Related image

Huawei Mate X ကို ဖေဖော်ဝါရီလမှာ ကြေညာခဲ့ပြီး ရောင်းချမယ့် အချိန်ကို ကုမ္ပဏီဘက်က နှောင့်နှေးခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက သူ့ကို ရောင်းမယ့် အချိန်နဲ့ ပတ်သက်ပြီး သတင်းများစွာထွက်ခဲ့ပါတယ်။ အခုထွက်လာတဲ့ သတင်းအရ ဒီနေ့မှာ ကျင်းပမယ့် Huawei 5G Conference မှာ ရောင်းချနိုင်ပါတယ်။

Image result for Huawei Mate X

မိတ်ဆက်မှုပြုလုပ်ပြီး နောက်ပိုင်း ဈေးကွက်အတွင်း ရောင်းချမှုအတွက် အဓိကနှောင့်နှေးမှု ၂ ခုရှိခဲ့ပါတယ်။ ပထမတခုကတော့ folding screen ကိုပိုကောင်းပြီးအကြမ်းခံတဲ့ ပုံစံမျိုးရအောင် ပြင်ဆင်နေတာကြောင့် ဖြစ်ပါတယ်။ ဒုတိယနှောင့်နှေးမှုကတော့ ကုမ္ပဏီအနေနဲ့ သုံးစွဲသူတွေ folding screen ကိုသုံးတဲ့အချိန်မှာ အဆင်ပြေစေတဲ့ user interface ဖြစ်ဖို့ ပြုလုပ်နေတာ ကြောင့်လို့ သိရပါတယ်။ foldable Mate X ကိုစတင်မိတ်ဆက်တဲ့ အချိန်တုန်းက ဈေးနှုန်းက ဒေါ်လာ 2,250 ပတ်လည်နဲ့ဖြစ်ပြီး Kirin 980 chipset ကိုသုံးထားပါတယ်။

zawgyi

Huawei 5G Event မှာကြေညာလာနိုင်တဲ့ Huawei Mate X

Related image


