Sony Xperia 1 ကို ဇွန်လတုန်းက ကြေညာခဲ့ပါတယ်။ ဒါပေမယ့် Sony ဟာ Xperia 1 ကို Xperia 1 Professional Edition လို့ အမည်ပေးထားတဲ့ ဗားရှင်းတစ်ခုကို ကြေညာလာပါတယ်။ Sony Xperia 1 Procfessional Edition မှာရုပ်ထွက်၊ ကင်မရာတို့အပြင် Type C ပေါက်ကနေ LAN Connection လုပ်လာနိုင်တာက ထူးခြားလာမှု ဖြစ်ပါတယ်။

Sony Xperia 1 Procfessional Edition မှာ 4K OLED Panel ၊ 21:9 Aspect Ratio သုံးထားသေးတယ်ဆိုပေမယ့် 10-Bit Signal ထောက်ပံ့ထားသလို Sony ရဲ့ Master Series ကို Monitor အဖြစ် အသုံးပြုမှု ထောက်ပံ့လာပါ တယ်။ D65 Color Profile ထောက်ပံ့ထားပါတယ်။

နောက်ထပ်ထူးခြားတာကတော့ ကင်မရာမှာ Imaging Edge Mobile App ထောက်ပံ့လာပြီး ဓာတ်ပုံနဲ့ ဗီဒီယိုများကို Sony ကင်မရာများကနေ စမတ်ဖုန်းအတွင်းသို့ အလွယ်တကူ ပေးပို့နိုင်ပါမယ်။ ဒါ့အပြင် Transfer & Tagging လည်း ပါဝင်ပါတယ်။

နောက်ထပ် စနစ်သစ်တစ်ခုကတော့ Ethernet Connection ထောက်ပံ့လာတာပါ။ ဗူးအတွင်းမှာတော့ Adaptor ထည့်သွင်းပေးထားခြင်း မရှိပါဘူး။ Home Screen အတွက် Landscape လည်း ထောက်ပံ့လာပါမယ်။ ဒီစနစ်ကို ပုံမှန် Sony Xperia 1 လည်း အနာဂတ် Update မှာ ရရှိလာဖို့ ရှိပါတယ်။

ကျန်တဲ့စနစ်တွေမှာတော့ Sony Xperia 1 Professional Edition က Sony Xperia 1 နဲ့အတူ တူ ဖြစ်ပါတယ်။ မျက်နှာပြင် 6.5 လက်မ၊ Snapdragon 855 ၊ RAM6GB နဲ့ Storage 128GB ပါဝင်ပါတယ်။  ရှေ့ကင်မရာ 8MP နဲ့ ကျောဘက်ကင်မရာ 12MP+12MP+12MP ပါဝင်ပါတယ်။ လက်ဗွေရာစနစ်ကို ဘောင်မှာထည့်သွင်းထားပါတယ်။ ဘက်ထရီ 3330 mAh ပါဝင်ကာ 18W Fast Charging ထောက်ပံ့ထားပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

ဂျပန်တွင် Sony Xperia 1 Professional Edition ကို ကြေညာလာ





