ Huawei ရဲ႕ 2019 ခုႏွစ္ ပထမကိုးလဝင္ေငြက ယမန္ႏွစ္ ပထမကိုးလဝင္ေငြနဲ႔ ႏိႈင္းယွဥ္ရင္ 24.4 ရာခိုင္ႏူန္းအထိ ျမင့္တက္လာခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း Huawei CEO Ren Zhenfei က အေမရိကန္ရဲ႕ပိတ္ပင္မႈက ကုမၸဏီအတြက္ အေပါင္းလကၡဏျပလာေစေၾကာင္း ဆိုသြားပါတယ္။

ေျပာရမယ္ဆိုရင္ Huawei မွ ဝန္ထမ္းမ်ားဟာ ကုမၸဏီအဆုံးသတ္သြားမွာကိုစိုးရိမ္ကာ ယခင္က မ်ားစြာအလုပ္ႀကိဳးစားလုပ္မႈေၾကာင့္ ခက္ခဲတဲ့ကာလမွာေတာင္ ဝင္ေငြျမင့္မားလာခဲ့တာလည္း ျဖစ္ပါတယ္။

အထူးသျဖင့္ Huawei ဟာ အေမရိကန္ရဲ႕ပိတ္ပင္မႈခံရၿပီးေနာက္ မိခင္နိုင္ငံတ႐ုတ္မွာ စမတ္ဖုန္းေရာင္းအား အထူးေကာင္းမြန္လာတာ ေတြ႕ရပါတယ္။ တ႐ုတ္ျပည္သူမ်ားဟာ Huawei ကို အမ်ိဳးသားစိတ္ဓာတ္ျဖင့္ ဝယ္ယူအားေပးလာခဲ့ၾကတာလည္း ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)