Xiaomi ကုမ္ပဏီကနေ ၎င်းရဲ့ Flagship ဖုန်းတစ်လုံးဖြစ်တဲ့ Xiaomi Mi 9 ကို ထုတ်လုပ်ခဲ့ပြီး ၎င်းဖုန်းကို အနည်း ငယ်အဆင့်နှိမ့်ထားတဲ့ Xiaomi Mi 9 Lite ကိုထပ်မံထုတ်လုပ်ရောင်းချခဲ့ပါတယ်။ သူ့အရင်ထွက်ခဲ့တဲ့ MI 9 SE ထက် ပိုမိုကြီးမားကျယ်ပြန့်ပြီး ထည့်သွင်းပေးထားတဲ့ Specs တွေနဲ့ features တွေကလည်း ပိုမိုကောင်းမွန် တာကိုတွေ့ရပါတယ်။ မျက်နှာပြင်ကြီးမားကျယ်ပြန့်ခြင်း၊ ကင်မရာစွမ်းအား ကောင်းမွန်ခြင်းတွေအပြင်ဘက် ထရီစွမ်းအားကလည်း မြင့်မားတာကြောင့် ပေးရတဲ့စျေးနှုန်းနဲ့ ထိုက်တန်မှုရှိပါတယ်။ ဖုန်းလိုင်းဆွဲအားကောင်း မွန်ပြီး အင်တာနက်အသုံးပြုရတာလည်း မြန်ဆန်မှုရှိတဲ့အပြင် စပီကာစွမ်းအားကောင်းမွန်လို့ သီချင်းတွေကို ကောင်းမွန်စွာ နားထောင်နိုင်ပါတယ်။ ၎င်းဖုန်းကို GSM, CDMA, HSPA နဲ့ LTE networks တွေမှာအသုံးပြု နိုင်ပြီး Nano Dual SIM စနစ်ကိုထောက်ပံ့ပေးထားလို့ Nano SIM card ကတ်ကို တစ်ပြိုင်နက်တည်း ထည့်သုံး နိုင်ပါတယ်။
Design & Build
ဒီဇိုင်းပုံစံက နောက်ဆုံးပေါ် ခေတ်မီဒီဇိုင်းဖြစ်ပြီး Drewdrop Display ဖြစ်လို့ ဖုန်းရဲ့ထောက်ပံ့ပေးထားတဲ့ အရွယ်အစားအတိုင်း ကြီးမားကျယ်ပြန်တဲ့ မြင်ကွင်းတွေကိုရရှိနိုင်မှာပါ။ ဒါကြောင့် စာဖတ်တာတွေ၊ ဂိမ်းကစား တာတွေနဲ့ ရုပ်ရှင်ကြည့်တာတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်ပါတယ်။ ကိုယ်ထည်တစ်ခုက သစ်လွင် ပြောင် လက်တောက်ပနေပြီး မျက်စိထဲမှာလည်း ဆွဲဆောင်မှုရှိပါတယ်။ အရှေ့မျက်နှာပြင်တစ်ခုလုံးက ရှင်းလင်းနေပြီး နောက်ကျောဘက် ညာဘက်ထောင့်မှာ အနောက်ကင်မရာ 3 လုံးနဲ့ LED Flash မီးလုံးတို့ကို ဒေါင်လိုက် တပ်ဆင်ပေးထားပါတယ်။ ဖုန်းလုံခြုံရေးပိုင်းအတွက် Fingerprint Sensor အနေနဲ့လည်း နောက်ဆုံးပေါ် အဆင့်မြင့် Under Display Fingerprint ကိုထည့်သွင်းပေးထားတာကြောင့် စမတ်ကျကျအသုံးပြုနိုင်ပါတယ်။ ကိုယ်ထည်တစ်ခုလုံးကလည်း တောင့်တောင့်တင်းတင်းနဲ့ အကြမ်းခံတဲ့ပုံစံရှိပြီး လက်ထဲမှာကိုင်တွယ်သုံးစွဲလို့ ကောင်းတဲ့ အနေတော်အရွယ်အစားလေးပါပဲ။ ဖုန်းအရွယ်အစားက 156.8 x 74.5 x 8.7 mm ရှိပြီး အလေး ချိန်က 179g လေးပါတယ်။ ၎င်းကို လှပခံ့ညားတဲ့ အမဲရောင်၊ အပြာရောင်နဲ့ အဖြူရောင်ဆိုပြီး လှပတဲ့ အရောင် 3 မျိုးကို ထုတ်လုပ်ပေးထားတာကြောင့် စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်ပါတယ်။
Display
