ဒီတစ်ပတ်မှာတော့ Samsung ရဲ့ J Series စမတ်ဖုန်းတွေဖြစ်တဲ့ Galaxy J4 နဲ့ J6 ကို လေ့လာကြည့်ရအောင်ပါ။ Galaxy J4 နဲ့ J6 Samsung ရဲ့ မူပိုင် Super AMOLED မျက်နှာပြင်နဲ့ တခြားထူးခြားတဲ့ လုပ်ဆောင်ချက်တွေ ဖန်တီးထားတာကြောင့် ကြည်လင်ပြတ်သား၍ စိုပြေတောက်ပသော အရည်အသွေးမြင့် ရုပ်ပုံများကို ကြည့်ရှုနိုင်မှာပါ။ ဖုန်းတွင်းလုပ်ဆောင်ချက်တွေ ကောင်းမွန်စေဖို့အတွက် J6 ကို Exynos 7870 Octa-core 1.6GHz ကို သုံးထားပြီး J4 က Exynos 7570 Quad-core 1.4GHz ကို သုံးပေးထားပါတယ်။ ဖုန်းနှစ်ခုစလုံးမှာ Android version 8.0 (Oreo) ကို အသုံးပြုထားပြီး J6 မှာတော့ Fingerprint Sensor အပြင် မျက်နှာအသိအမှတ်ပြု လုံခြုံရေးစနစ်ဖြင့် Lock ဖွင့်နိုင်မှာဖြစ်ပြီး J4 တွင် Fingerprint Sensor တောင် မပါ၀င်ပါဘူး။ အရောင်အနေနဲ့ အနက်ရောင်၊ ရွှေရောင်နဲ့ ခရမ်းရောင်ဆိုပြီး စတိုင်ကျလှပသော အရောင် 3 မျိုးကို J4 ရော J6 ကိုပါ ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
(1). Design
Samsung Galaxy J4
Galaxy J4 ဟာ 151.7 x 77.2 x 8.1 mm အရွယ်အစားရှိကာ 175g အလေးချိန် ရှိပါတယ်။ Fingerprint Sensor ကို ထည့်သွင်းထားခြင်း မရှိပါဘူး။ အရောင်အနေနဲ့ကတော့ အနက်ရောင်၊ ရွှေရောင်နဲ့ ခရမ်းရောင်ဆိုပြီး အရောင် 3 မျိုးကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
Samsung Galaxy J6
J6 မှာတော့ 149.3 x 70.2 x 8.2 mm အရွယ်အစားရှိကာ 154g အလေးချိန် ရှိပါတယ်။ Fingerprint Sensor ကို အနောက်ဘက်မှာ တပ်ဆင်ပေးထားပြီး မျက်နှာအသိအမှတ်ပြု လုံခြံုရေးစနစ်လည်း ပါ၀င်ပါတယ်။ အနက််၊ ရွှေရောင်နဲ့ ခရမ်းရောင်တို့ကို ရရှိနိုင်ပါတယ်။
(2). Processor
Samsung Galaxy J4
စက်စွမ်းဆောင်ရည်ပိုင်းအတွက် RAM 2GB ပါရှိတဲ့ Galaxy J4 မှာ Exynos 7570 Quad-core Processor ကို သုံးပေးထားပြီး 1.4GHz မြန်နှုန်းရှိ Cortex-A53 ကို သုံးထားပါတယ်။ ဂရပ်ဖစ်က Mail-T720 MP2 ဖြစ်ပါတယ်။
Samsung Galaxy J6
J6 မှာ Exynos 7870 Octa-core Processor ကို သုံးထားပြီး 1.6GHz မြန်နှုန်းရှိ Cortex-A53 ကို သုံးပေးထားပါတယ်။ RAM က 3GB နဲ့ 4GB ပါရှိတဲ့ Version 2 မျိုးကို ထုတ်လုပ်ပေးထားတာ တွေ့ရမှာ ဖြစ်ပါတယ်။
(3). Display
Samsung Galaxy J4
Galaxy J4 ဟာ 5.5 လက်မ Super AMOLED Display နဲ့ 720 x 1280 pixels resolution ရှိပြီး 16:9 ratio ရှိပါတယ်။ Screen-to-body အချိုးဟာ 71.2% ဖြစ်ပြီး pixel density 267 ppi ရှိပါတယ်။ ပုံရိပ်အရည်အသွေးနဲ့ ပတ်သက်လို့ စိတ်ကျေနပ်မှု အပြည့်ရရှိစေမှာပါ။
Samsung Galaxy J6
Galaxy J6 က 5.6 လက်မ Super AMOLED display နဲ့ 720 x 1480 pixels resolution ရှိပြီး 18.5:9 ration ရှိပါတယ်။ J6 တွင် Flagship ဖုန်းများရဲ့ အထင်ကရဖြစ်တဲ့ အဆုံးစမဲ့မျက်နှာပြင်ပါရှိလာပြီး Screen- to-body အချိုးက 75.9% ဖြစ်ပါတယ်။ Pixel density 294 ppi ရှိပါတယ်။
(4). Verdict
Samsung Galaxy J4
J4 မှာ စွမ်းဆောင်ရည်အတွက် RAM 2GB ပါ၀င်ပြီး Storage ကတော့ 16GB ဖြစ်ပါတယ်။ အဓိကကင်မရာ 13MP ဖြစ်ပြီး ရှေ့ကင်မရာက 5MP ပဲ ဖြစ်ပါတယ်။ Android Version အနေနဲ့ 8.0 (Oreo) ကို သုံးပေးထားပြီး ဘက်ထရီက Removable Li-Ion 3000 mAh ပါ၀င်ပါတယ်။
Samsung Galaxy J6
J6 မှာ စွမ်းဆောင်ရည်အတွက် RAM 3GB, Storage 32GB နဲ့ RAM 4GB, Storage 64GB ဆိုပြီး Version 2 မျိုး ထုတ်လုပ်ထားပါတယ်။ အဓိကကင်မရာ 13MP ဖြစ်ပြီး Selfie အတွက် 8MP ကင်မရာ အရှေ့မှာ ပါ၀င်ပါတယ်။ Android Version 8.0 (Oreo) ကို သုံးပေးထားပြီး Non-removable Li-Ion 3000 mAh ဘက်ထရီ ပါ၀င်ပါတယ်။
NetGuide Journal (Every Wednesday)
——————————————————————————————————–
(Zawgyi Version)
Samsung Galaxy J4 VS Samsung Galaxy J6
(1). Design
Samsung Galaxy J4
Samsung Galaxy J6
(2). Processor
Samsung Galaxy J4
Samsung Galaxy J6
(3). Display
Samsung Galaxy J4
Samsung Galaxy J6
(4). Verdict
Samsung Galaxy J4
Samsung Galaxy J6