Stretching Exercises ဟာ တောင့်တင်းနေတဲ့ ကြွက်သားတွေ ပြေလျော့ဖို့၊ နာကျင်တာတွေ သက်သာစေဖို့နဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုသွက်လက်နေစေဖို့အတွက် အကြောလျှော့လေ့ကျင့်ခန်းတွေပါတဲ့ app ဖြစ်ပါတယ်။ ပုံမှန်အကြောလျှော့ပေးတာက ကြွက်သားတွေ တောင့်တင်းတာပြေလျော့ပြီး နာကျင်မှုတွေသက်သာစေတဲ့အပြင် အကြောအချင်တွေ ပျော့ပျောင်းကာ ကွေးရဆန့်ရလွယ်ကူစေပြီး စိတ်ဖိစီးမှုတွေလည်း လျော့ကျစေတာကြောင့် တစ်ပတ်မှာ အနည်းဆုံး 2 ကြိမ် 3 ကြိမ်ခန့် လုပ်ပေးသင့်ပါတယ်။ ဒီ app မှာ ကြွက်သားအဖွဲ့အစည်းအားလုံးအတွက် သင့်တော်တဲ့ အကြောလျှော့လေ့ကျင့်ခန်းတွေပါပြီး အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ်အားလုံး လေ့ကျင့်နိုင်ပါတယ်။ အသေးစိတ်ရုပ်ပုံတွေနဲ့အတူ နည်းပြရဲ့ နောက်ခံအသံနဲ့ ပြောပြထားတဲ့ လေ့ကျင့်ခန်းတွေပါသလို ဗီဒီယိုသရုပ်ပြလေ့ကျင့်ခန်းတွေလည်း ရှိပါတယ်။ လေ့ကျင့်ခန်းအားလုံးက ကျွမ်းကျင်တဲ့ နည်းပြတွေကိုယ်တိုင် ဖန်တီးပေးထားတာဖြစ်လို့ ကိုယ်ပိုင်နည်းပြတစ်ဦးရှိနေသလို အဆင်ပြေပါတယ်။ Android 4.2 နဲ့အထက်မှာ အသုံးပြုနိုင်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————–

(Zawgyi Version)

Stretching Exercises – Flexibility Training

