ကိုယ်အလေးချိန် လျှော့ချမယ့်သူတွေအတွက် အထူးဖန်တီးထားတဲ့ app ဖြစ်ပြီး 8 ပတ်အတွင်း သွယ်လျတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရဖို့အတွက် အသုံးပြုနိုင်ပါတယ်။ အပြေးသမားတွေအတွက်လည်း အမြန်နှုန်းနဲ့ ခံနိုင်ရည်ပိုကောင်းလာအောင် လေ့ကျင့်ပေးဖို့အတွက် အထောက်အကူဖြစ်စေမယ့် app လို့ပြောနိုင်ပြီး personal trainer ရွေးကာ ပေးထားတဲ့ plan တွေကို လိုက်ပါဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချရာမှာ ထိရောက်မှုရှိဖို့အတွက် အဓိကအချက်က ကာယလေ့ကျင့်ခန်းလုပ်တာနဲ့ အစာအဟာရစားသောက်တာကို မှန်ကန်စွာ ပေါင်းစပ်လုပ်ဆောင်ဖို့ အဓိကကျပါတယ်။ အစီအစဉ်တွေ အများကြီးထဲက မိမိနဲ့ အဆင်ပြေရာကို ရွေးချယ်ပြီး အမြဲတမ်း ကျန်းမာတက်ကြွတဲ့ သူတစ်ယောက်ဖြစ်နေအောင် ကြိုးစားလေ့ကျင့်နိုင်ပါတယ်။ ဘယ်နှစ်ပတ်အတွင်း ပေါင်ဘယ်လောက်ကျအောင် လုပ်မယ်ဆိုတာမျိုး ရည်မှန်းချက်ထားလေ့ကျင့်နိုင်မယ့် training program တွေ ပါပါတယ်။ အသုံးပြုဖို့အတွက် iOS 10.0 နဲ့အထက် လိုအပ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Weight Loss Running by Verv

