Vivo ရဲ့ ဂိမ်းစမတ်ဖုန်းအမှတ်တံဆိပ် iQOO ဟာ လွန်ခဲ့တဲ့လအနည်းငယ်ခန့်တုန်းက Snapdragon 845 SoC အသုံးပြုထားတဲ့ iQOO Neo ကို ကြေညာရောင်းချခဲ့ပါတယ်။ ၎င်းတို့ဟာလာမယ့် အောက်တိုဘာလ 24 ရက်နေ့မှာ iQOO Neo ကို အဆင့်မြင့်ထားတဲ့ iQOO Neo 855 ကို ကြေညာလာဦးမှာဖြစ်ပါတယ်။ iQOO Neo 855 မှာ အမည်မှာအသုံးပြုထားသလိုဘဲ Snapdragon 855 SoC အသုံးပြုလာမှာဖြစ်ပါတယ်။

ယခုအခါ iQOO Neo 855 ဟာ TENNA ရဲ့ ထောက်ခံချက် ရရှိလာပြီဖြစ်ပြီး ယင်းမှာဒီဖုန်းမှာသုံးလာမယ့် စနစ်အချို့ကိုဖော်ပြထားတာတွေ့ရပါတယ်။ iQOO Neo 855 က iQOO Neo လိုဘဲမျက်နှာပြင် 6.38 လက်မသုံး ထားကာကျောဘက်ကင်မရာသုံးလုံးပါဝင်ပါတယ်။

RAM8GB/256GB ဗားရှင်းအထိရွေးချယ်နိုင်မှာဖြစ်လို့ iQOO Neo ထက်ပိုမြင့်လာပါတယ်။ ဘက်ထရီ 4420 mAh ပါဝင်ပါတယ်။

iQOO Neo မှာတုန်းက 22.5W Fast Charging ဘဲထောက်ပံ့ထားပေမယ့် iQOO Neo 855 မှာ 44W Fast Charging အထိထောက်ပံ့ထားပါတယ်။

iQOO Neo 855 ကို Black Carbon ၊ Purple အရောင်တို့နဲ့ ရွေးချယ်နိုင်ပါမယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Vivo iQOO Neo 855 မှာ သုံးလာမယ့်စနစ်အချို့ကို သိရပြီ