6.39-inch အကျယ်ရှိတဲ့ မျက်နှာပြင်ကို Super AMOLED capacitive touchscreen, 16M colors Display နဲ့ ပြုလုပ်ထားပြီး 19.5:9 ratio မှာ 1080 x 2340 pixels ရှိတဲ့မြင်ကွင်းတွေကို ပြသပေးနိုင်လို့ကြည်လင် ပြတ်သားတဲ့ ပုံရိပ်တွေကိုကြည့်ရှုခံစားနိုင်မှာပါ။ 1 လက်မအတိုင်းအတာမှာ ~403ppi density  ရှိတဲ့ မြင်ကွင်း စွမ်းအားတွေကိုပြသပေးနိုင်ပြီး မျက်နှာပြင်ပေါ်မှာ Corning Gorilla Glass 5 နဲ့ ဖုံးအုပ်ကာကွယ်ပေးထားလို့ အကြမ်းလည်းခံပါတယ်။
Operating System and Camera
အထဲမှာ Android 9.0 (Pie) ကို အခြေခံထားတဲ့ MIUI 10 User interface ကို run ထားလို့ အဆင်ပြေပြေ အသုံးပြုနိုင်ပါတယ်။ အနောက်ကင်မရာက 48MP, f/1.8, (wide), 1/2″, 0.8µm, PDAF + 8 MP, (ultrawide) + 2 MP, depth sensor စွမ်းအားရှိပြီး LED flash, HDR, panorama ဆိုတဲ့ features တွေကို ထည့်သွင်းပေးထားပါတယ်။ အရှေ့ကင်မရာကတော့ 32 MP, f/2.0, 0.8µm aperture စွမ်းအားတွေကို ပေးစွမ်းနိုင်ပါတယ်။
Performance
ဖုန်းရဲ့စက်စွမ်းဆောင်ရည်ပိုင်းအတွက်ကတော့ Qualcomm SDM710 Snapdragon 710 (10 nm) Chipset နဲ့ Octa-core (2×2.2 GHz Kryo 360 Gold & 6×1.7 GHz Kryo 360 Silver) Processor တွေကို ထောက်ပံ့ ပေးထားတဲ့အပြင် ရုပ်ထွက်ပိုင်းကို သဘာဝကျကျနဲ့အရောင်အသွေးစိုပြေကောင်းမွန်အောင် Adreno 616 GPU က လုပ်ဆောင်ပေးနိုင်ပါတယ်။
Battery
၎င်းရဲ့ဘက်ထရီစွမ်းအားပိုင်းအနေနဲ့ကတော့ ကောင်းမွန်တဲ့ Non-removable Li-Po 4030 mAh battery ကိုသုံးထားတာကြောင့် သာမန် ဖုန်းသုံးစွဲသူတွေအတွက်တော့ တစ်နေ့လုံး အေးအေးဆေးဆေးအသုံးပြုနိုင်ပြီး Fast battery charging 18W စနစ်ပါဝင်လို့ ဖုန်းအားသွင်းရတာလည်း မြန်ဆန်မှုရှိပါတယ်။
Specification
Display : 6.39 inches, Super AMOLED capacitive touchscreen
Memory : 128GB, 6GB RAM, micro SD, up to 256GB
Camera : Triple : 48 MP + 8 MP + 2 MP / 32 MP (Front)
OS : Android 9.0 (Pie)
Battery : Non-removable Li-Po 4030 mAh battery
Phone : 09-785222888 (Win Mobile World)
Price : 449,000/-
NetGuide Journal (Every Wednesday)
—————————————————————————————
  • (Zawgyi Version)
Xiaomi Mi 9 Lite
Design & Build
Display
Performance
Battery
Specification
OS : Android 9.0 (Pie)
Price : 449,000/-