Honor ဟာ Honor 20 စီးရီးရဲ့ မိသားစုဝင်သစ်ကို ကြေညာလာပါတယ်။ Honor 20 Lite (Youth Edition) ဖြစ်ပါတယ်။ Honor 20 Lite (Youth Edition) ကို ဈေးနှုန်းဒေါ်လာ 198 သတ်မှတ်ထားပါတယ်။ Honor 20 Lite (Youth Edition) မှာ 20:9 Aspect Ratio ၊ Kirin 710F ၊ 48MP ပါဝင်တဲ့ ကျောဘက်ကင်မရာသုံးလုံးနဲ့ Fast Charging တို့ ပါဝင်ပါတယ်။ Honor 20 Lite (Youth Edition) က ယမန်နှစ် Honor 10 Lite ရဲ့ ခြေရာကိုဆက်ခံတဲ့ စမတ်ဖုန်းဆိုရင်လည်း မမှားပါဘူး။

Honor 20 Lite (Youth Edition) ရဲ့ ကျောဘက်မှာ မှန်သုံးထားပြီး သတ္တုဖရိန် သုံးထားပါတယ်။ ဖုန်းရဲ့အတိုင်းအတာက 157.2 x 73.2 x 7.65 mm ရှိပြီး အလေးချိန် 172.5g ရှိပါတယ်။ ဒီစမတ်ဖုန်းမှာ မျက်နှာပြင် 6.3 လက်မ OLED Full HD+ ရုပ်ထွက် သုံးထားပါတယ်။ 1080 x 2340 px Resolution ရှိပါတယ်။ မျက်လုံးထိခိုက်မှုမရှိကြောင်း TUV Rheinland က ထောက်ခံချက်ပေးထားပါတယ်။ In-Display Fingerprint Scanner ပါဝင်ပါတယ်။ DCI-P3 Wide Color Gamut ထောက်ပံ့ထားသလို Always-on Display ပါဝင်ပါတယ်။

Honor 20 Lite (Youth Edition) ကို Kirin 710F နဲ့ ပါဝါထောက်ပံ့ထားပါတယ်။ RAM8GB ဗားရှင်းအထိ ရွေးချယ်နိုင်ကာ Storage 128GB အထိ ပါဝင်ပါမယ်။ microSD ကနေ Memory ထပ်တိုးလို့ ရပါသေးတယ်။

Honor 20 Lite (Youth Edition) ရဲ့ Notch မှာ ရှေ့ကင်မရာ 16MP ပါဝင်ပါတယ်။ ကျောဘက်ကင်မရာသုံးလုံးကို ကျောဘက်ဘယ်ထောင့်မှာ ဒေါင်လိုက်ထည့်သွင်းထားပါတယ်။ အဓိကက 48MP f/1.8 ဖြစ်ပြီး ကျန်ကင်မရာများက မြင်ကွင်းကျယ်ရိုက်ကူးနိုင်တဲ့ 8MP နဲ့ 2MP Depth Sensor တို့ ဖြစ်ပါတယ်။

Android 9 Pie OS အခြေခံ EMUI 9.1.1 သုံးထားပါတယ်။ Ark Compiler ၊ EROFS File System ၊ GPU Turbo 3.0 တို့ ပါဝင်ပါတယ်။ ဘက်ထရီ 4000 mAh ပါဝင်ကာ 22.5W Fast Charging ဖြင့် အားသွင်းနိုင်ပါမယ်။ ကွန်ယက်ပိုင်းအနေဖြင့် Dual SIM 4G LTE ၊ Wi-Fi 802.11 b/g/n ၊ Bluetooth 4.2 ၊ GPS ၊ USB Type C နဲ့ နားကြပ်ပေါက်တို့ ပါဝင်ပါတယ်။ ရှေ့ကင်မရာကိုလည်း Face Unlock အဖြစ် အသုံးပြုနိုင်ပါသေးတယ်။

Honor 20 Lite ကို ဗားရှင်းလေးမျိုးနဲ့ ရွေးချယ်နိုင်ပါတယ်။

4GB RAM + 64GB Storage – ဒေါ်လာ 198

6GB RAM + 64GB Storage – ဒေါ်လာ 212

6GB RAM + 128GB Storage – ဒေါ်လာ 240

8GB RAM + 128GB Storage – ဒေါ်လာ 268
အရောင်များအနေဖြင့် Magic Night Black ၊ Blue Water Jade ၊ Icelandic Fantasy တို့ဖြင့် ရွေးချယ်နိုင်ပါမယ်။

Honor 20 Lite (Youth Edition) ကို တရုတ်မှာ ကြိုတင်အမှာလက်ခံနေပြီဖြစ်ပြီး လာမယ့် အောက်တိုဘာလ 25 ရက်နေ့မှာ စတင်ရောင်းချပါမယ်။ RAM4GB ဗားရှင်းကိုတော့ လာမယ့်နိုဝင်ဘာလ 11 ရက်နေ့မှာမှ စတင်ရောင်းချသွားပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

မ်က္ႏွာျပင္ 6.3 လက္မ ၊ Kirin 710F ၊ 48MP ကင္မရာပါ ေက်ာဘက္ကင္မရာသုံးလုံးပါဝင္ၿပီး ေဒၚလာ 198 သတ္မွတ္ထားတဲ့ Honor 20 Lite (Youth Edition)

Honor ဟာ Honor 20 စီးရီးရဲ႕ မိသားစုဝင္သစ္ကို ေၾကညာလာပါတယ္။ Honor 20 Lite (Youth Edition) ျဖစ္ပါတယ္။ Honor 20 Lite (Youth Edition) ကို ေဈးႏႈန္းေဒၚလာ 198 သတ္မွတ္ထားပါတယ္။ Honor 20 Lite (Youth Edition) မွာ 20:9 Aspect Ratio ၊ Kirin 710F ၊ 48MP ပါဝင္တဲ့ ေက်ာဘက္ကင္မရာသုံးလုံးနဲ႔ Fast Charging တို႔ ပါဝင္ပါတယ္။ Honor 20 Lite (Youth Edition) က ယမန္ႏွစ္ Honor 10 Lite ရဲ႕ ေျခရာကိုဆက္ခံတဲ့ စမတ္ဖုန္းဆိုရင္လည္း မမွားပါဘူး။

Honor 20 Lite (Youth Edition) ရဲ႕ ေက်ာဘက္မွာ မွန္သုံးထားၿပီး သတၱဳဖရိန္ သုံးထားပါတယ္။ ဖုန္းရဲ႕အတိုင္းအတာက 157.2 x 73.2 x 7.65 mm ရွိၿပီး အေလးခ်ိန္ 172.5g ရွိပါတယ္။ ဒီစမတ္ဖုန္းမွာ မ်က္ႏွာျပင္ 6.3 လက္မ OLED Full HD+ ႐ုပ္ထြက္ သုံးထားပါတယ္။ 1080 x 2340 px Resolution ရွိပါတယ္။ မ်က္လုံးထိခိုက္မႈမရွိေၾကာင္း TUV Rheinland က ေထာက္ခံခ်က္ေပးထားပါတယ္။ In-Display Fingerprint Scanner ပါဝင္ပါတယ္။ DCI-P3 Wide Color Gamut ေထာက္ပံ့ထားသလို Always-on Display ပါဝင္ပါတယ္။

Honor 20 Lite (Youth Edition) ကို Kirin 710F နဲ႔ ပါဝါေထာက္ပံ့ထားပါတယ္။ RAM8GB ဗားရွင္းအထိ ေရြးခ်ယ္နိုင္ကာ Storage 128GB အထိ ပါဝင္ပါမယ္။ microSD ကေန Memory ထပ္တိုးလို႔ ရပါေသးတယ္။

Honor 20 Lite (Youth Edition) ရဲ႕ Notch မွာ ေရွ႕ကင္မရာ 16MP ပါဝင္ပါတယ္။ ေက်ာဘက္ကင္မရာသုံးလုံးကို ေက်ာဘက္ဘယ္ေထာင့္မွာ ေဒါင္လိုက္ထည့္သြင္းထားပါတယ္။ အဓိကက 48MP f/1.8 ျဖစ္ၿပီး က်န္ကင္မရာမ်ားက ျမင္ကြင္းက်ယ္ရိုက္ကူးႏိုင္တဲ့ 8MP နဲ႔ 2MP Depth Sensor တို႔ ျဖစ္ပါတယ္။

Android 9 Pie OS အေျခခံ EMUI 9.1.1 သုံးထားပါတယ္။ Ark Compiler ၊ EROFS File System ၊ GPU Turbo 3.0 တို႔ ပါဝင္ပါတယ္။ ဘက္ထရီ 4000 mAh ပါဝင္ကာ 22.5W Fast Charging ျဖင့္ အားသြင္းနိုင္ပါမယ္။ ကြန္ယက္ပိုင္းအေနျဖင့္ Dual SIM 4G LTE ၊ Wi-Fi 802.11 b/g/n ၊ Bluetooth 4.2 ၊ GPS ၊ USB Type C နဲ႔ နားၾကပ္ေပါက္တို႔ ပါဝင္ပါတယ္။ ေရွ႕ကင္မရာကိုလည္း Face Unlock အျဖစ္ အသုံးျပဳနိုင္ပါေသးတယ္။

Honor 20 Lite ကို ဗားရွင္းေလးမ်ိဳးနဲ႔ ေရြးခ်ယ္နိုင္ပါတယ္။

4GB RAM + 64GB Storage – ေဒၚလာ 198

6GB RAM + 64GB Storage – ေဒၚလာ 212

6GB RAM + 128GB Storage – ေဒၚလာ 240

8GB RAM + 128GB Storage – ေဒၚလာ 268
အေရာင္မ်ားအေနျဖင့္ Magic Night Black ၊ Blue Water Jade ၊ Icelandic Fantasy တို႔ျဖင့္ ေရြးခ်ယ္နိုင္ပါမယ္။

Honor 20 Lite (Youth Edition) ကို တ႐ုတ္မွာ ႀကိဳတင္အမွာလက္ခံေနၿပီျဖစ္ၿပီး လာမယ့္ ေအာက္တိုဘာလ 25 ရက္ေန႔မွာ စတင္ေရာင္းခ်ပါမယ္။ RAM4GB ဗားရွင္းကိုေတာ့ လာမယ့္နိုဝင္ဘာလ 11 ရက္ေန႔မွာမွ စတင္ေရာင္းခ်သြားပါမယ္။

NetGuide Journal (Every Wednesday)